Galaxy Note 9 က iPhone X ထက္ သာေၾကာင္း ေၾကာ္ညာ ဗီဒီယိုမ်ားျဖင့္ ေလွာင္ေျပာလိုက္တဲ့ Samsung

0
1822

Samsung က Ingenius Video Series မ်ားျဖင့္ Apple ကို ေလွာင္ေျပာင္တိုက္ခိုက္ေနပါတယ္။ အခုလည္း မၾကာခင္က ေၾကညာခဲ့တဲ့ Galaxy Note 9 က iPhone X ထက္ သာေၾကာင္း ေၾကာ္ညာ ဗီဒီယိုမ်ားျဖင့္ သေရာ္လိုက္ပါတယ္။ ဗီဒီယို ႏွစ္ခုျဖစ္ၿပီး Power အမည္ရ ဗီဒီယိုမွာ Note 9 ဟာ iPhone X ထက္ စြမ္းရည္အပိုင္းမွာ ပိုသာေၾကာင္း ျပသထားပါတယ္။ Note 9 ဟာ Benchmarks မ်ားစြာမွာ iPhone X ရဲ႕ စြမ္းရည္ထက္ သာလြန္တယ္ဆိုတာကုိ လူတစ္ဦးက Apple Store မွ ၀န္ထမ္းအား ေျပာေနတာကို ျပသထားပါတယ္။

Pen အမည္ရ ဗီဒီယိုမွာ အမ်ိဳးသမီး တစ္ဦးက Apple Store မွ ၀န္ထမ္းအား Apple Pencil ဟာ အိုင္ပတ္မွာသာ အလုပ္လုပ္ေၾကာင္း ေျပာေနတာကို ျပသထားပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ လကလည္း Galaxy S9/S9+ Phone မ်ားဟာ iPhone X ထက္ ေကာင္းေၾကာင္းကို ဗီဒီယို သံုးခုနဲ႔ ႏွိပ္ကြပ္ခဲ့ပါတယ္။ iPhone X ရဲ႕ Notch ၊ SD Card Slot မပါျခင္းနဲ႔ Split-Screen Multitasking မျပဳလုပ္ႏိုင္ျခင္းမ်ားကို ေလွာင္ေျပာင္ထားပါတယ္။

Apple ဟာ iPhone X မွာ Notch ကို စတင္ ထည့္သြင္းေပးခဲ့ၿပီးေနာက္ Android Phone မ်ားစြာမွာလည္း တုပျပဳလုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ Samsung ကေတာ့ Notch ရဲ႕ အားနည္းခ်က္ကို ေထာက္ျပထားပါတယ္။ ဗီဒီယိုမွာ Notch ဟာ ရုပ္ရွင္ၾကည့္တဲ့အခါမွာ စကရင္ကို ဖံုးကြယ္ထားတာကို ျပသထားပါတယ္။

ေနာက္ဗီဒီယိုတစ္ခုမွာ iPhone X ရဲ႕ microSD Card Slot မပါျခင္းကို ေလွာင္ေျပာင္ထားပါတယ္။ ဗီဒီယိုမွာ ေစ်း၀ယ္သူတစ္ဦးက iPhone မွာ microSD Card Slot မေတြ႕ဘူးလို႔ Apple ၀န္ထမ္းအား ေျပာေနပါတယ္။ ၀န္ထမ္းက အိုင္ဖုန္းမွာ အဲဒါ မပါဘူးလို႔ ေျပာပါတယ္။ ေစ်း၀ယ္သူက Galaxy S9 မွာ ပါတယ္လို႔ တုန္႔ျပန္လိုက္ပါတယ္။

unicode

Galaxy Note 9 က iPhone X ထက် သာကြောင်း ကြော်ညာ ဗီဒီယိုများဖြင့် လှောင်ပြောလိုက်တဲ့ Samsung

Samsung က Ingenius Video Series များဖြင့် Apple ကို လှောင်ပြောင်တိုက်ခိုက်နေပါတယ်။ အခုလည်း မကြာခင်က ကြေညာခဲ့တဲ့ Galaxy Note 9 က iPhone X ထက် သာကြောင်း ကြော်ညာ ဗီဒီယိုများဖြင့် သရော်လိုက်ပါတယ်။ ဗီဒီယို နှစ်ခုဖြစ်ပြီး Power အမည်ရ ဗီဒီယိုမှာ Note 9 ဟာ iPhone X ထက် စွမ်းရည်အပိုင်းမှာ ပိုသာကြောင်း ပြသထားပါတယ်။ Note 9 ဟာ Benchmarks များစွာမှာ iPhone X ရဲ့ စွမ်းရည်ထက် သာလွန်တယ်ဆိုတာကို လူတစ်ဦးက Apple Store မှ ဝန်ထမ်းအား ပြောနေတာကို ပြသထားပါတယ်။

Pen အမည်ရ ဗီဒီယိုမှာ အမျိုးသမီး တစ်ဦးက Apple Store မှ ဝန်ထမ်းအား Apple Pencil ဟာ အိုင်ပတ်မှာသာ အလုပ်လုပ်ကြောင်း ပြောနေတာကို ပြသထားပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ လကလည်း Galaxy S9/S9+ Phone များဟာ iPhone X ထက် ကောင်းကြောင်းကို ဗီဒီယို သုံးခုနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။ iPhone X ရဲ့ Notch ၊ SD Card Slot မပါခြင်းနဲ့ Split-Screen Multitasking မပြုလုပ်နိုင်ခြင်းများကို လှောင်ပြောင်ထားပါတယ်။

Apple ဟာ iPhone X မှာ Notch ကို စတင် ထည့်သွင်းပေးခဲ့ပြီးနောက် Android Phone များစွာမှာလည်း တုပပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် Samsung ကတော့ Notch ရဲ့ အားနည်းချက်ကို ထောက်ပြထားပါတယ်။ ဗီဒီယိုမှာ Notch ဟာ ရုပ်ရှင်ကြည့်တဲ့အခါမှာ စကရင်ကို ဖုံးကွယ်ထားတာကို ပြသထားပါတယ်။

နောက်ဗီဒီယိုတစ်ခုမှာ iPhone X ရဲ့ microSD Card Slot မပါခြင်းကို လှောင်ပြောင်ထားပါတယ်။ ဗီဒီယိုမှာ ဈေးဝယ်သူတစ်ဦးက iPhone မှာ microSD Card Slot မတွေ့ဘူးလို့ Apple ဝန်ထမ်းအား ပြောနေပါတယ်။ ဝန်ထမ်းက အိုင်ဖုန်းမှာ အဲဒါ မပါဘူးလို့ ပြောပါတယ်။ ဈေးဝယ်သူက Galaxy S9 မှာ ပါတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

Leave a Reply