Galaxy Note 9 ကို ေလွာင္ေျပာင္လိုက္တဲ့ Huawei

0
2031

ဒီရက္ပိုင္းမွာေတာ့ Galaxy Note 9 ရဲ႕ အေၾကာင္းမ်ားကို အံုးအံုးၾကြပ္ၾကြပ္ ေျပာေနၾကပါတယ္။ ဟြာေ၀းကလည္း Unpacked Event ကို ေသခ်ာေပါက္ၾကည့္ခဲ့မွာပါ။ အခုေတာ့ ဟြာေ၀းက Note 9 မွာ သိသာထင္ရွားတဲ့ တိုးတက္မႈနဲ႔ တီထြင္ဖန္တီးမႈမ်ား မရွိဘူးလို႔ သေဘာသက္ေရာက္တဲ့ ပို႔စ္တစ္ခုကို တြစ္တာမွာ တင္လိုက္ပါတယ္။

ပို႔စ္မွာ “ Huawei P20 Pro ဟာ ယခင္မ်ိဳးဆက္ထက္ အလြန္တိုးတက္ေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။ 40MP ပါတဲ့ ကင္မရာ သံုးလံုး၊ 5x Zoom အျပင္ အျခား အစိ္တ္အပိုင္းမ်ားကို တကယ့္ကို အဆင့္ျမွင့္ထားတာပါ။ ေနာက္မ်ိဳးဆက္မ်ားမွာလည္း ဘယ္ေလာက္တိုးတက္လာမလဲ စဥ္းစားၾကည့္ပါ။ “ လို႔ ေရးသားထားပါတယ္။

ဟြာေ၀းက ဆမ္ေဆာင္းနဲ႔ Note 9 အမည္ကို ေရးသားထားျခင္း မရွိေပမယ့္ Note 9 ကို ရည္ညႊန္းတယ္ဆိုတာ ေသခ်ာပါတယ္။ S Pen မွာ တိုးတက္မႈမ်ား ပါလာျခင္း၊ ဘက္ထရီနဲ႔ RAM ပမာဏ တိုးျမွင့္ထားျခင္းမ်ား ရွိေပမယ့္ Note 9 ဟာ Note 8 ထက္ အနည္းငယ္သာ တိုးတက္လာပါတယ္။ Note 9 မွာ Galaxy S9/S9 Plus မ်ားမွ အစိတ္အပိုင္း အနည္းငယ္ကို သံုးထားပါတယ္။

ဟြာေ၀းက ေနာက္ထြက္မယ့္ Mate 20 Series ဟာ ယခင္မ်ိဳးဆက္ထက္ အလြန္ တိုးတက္လာမယ္လို႔ ညႊန္းထားပါတယ္။ အဲဒီ ဖုန္းမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ ဟြာေ၀းက သူ႔ရဲ႕ ကတိအတုိင္း လုပ္ထားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

unicode

Galaxy Note 9 ကို လှောင်ပြောင်လိုက်တဲ့ Huawei

ဒီရက်ပိုင်းမှာတော့ Galaxy Note 9 ရဲ့ အကြောင်းများကို အုံးအုံးကြွပ်ကြွပ် ပြောနေကြပါတယ်။ ဟွာဝေးကလည်း Unpacked Event ကို သေချာပေါက်ကြည့်ခဲ့မှာပါ။ အခုတော့ ဟွာဝေးက Note 9 မှာ သိသာထင်ရှားတဲ့ တိုးတက်မှုနဲ့ တီထွင်ဖန်တီးမှုများ မရှိဘူးလို့ သဘောသက်ရောက်တဲ့ ပို့စ်တစ်ခုကို တွစ်တာမှာ တင်လိုက်ပါတယ်။

ပို့စ်မှာ “ Huawei P20 Pro ဟာ ယခင်မျိုးဆက်ထက် အလွန်တိုးတက်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ 40MP ပါတဲ့ ကင်မရာ သုံးလုံး၊ 5x Zoom အပြင် အခြား အစိတ်အပိုင်းများကို တကယ့်ကို အဆင့်မြှင့်ထားတာပါ။ နောက်မျိုးဆက်များမှာလည်း ဘယ်လောက်တိုးတက်လာမလဲ စဉ်းစားကြည့်ပါ။ “ လို့ ရေးသားထားပါတယ်။

ဟွာဝေးက ဆမ်ဆောင်းနဲ့ Note 9 အမည်ကို ရေးသားထားခြင်း မရှိပေမယ့် Note 9 ကို ရည်ညွှန်းတယ်ဆိုတာ သေချာပါတယ်။ S Pen မှာ တိုးတက်မှုများ ပါလာခြင်း၊ ဘက်ထရီနဲ့ RAM ပမာဏ တိုးမြှင့်ထားခြင်းများ ရှိပေမယ့် Note 9 ဟာ Note 8 ထက် အနည်းငယ်သာ တိုးတက်လာပါတယ်။ Note 9 မှာ Galaxy S9/S9 Plus များမှ အစိတ်အပိုင်း အနည်းငယ်ကို သုံးထားပါတယ်။

ဟွာဝေးက နောက်ထွက်မယ့် Mate 20 Series ဟာ ယခင်မျိုးဆက်ထက် အလွန် တိုးတက်လာမယ်လို့ ညွှန်းထားပါတယ်။ အဲဒီ ဖုန်းများရဲ့ သတင်းအချက်အလက်များဟာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဟွာဝေးက သူ့ရဲ့ ကတိအတိုင်း လုပ်ထားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply