စက္တင္ဘာလတြင္ Android 9.0 Pie ရမယ့္ Sony ရဲ႕ စမတ္ဖုန္း ၆ လံုး

0
934

Google က မၾကာခင္က Android 9.0 Pie ကို သူ႔ရဲ႕ Pixel Device မ်ားမွာ စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Essential Phone မ်ားမွာ သူ႔ကို ရရွိခဲ့ပါတယ္။ အျခား စမတ္ဖုန္ုး ထုတ္လုပ္သူမ်ားကလည္း သူတို႔ရဲ႕ စမတ္ဖုန္းမ်ားမွာ OS Update ကို ထည့္သြင္းေပးမယ့္ အခ်ိန္မ်ားကို ေၾကညာေနၾကပါတယ္။ အခုလည္း Sony က စက္တင္ဘာလ အေစာပိုင္းမွာ OTA Update ျဖင့္ Android Pie ကို သူ႔ရဲ႕ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။

အဲဒီ စမတ္ဖုန္းမ်ားကေတာ့ Xperia XZ2, Xperia XZ2 Compact, Xperia XZ2 Premium, Xperia XZ1, Xperia XZ1 Compact နဲ႔ Xperia XZ Premium တု႔ိ ျဖစ္ပါတယ္။ စက္တင္ဘာလနဲ႔ ႏို၀င္ဘာလမ်ားအတြင္းမွာ ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။

Google ရဲ႕ Beta Program မွာ ပါ၀င္ထားတဲ့ ဖုန္းကုမၸဏီမ်ားရဲ႕ ဖုန္းမ်ားတြင္ ယခုႏွစ္ေႏွာင္းပိုင္းမွာ Update ကို ရရွိမွာပါ။ Android Pie ဟာ ဂူဂယ္လ္ရဲ႕ ၉ ခုေျမာက္ OS ျဖစ္ပါတယ္။ သူ႔မွာ လုပ္ေဆာင္ခ်က္ အသစ္မ်ားစြာ ပါလာၿပီး သင့္ဖုန္း စမတ္ ပိုက်လာဖုိ႔ Machine Learning ကို သံုးထားပါတယ္။

အသစ္ထုတ္ေပးလိုက္တဲ့ Android 9 Pie ဟာပိုမိုစမတ္က်တဲ့ UI အျပင္အဆင္နဲ႔အတူ ေလ့လာသင္ယူႏိုင္စြမ္းမွာ ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ Android P မွာ သုံးစြဲသူအေနနဲ႔ဖုန္းကို ဘယ္လို အသုံးျပဳေနလဲဆိုတာကို ျပသေပးမယ့္ Dashboard တစ္ခုအျပင္ “Do not Disturb” Feature ကို အဆင့္ျမႇင့္တင္ထားတဲ့ Wind Down ကိုလည္း ထည့္သြင္းေပးထားပါတယ္။

unicode

စက်တင်ဘာလတွင် Android 9.0 Pie ရမယ့် Sony ရဲ့ စမတ်ဖုန်း ၆ လုံး

Google က မကြာခင်က Android 9.0 Pie ကို သူ့ရဲ့ Pixel Device များမှာ စတင် ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Essential Phone များမှာ သူ့ကို ရရှိခဲ့ပါတယ်။ အခြား စမတ်ဖုန်ုး ထုတ်လုပ်သူများကလည်း သူတို့ရဲ့ စမတ်ဖုန်းများမှာ OS Update ကို ထည့်သွင်းပေးမယ့် အချိန်များကို ကြေညာနေကြပါတယ်။ အခုလည်း Sony က စက်တင်ဘာလ အစောပိုင်းမှာ OTA Update ဖြင့် Android Pie ကို သူ့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ စမတ်ဖုန်းများကတော့ Xperia XZ2, Xperia XZ2 Compact, Xperia XZ2 Premium, Xperia XZ1, Xperia XZ1 Compact နဲ့ Xperia XZ Premium တု့ိ ဖြစ်ပါတယ်။ စက်တင်ဘာလနဲ့ နိုဝင်ဘာလများအတွင်းမှာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

Google ရဲ့ Beta Program မှာ ပါဝင်ထားတဲ့ ဖုန်းကုမ္ပဏီများရဲ့ ဖုန်းများတွင် ယခုနှစ်နှောင်းပိုင်းမှာ Update ကို ရရှိမှာပါ။ Android Pie ဟာ ဂူဂယ်လ်ရဲ့ ၉ ခုမြောက် OS ဖြစ်ပါတယ်။ သူ့မှာ လုပ်ဆောင်ချက် အသစ်များစွာ ပါလာပြီး သင့်ဖုန်း စမတ် ပိုကျလာဖို့ Machine Learning ကို သုံးထားပါတယ်။

အသစ်ထုတ်ပေးလိုက်တဲ့ Android 9 Pie ဟာပိုမိုစမတ်ကျတဲ့ UI အပြင်အဆင်နဲ့အတူ လေ့လာသင်ယူနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Android P မှာ သုံးစွဲသူအနေနဲ့ဖုန်းကို ဘယ်လို အသုံးပြုနေလဲဆိုတာကို ပြသပေးမယ့် Dashboard တစ်ခုအပြင် “Do not Disturb” Feature ကို အဆင့်မြှင့်တင်ထားတဲ့ Wind Down ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Leave a Reply