Samsung ရဲ႕ ေနာက္ဆံုးထြက္ဖုန္းထက္ အသစ္ထြက္ရွိမယ့္ iPhone ကို စိတ္၀င္စားသူပိုမ်ား

0
1068

Zawgyi version

Galaxy Note 9 ကေတာ့ ဒီ ၁ ရက္ ၂ ရက္အတြင္းမွာပဲ ထြက္ရွိထားတာျဖစ္ပါတယ္။ စစ္တမ္းေကာက္ခ်က္အရ Note 9 ထက္ ေနာက္အသစ္ထြက္မယ့္ iPhone ကိုပိုျပီးစိတ္၀င္စားေနတဲ့သူေတြက ပိုမ်ားပါတယ္။ လူူအေယာက္ ၁၅၅၁ ေယာက္ကို စစ္တမ္းေကာက္ၾကည့္ရာမွာ အသစ္ထြက္ရွိမယ့္ the “iPhone 9/iPhone 11/iPhone XI/iPhone SE 2” ကိုပိုျပီး စိတ္၀င္စားၾကပါတယ္။

၄၂% က ေနာက္လမွာ ထြက္ရွိမယ့္ iPhone အသစ္ကိုစိတ္၀င္စားၾကျပီး ၂၄% ကပဲ  Galaxy Note 9 ကိုေစာင့္ေမွ်ာ္ၾကတာပါတဲ့။ ၇% ကေတာ့ Google Pixel 3 ကိုစိတ္၀င္စားၾကျပီး ၄% က LG V40 ကိုစိတ္၀င္စားၾကပါတယ္။ ၂%က OnePlus 6T ကိုေစာင့္ေမွ်ာ္ေနၾကျပီး ၆% ကေတာ့ တစ္ျခားဖုန္းေတြကို စိတ္၀င္စားတာပါတဲ့။ က်န္တဲ့ ၁၁%ကေတာ့ ခပ္ရွင္းရွင္းပါပဲ ။ ဘာမွကိုစိတ္မ၀င္စားတာပါတဲ့။

ဒါေပမယ့္ အဲ့ထဲကမွ ၇၆% ေလာက္က လက္ရွိမွာ Samsung ဖုန္းကိုအသံုးျပဳေနတာပဲ ျဖစ္ပါတယ္။ ၈% ေလာက္ကေတာ့ iPhone ကိုအသံုးျပဳၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ iPhone ကေတာ့ စိတ္၀င္စားဆံုး စမတ္ဖုန္း စာရင္းမွာ ထိပ္ဆံုးကပါပဲ။

Unicode version

Samsung ရဲ့ နောက်ဆုံးထွက်ဖုန်းထက် အသစ်ထွက်ရှိမယ့် iPhone ကို စိတ်ဝင်စားသူပိုများ

Galaxy Note 9 ကတော့ ဒီ ၁ ရက် ၂ ရက်အတွင်းမှာပဲ ထွက်ရှိထားတာဖြစ်ပါတယ်။ စစ်တမ်းကောက်ချက်အရ Note 9 ထက် နောက်အသစ်ထွက်မယ့် iPhone ကိုပိုပြီးစိတ်ဝင်စားနေတဲ့သူတွေက ပိုများပါတယ်။
လူူအယောက် ၁၅၅၁ ယောက်ကို စစ်တမ်းကောက်ကြည့်ရာမှာ အသစ်ထွက်ရှိမယ့် the “iPhone 9/iPhone 11/iPhone XI/iPhone SE 2” ကိုပိုပြီး စိတ်ဝင်စားကြပါတယ်။
၄၂% က နောက်လမှာ ထွက်ရှိမယ့် iPhone အသစ်ကိုစိတ်ဝင်စားကြပြီး ၂၄% ကပဲ Galaxy Note 9 ကိုစောင့်မျှော်ကြတာပါတဲ့။ ၇% ကတော့ Google Pixel 3 ကိုစိတ်ဝင်စားကြပြီး ၄% က LG V40 ကိုစိတ်ဝင်စားကြပါတယ်။ ၂%က OnePlus 6T ကိုစောင့်မျှော်နေကြပြီး ၆% ကတော့ တစ်ခြားဖုန်းတွေကို စိတ်ဝင်စားတာပါတဲ့။ ကျန်တဲ့ ၁၁%ကတော့ ခပ်ရှင်းရှင်းပါပဲ ။ ဘာမှကိုစိတ်မဝင်စားတာပါတဲ့။

ဒါပေမယ့် အဲ့ထဲကမှ ၇၆% လောက်က လက်ရှိမှာ Samsung ဖုန်းကိုအသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ၈% လောက်ကတော့ iPhone ကိုအသုံးပြုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် iPhone ကတော့ စိတ်ဝင်စားဆုံး စမတ်ဖုန်း စာရင်းမှာ ထိပ်ဆုံးကပါပဲ။

Leave a Reply