Android Pie update ျပီးေနာက္မွာ အားအျမန္သြင္းနဲ႕ပတ္သတ္ျပီးအဆင္မေျပတဲ့ 2016 Pixel XL ဖုန္းပိုင္ရွင္မ်ား

0
651

Zawgyi Version

ျပီးခဲ့တဲ့အပတ္ေတြတုန္းက 2016 Pixel XL ဖုန္းပိုင္ရွင္ေတြဟာ Android P ရဲ႕ အားအျမန္သြင္းနဲ႕ပတ္သတ္ျပီး အဆင္မေျပဘူးလို႕ သတင္းေတြထြက္လာခဲ့ပါတယ္။ Android P ဟာ beta အေနနဲ႕သာရွိေသးတာမို႕ bugs ေတြ ရွိေနမွာပါ။ ေနာက္ဆံုး ၉.၀ ထုတ္ျပီးခ်ိန္မွာလည္း အဲဒီအတုိင္းပဲ ျဖစ္ပ်က္ခဲ့ပါတယ္။
သိထားတဲ့အတုိင္းပဲ Pixel ဖုန္းအားလံုးမွာ USB Power Delivery (USB-PD) ကို အားအျမန္သြင္းအတြက္ အသံုးျပဳၾကပါတယ္။ ဒီေတာ့ USB-PD အသိအမွတ္ျပဳတဲ့ plug/cable/computer/battery တုိင္းအတြက္ 5V/3A နဲ႕ သြင္းရမွာပါ။ Android မွာလည္း ‘Charging rapidly’ လို႕ မက္ေဆ့ခ်္ျပေလ့ရွိပါတယ္။ Android P ရဲ႕ ေနာက္ဆံုးဗားရွင္းမွာေတာ့ ‘Charging rapidly’ လို႕ မေပၚေတာ့ပါဘူး။
Google Issue Tracker ေပၚက မူရင္းအစီရင္ခံစာထဲမွာေတာ့ “Won’t Fix (Infeasible)” လို႕ ေရးထားပါတယ္။ ဆိုလိုတာကေတာ့ ဒီအေၾကာင္းအရာကိုေျဖရွင္းဖုိ႕အတြက္ ေျပာင္းလဲမႈေတြလုပ္ေဆာင္မယ့္အရာေတြက မကိုက္ညီေသးပါဘူး။ AOSP မွာ ကိုင္တြယ္လို႕မရတဲ့အေနအထားပါ။ ဒါဟာ
customized device ဒါမွမဟုတ္ ျပင္ပ application ေၾကာင့္ျဖစ္တာမ်ိဳး၊ မွားတင္မိတာမ်ိဳး ျဖစ္ႏုိင္တယ္လို႕ ေျပာထားပါတယ္။


ေနာက္တစ္ခုကေတာ့ ကၽြန္ေတာ့ရဲ႕ Pixel XL charger ေလးက Charging Rapidly လို႕ အခ်ိန္တုိင္းျပေနပါတယ္။ Charging or Charging Slowly လို႕ ျပေနတဲ့သူေတြကလည္း ရွိေနတယ္လို႕ ေျပာထားပါတယ္။ Google chargers / USB C cables ၊ battery backup ၊ Google USB C supplied cable ၊ third party charger နဲ႕ cable ေတြကို အသံုးျပဳထားခဲ့ၾကတာပါ။ အားလံုးဟာ update မတုိင္ခင္အထိ 100% ျပည့္ေအာင္ rapidly လို႕ ေပၚပါတယ္။
Pixel XL မွာ အဲလိုျဖစ္ေနပါတယ္။ အားအျမန္သြင္းက အလုပ္မလုပ္ေတာ့ပါဘူး။ original charger ကို သံုးထားတာပါပဲလို႕ တစ္ေယာက္ကလည္း ေရးသားထားပါတယ္။
ဘာေၾကာင့္ျဖစ္ရသလဲဆိုတာကိုေတာ့ ေျပာမထားပါဘူး။ ျဖစ္ႏုိင္တာကေတာ့ Google က အတြင္းပိုင္းက အားအျမန္သြင္းလို႕စဥ္းစားတဲ့အရာကို နည္းလမ္းေျပာင္းလိုက္တယ္နဲ႕တူပါတယ္။ ဒါမွမဟုတ္ လံုျခံဳမႈတိုးျမွင့္လိုက္တာမ်ားလား။ 5-inch 2016 Pixel ေတြကေတာ့ ဘာမွမျဖစ္ဘူးဆိုေတာ့ ထူးဆန္းမေနဘူးလား။

