Android 9.0 Pie မွာ notification နဲ႕ပတ္သတ္ျပီးအသစ္အဆန္းမ်ားအေၾကာင္း

0
1357

Zawgyi Version

Android 9.0 Pie ကလည္း အသစ္ထြက္လာျပီဆိုေတာ့ feature အသစ္နဲ႕ update အသစ္ေတြထည့္သြင္းေပးလိုက္လို႕ သင့္ရဲ႕ Android ခံစားမႈကို ေျပာင္းလဲသြားေစႏုိင္ပါတယ္။ Google က notification နဲ႕ပတ္သတ္ျပီးေတာ့ အေတာ္မ်ားမ်ားေျပာင္းလဲလုိက္ပါတယ္။ လုပ္ေဆာင္ခ်က္အေတာ္မ်ားမ်ားလည္း ပါ၀င္လာတာကို ေတြ႕ျမင္ရပါတယ္။
Android 9.0 Pie မွာ ဘာေတြမ်ားေျပာင္းလဲသြားသလဲဆိုတာမ်ိဳး သိခ်င္ေနလား။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕သိထားတဲ့အေၾကာင္းအရာေတြကို ျပန္လည္ေ၀မွ်ေပးလိုက္ပါတယ္။
NOTIFICATIONS SHADE ေျပာင္းလဲျခင္း

notifications android 9 0 pie p 1
feature အသစ္ေတြကိုမသြားခင္မွာ အျမင္ပိုင္းေျပာင္းလဲမႈေလးေတြကို အရင္ေျပာလိုက္ရေအာင္လားဗ်ာ။ နည္းနည္းေလးေျပာခ်င္ပါတယ္။ Android 9.0 Pie ကို ေရာက္တဲ့အခါမွာ notifications shade ေလးက card ဆန္္ဆန္ျဖစ္လာျပီးေတာ့ notification တစ္ခုခ်င္းစီတုိင္းအတြက္ အပိုင္းတစ္ခုစီထည့္သြင္းထားျပီးေတာ့ ေထာင့္ေလးေတြလည္း လံုး၀န္းထားပါတယ္။
task bar ေပၚက notification icon ကိုလည္း ေလးခုေလာက္အထိ ေလွ်ာ့ခ်ထားပါတယ္။ quick settings မွာလည္း အေရာင္အေသြးေတြ ပိုမ်ားလာပါတယ္။ “manage notifications” ဆိုတဲ့ခလုတ္ေလးလည္း ပါ၀င္လာပါတယ္။
ရလာတဲ့ NOTIFICATIONS ကို ျပင္ဆင္ျခင္း

notifications android 9 0 pie p 4
Android 9.0 Pie ကေတာ့ ရလာတဲ့ notifications အမ်ိဳးအစားေတြကို ျပင္ဆင္စီမံႏုိင္ေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ လြယ္ကူေအာင္လည္း လုပ္ေပးထားပါတယ္။ ဘယ္လို app မ်ိဳးက သင့္ကို notifications ပို႕လို႕ရမလဲဆိုတာကအစ ခ်ိန္ႏုိင္မွာပါ။ အသံုး၀င္တဲ့ feature ေလးျဖစ္ျပီး အသံုးျပဳႏုိင္တဲ့ နည္းလမ္းေလးေတြလည္း ရွိေနပါေသးတယ္။
စစခ်င္းအေနနဲ႕ notifications အခ်ိဳ႕ကိုပိတ္ထားလို႕ရပါတယ္။ notification တစ္ခုထြက္လာျပီးေတာ့ အေရးမပါဘူးလို႕ ခံစားရတယ္ဆုိရင္ notification ကို ဖိထားျပီးေတာ့ i ပံုစံေလးကို ႏွိပ္လုိက္ပါ။ ဒါဆိုရင္ေတာ့ app ရဲ႕ setting ထဲကို ေရာက္သြားမွာပါ။ Notifications ကို ႏွိပ္လုိက္တာနဲ႕ app ကေနပို႕မယ့္ notifications ေပါင္းမ်ားစြာကိုေတြ႕ျမင္ရမွာပါ။ တစ္ခုခ်င္းစီတုိင္းမွာလည္း အမွန္ျခစ္ေလးေတြရွိပါတယ္။ လြယ္ခ်င္တယ္ဆိုရင္ေတာ့ အကုန္လံုးကို အမွန္ျခစ္ျဖဳတ္ျပီးေတာ့ လုိအပ္တာေလးကိုပဲ အမွန္ျခစ္ထည့္လုိက္ပါ။
အခ်ိန္ေတြၾကာလာတာနဲ႕အမွ် notifications ေလးေတြကို ျပင္ဆင္လုိက္ျခင္းက ဘယ္ေလာက္ေတာင္ အေရးပါသလဲဆိုတာကို သိလာမွာပါ။
SMART REPLIES

