Fortnite ဂိမ်းကို ဘာကြောင့် တခြား Android ဖုန်းတွေမှာ ဆော့လိုမရတာလဲ ?

0
1464


fortnite battle royale


1. Try playing on a different device.


3. Once the game starts, wait until the final seconds to jump out of the flying bus.


unicode

Fortnite ဂိမ်းကို Samsung နဲ့ အခြားAndroid ဖုန်းတွေမှာ ဘီတာအနေနဲ့ ဆော့ကစားလို့ရပြီး အခြားဖုန်းတွေမှာ support မလုပ်တာလည်းဆိုရင် သူ့မှာသတ်မှတ်ချက်တွေ ရှိနေပါတယ်။ အဲ့ဒါကတော့ OS ပိုင်းမှာဆိုရင်  64 bit Android, 5.0 (သို့)  သူ့ထက်အမြင့်လိုပါတယ်၊ RAM ပိုင်းမှာတော့ 3GB (သို့) သူ့ထက်အမြင့်နဲ့ GPU ပိုင်းမှာဆိုရင် Adreno 530 (သို့) higher, Mali-G71 MP20, Mali-G72 MP12 (သို့) higher လိုအပ်ပါလိမ့်မယ်။ အဲ့လိုမဟုတ်ပဲ အခမဲ့ပေးထားတဲ့ လင့်တွေကဒေါင်းပြီး ဖုန်းမှာထည့်သွင်းလိုက်မယ်ဆိုရင် အဲ့ဒီဖုန်းမှာ GPU ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိတယ်ဆိုပြီး Device Note Supported ဆိုတဲ့အသိပေးချက် ပြပေးမှာ ဖြစ်ပါတယ်။

EPIC GAMES ရဲ့  FORTNITE ကို sign-up ပြုလုပ်နိုင်မယ့် Android စမတ်ဖုန်းတွေကတော့ Samsung ဖုန်းတွေမှာ သီးသန့်ရရှိမှာဖြစ်တဲ့ Galaxy S7 / S7 Edge , S8 / S8+, S9 / S9+, Note 8, Note 9, Tab S3, Tab S4 ၊  Google ဖုန်းတွေထဲမှာ Pixel / Pixel XL, Pixel 2 / Pixel 2 XL ၊ Asus ဖုန်းတွေမှာတော့ ROG Phone, Zenfone 4 Pro, 5Z, V ၊ Essential PH-1 ၊Huawei ဖုန်းတွေထဲမှာတော့ Honor 10, Honor Play, Mate 10 / Pro, Mate RS, Nova 3, P20 / Pro, V10 ၊ LG ဖုန်းတွေထဲမှာတော့  G5, G6, G7 ThinQ, V20, V30 / V30+ ၊ Nokia ဖုန်းတွေထဲမှာတော့ Nokia 8 တစ်မျိုးသာပါဝင်ပါတယ်။

OnePlus ဖုန်းတွေထဲမှာတော့ OnePlus  5 / 5T, 6 တို့ဖြစ်ပြီး Razer ရဲ့  Razer Phone လည်းပါဝင်လာပါတယ်။ ZTE စမတ်ဖုန်းတွေထဲမှာတော့ Axon 7 / 7s, Axon M, Nubia / Z17 / Z17s, Nubia Z11  နဲ့အတူ Xiaomi ဖုန်းတွေထဲမှာတော့ Blackshark, Mi 5 / 5S / 5S Plus, 6 / 6 Plus, Mi 8 / 8 Explorer / 8SE, Mi Mix, Mi Mix 2, Mi Mix 2S, Mi Note 2 အထိပါဝင်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ EPIC အနေနဲ့ RAM အနိမ့် Device တွေအတွက် Lite ဗားရှင်းကို ထုတ်ပေးနိုင်ပါတယ်။ ဒါမှသာ ဂိမ်းဈေးကွက်ပိုင်းမှာ သုံးစွဲသူ ပိုမိုရရှိစေမှာပါ။ PUBG တောင်မှ device အနိမ့်တွေအတွက် PUBG Lite ဗားရှင်းကို ထုတ်ပေးလာပြီ ဖြစ်တာကြောင့် Fortnite ဂိမ်းကိုဆော့ကစားချင်သူတွေအတွက်လည်း မျှော်လင့်လို့ ရတဲ့ အခြေအနေမှာ ရှိပါတယ်။

Leave a Reply