Unicode Version

ပြီးခဲ့တဲ့အပတ်တွေတုန်းက 2016 Pixel XL ဖုန်းပိုင်ရှင်တွေဟာ Android P ရဲ့ အားအမြန်သွင်းနဲ့ပတ်သတ်ပြီး အဆင်မပြေဘူးလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ Android P ဟာ beta အနေနဲ့သာရှိသေးတာမို့ bugs တွေ ရှိနေမှာပါ။ နောက်ဆုံး ၉.၀ ထုတ်ပြီးချိန်မှာလည်း အဲဒီအတိုင်းပဲ ဖြစ်ပျက်ခဲ့ပါတယ်။
သိထားတဲ့အတိုင်းပဲ Pixel ဖုန်းအားလုံးမှာ USB Power Delivery (USB-PD) ကို အားအမြန်သွင်းအတွက် အသုံးပြုကြပါတယ်။ ဒီတော့ USB-PD အသိအမှတ်ပြုတဲ့ plug/cable/computer/battery တိုင်းအတွက် 5V/3A နဲ့ သွင်းရမှာပါ။ Android မှာလည်း ‘Charging rapidly’ လို့ မက်ဆေ့ချ်ပြလေ့ရှိပါတယ်။ Android P ရဲ့ နောက်ဆုံးဗားရှင်းမှာတော့ ‘Charging rapidly’ လို့ မပေါ်တော့ပါဘူး။
Google Issue Tracker ပေါ်က မူရင်းအစီရင်ခံစာထဲမှာတော့ “Won’t Fix (Infeasible)” လို့ ရေးထားပါတယ်။ ဆိုလိုတာကတော့ ဒီအကြောင်းအရာကိုဖြေရှင်းဖို့အတွက် ပြောင်းလဲမှုတွေလုပ်ဆောင်မယ့်အရာတွေက မကိုက်ညီသေးပါဘူး။ AOSP မှာ ကိုင်တွယ်လို့မရတဲ့အနေအထားပါ။ ဒါဟာ
customized device ဒါမှမဟုတ် ပြင်ပ application ကြောင့်ဖြစ်တာမျိုး၊ မှားတင်မိတာမျိုး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။


နောက်တစ်ခုကတော့ ကျွန်တော့ရဲ့ Pixel XL charger လေးက Charging Rapidly လို့ အချိန်တိုင်းပြနေပါတယ်။ Charging or Charging Slowly လို့ ပြနေတဲ့သူတွေကလည်း ရှိနေတယ်လို့ ပြောထားပါတယ်။ Google chargers / USB C cables ၊ battery backup ၊ Google USB C supplied cable ၊ third party charger နဲ့ cable တွေကို အသုံးပြုထားခဲ့ကြတာပါ။ အားလုံးဟာ update မတိုင်ခင်အထိ 100% ပြည့်အောင် rapidly လို့ ပေါ်ပါတယ်။
Pixel XL မှာ အဲလိုဖြစ်နေပါတယ်။ အားအမြန်သွင်းက အလုပ်မလုပ်တော့ပါဘူး။ original charger ကို သုံးထားတာပါပဲလို့ တစ်ယောက်ကလည်း ရေးသားထားပါတယ်။
ဘာကြောင့်ဖြစ်ရသလဲဆိုတာကိုတော့ ပြောမထားပါဘူး။ ဖြစ်နိုင်တာကတော့ Google က အတွင်းပိုင်းက အားအမြန်သွင်းလို့စဉ်းစားတဲ့အရာကို နည်းလမ်းပြောင်းလိုက်တယ်နဲ့တူပါတယ်။ ဒါမှမဟုတ် လုံခြုံမှုတိုးမြှင့်လိုက်တာများလား။ 5-inch 2016 Pixel တွေကတော့ ဘာမှမဖြစ်ဘူးဆိုတော့ ထူးဆန်းမနေဘူးလား။

Leave a Reply