google smart reply messaging apps 1
ေနာက္တစ္ခုကေတာ့ Smart Replies လို႕ေခၚတဲ့ ရလာတဲ့မက္ေဆ့ခ်္ေတြကို အလုိေလ်ာက္ျပန္ေပးသြားမယ့္ feature ေလးျဖစ္ပါတယ္။ app တစ္ခုကေန မက္ေဆ့ခ်္ေရာက္လာျပီဆိုရင္ ပို႕ႏုိင္တဲ့ မက္ေဆ့ခ်္ေလးေတြကို ျမင္ရမွာပါ။ ျပီးေတာ့မွ သင့္စိတ္ၾကိဳက္စာသားေလးေတြကို ရုိက္ေနစရာမလိုအပ္ဘဲ အသင့္ျပန္လုိက္ရံုပါပဲ။ Smart Replies ဟာ app အနည္းငယ္အတြက္သာ အလုပ္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ က်ယ္ျပန္႕လာႏိုင္ပါတယ္။
DO NOT DISTURB
Do Not Disturb ကေတာ့ Android ရဲ႕ ေနာက္ဆံုးဗားရွင္းကို ထပ္ျပီးေတာ့ ျပင္ဆင္ထားပါတယ္။ Android 9.0 Pie ကေတာ့ Do Not Disturb ကို ကိုယ္တုိင္ျပင္ဆင္ႏုိင္မွာပါ။ ဒီလိုလုပ္ဖုိ႕အတြက္ဆိုရင္ေတာ့ quick settings ကေန Do Not Disturb icon ေလးကို ဖိထားလိုက္ပါ။ အဲဒီေနာက္မွာေတာ့ Behavior, Exceptions နဲ႕ Schedule ဆိုျပီးေတာ့ ေတြ႕ျမင္ရမွာပါ။
Behavior ဆိုတာကေတာ့ Do Not Disturb က လုပ္ထားတဲ့အရာေလးေတြကို ျပန္လည္ျဖည္လို႕ရပါတယ္။ မ်ားေသာအားျဖင့္ alarm နဲ႕ အဆက္မျပတ္ဖုန္းေခၚဆိုမႈေတြေတာ့ ျဖည္လို႕မရပါဘူး။
Exceptions ကေတာ့ whitelist contacts ဒါမွမဟုတ္ ဖုန္းေခၚဆုိမႈေတြအျပင္ reminders နဲ႕ events ေတြကိုလည္း ျဖည္ထားလို႕ရပါတယ္။ Schedule ကေတာ့ Do Not Disturb ကို အခ်ိန္တစ္ခုအတြင္းမွာ ပြင့္ေအာင္ လုပ္ေပးနုိင္ပါတယ္။

Unicode Version

Android 9.0 Pie ကလည်း အသစ်ထွက်လာပြီဆိုတော့ feature အသစ်နဲ့ update အသစ်တွေထည့်သွင်းပေးလိုက်လို့ သင့်ရဲ့ Android ခံစားမှုကို ပြောင်းလဲသွားစေနိုင်ပါတယ်။ Google က notification နဲ့ပတ်သတ်ပြီးတော့ အတော်များများပြောင်းလဲလိုက်ပါတယ်။ လုပ်ဆောင်ချက်အတော်များများလည်း ပါဝင်လာတာကို တွေ့မြင်ရပါတယ်။
Android 9.0 Pie မှာ ဘာတွေများပြောင်းလဲသွားသလဲဆိုတာမျိုး သိချင်နေလား။ ဒါကြောင့် ကျွန်တော်တို့သိထားတဲ့အကြောင်းအရာတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
NOTIFICATIONS SHADE ပြောင်းလဲခြင်း
feature အသစ်တွေကိုမသွားခင်မှာ အမြင်ပိုင်းပြောင်းလဲမှုလေးတွေကို အရင်ပြောလိုက်ရအောင်လားဗျာ။ နည်းနည်းလေးပြောချင်ပါတယ်။ Android 9.0 Pie ကို ရောက်တဲ့အခါမှာ notifications shade လေးက card ဆန်ဆန်ဖြစ်လာပြီးတော့ notification တစ်ခုချင်းစီတိုင်းအတွက် အပိုင်းတစ်ခုစီထည့်သွင်းထားပြီးတော့ ထောင့်လေးတွေလည်း လုံးဝန်းထားပါတယ်။
task bar ပေါ်က notification icon ကိုလည်း လေးခုလောက်အထိ လျှော့ချထားပါတယ်။ quick settings မှာလည်း အရောင်အသွေးတွေ ပိုများလာပါတယ်။ “manage notifications” ဆိုတဲ့ခလုတ်လေးလည်း ပါဝင်လာပါတယ်။
ရလာတဲ့ NOTIFICATIONS ကို ပြင်ဆင်ခြင်း
Android 9.0 Pie ကတော့ ရလာတဲ့ notifications အမျိုးအစားတွေကို ပြင်ဆင်စီမံနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ လွယ်ကူအောင်လည်း လုပ်ပေးထားပါတယ်။ ဘယ်လို app မျိုးက သင့်ကို notifications ပို့လို့ရမလဲဆိုတာကအစ ချိန်နိုင်မှာပါ။ အသုံးဝင်တဲ့ feature လေးဖြစ်ပြီး အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေလည်း ရှိနေပါသေးတယ်။
စစချင်းအနေနဲ့ notifications အချို့ကိုပိတ်ထားလို့ရပါတယ်။ notification တစ်ခုထွက်လာပြီးတော့ အရေးမပါဘူးလို့ ခံစားရတယ်ဆိုရင် notification ကို ဖိထားပြီးတော့ i ပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ app ရဲ့ setting ထဲကို ရောက်သွားမှာပါ။ Notifications ကို နှိပ်လိုက်တာနဲ့ app ကနေပို့မယ့် notifications ပေါင်းများစွာကိုတွေ့မြင်ရမှာပါ။ တစ်ခုချင်းစီတိုင်းမှာလည်း အမှန်ခြစ်လေးတွေရှိပါတယ်။ လွယ်ချင်တယ်ဆိုရင်တော့ အကုန်လုံးကို အမှန်ခြစ်ဖြုတ်ပြီးတော့ လိုအပ်တာလေးကိုပဲ အမှန်ခြစ်ထည့်လိုက်ပါ။
အချိန်တွေကြာလာတာနဲ့အမျှ notifications လေးတွေကို ပြင်ဆင်လိုက်ခြင်းက ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို သိလာမှာပါ။
SMART REPLIES
နောက်တစ်ခုကတော့ Smart Replies လို့ခေါ်တဲ့ ရလာတဲ့မက်ဆေ့ချ်တွေကို အလိုလျောက်ပြန်ပေးသွားမယ့် feature လေးဖြစ်ပါတယ်။ app တစ်ခုကနေ မက်ဆေ့ချ်ရောက်လာပြီဆိုရင် ပို့နိုင်တဲ့ မက်ဆေ့ချ်လေးတွေကို မြင်ရမှာပါ။ ပြီးတော့မှ သင့်စိတ်ကြိုက်စာသားလေးတွေကို ရိုက်နေစရာမလိုအပ်ဘဲ အသင့်ပြန်လိုက်ရုံပါပဲ။ Smart Replies ဟာ app အနည်းငယ်အတွက်သာ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ကျယ်ပြန့်လာနိုင်ပါတယ်။
DO NOT DISTURB
Do Not Disturb ကတော့ Android ရဲ့ နောက်ဆုံးဗားရှင်းကို ထပ်ပြီးတော့ ပြင်ဆင်ထားပါတယ်။ Android 9.0 Pie ကတော့ Do Not Disturb ကို ကိုယ်တိုင်ပြင်ဆင်နိုင်မှာပါ။ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ quick settings ကနေ Do Not Disturb icon လေးကို ဖိထားလိုက်ပါ။ အဲဒီနောက်မှာတော့ Behavior, Exceptions နဲ့ Schedule ဆိုပြီးတော့ တွေ့မြင်ရမှာပါ။
Behavior ဆိုတာကတော့ Do Not Disturb က လုပ်ထားတဲ့အရာလေးတွေကို ပြန်လည်ဖြည်လို့ရပါတယ်။ များသောအားဖြင့် alarm နဲ့ အဆက်မပြတ်ဖုန်းခေါ်ဆိုမှုတွေတော့ ဖြည်လို့မရပါဘူး။
Exceptions ကတော့ whitelist contacts ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုတွေအပြင် reminders နဲ့ events တွေကိုလည်း ဖြည်ထားလို့ရပါတယ်။ Schedule ကတော့ Do Not Disturb ကို အချိန်တစ်ခုအတွင်းမှာ ပွင့်အောင် လုပ်ပေးနိုင်ပါတယ်။

Leave a Reply