ေရငုပ္တဲ့ လူ အေနာက္ကို အလိုအေလွ်ာက္လိုက္ၿပီး ဗီဒီယို ရိုက္ေပးမယ့္ Drone

0
626

ေရေအာက္ထဲမွာ ရိုဆန္တဲ့ ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးခ်င္တဲ့ စံုတြဲမ်ား၊ ေရငုပ္သမားမ်ား၊ ဓါတ္ပံု ၀ါသနာရွင္မ်ားအတြက္ ေရေအာက္သံုး ဒရုန္း တစ္ခုကို တရုတ္ ကုမၸဏီတစ္ခုက ဖန္တီးထားပါတယ္။ ထူးျခားတာက သူဟာ ေရငုပ္တဲ့ လူ အေနာက္ကို အလိုအေလွ်ာက္လိုက္ၿပီး ဗီဒီယို ရိုက္ကူးေပးႏုိင္ပါတယ္။ ဒရုန္းရဲ႕ အမည္မွာ BW-Space ျဖစ္ၿပီး တီထြင္တဲ့ ကုမၸဏီက Youcan Robot ျဖစ္ပါတယ္။

ရုပ္ေသဓါတ္ပံုမ်ားအတြက္ေတာ့ 12MP နဲ႔ ဗီဒီယိုမ်ားအတြက္ 4K Video မ်ားကို ရိုက္ကူးေပးပါတယ္။ သူ႔ကို စမတ္ဖုန္း၊ တက္ဘလက္မ်ားကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သူ႔မွာ အဆင့့္ျမင့္ အာရံုခံ စနစ္ပါတဲ့အတြက္ သင္ ေရငုပ္တဲ့ေနာက္ကို အလိုအေလွ်ာက္ တေကာက္ေကာက္လိုက္ၿပီး ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ရိုက္ကူးႏုိင္ပါတယ္။ သူဟာ အဆင့္ျမင့္ အာရံုခံ စနစ္ပါတဲ့ ကမာၻ႕ ပထမဆံုး ေရေအာက္သံုး ဒရုန္းလို႔ တီထြင္သူမ်ားက ေျပာပါတယ္။

သူ႔မွာ အင္တာနက္ ရရွိေစဖုိ႔အတြက္ ေျမျပင္ေပၚမွ WiFi Moduel နဲ႔ ႀကိဳးျဖင့္ ခ်ိတ္ဆက္ေပးထားပါတယ္။ သူဟာ ေရအနက္ ေပ ၃၀၀ ေအာက္အထိ သြားႏုိင္ပါတယ္။ အေျခခံ ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ ၆၅၉ ေဒၚလာ ျဖစ္ၿပီး Accessory အပိုမ်ား ၀ယ္ယူရင္ ဒီထက္ ကုန္က်မွာပါ။ ေအာက္တိုဘာလမွာ ေရာင္းေပးဖို႔ ေမွ်ာ္လင့္ထားပါတယ္။

“ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ႕ ဒုတိယ မ်ိဳးဆက္ ထုတ္ကုန္ ျဖစ္ပါတယ္။ ဥာဏ္ရည္ျမင့္ Tracking နည္းပညာက ပိုင္ရွင္ရဲ႕ အေနာက္ကို အလိုအေလွ်ာက္ တေကာက္ေကာက္လိုက္ၿပီး ဗီဒီယို ရိုက္ကူးေပးႏုိင္ပါတယ္။ ေရေအာက္ထဲမွာ သူ႔ကို လက္နဲ႔ ကိုင္ၿပီး ထိန္းခ်ဳပ္စရာ လံုး၀ မလိုပါဘူး။ ဓါတ္ပံု၊ ဗီဒီယိုမ်ား ရိုက္တဲ့ အခါမွာ ပံ့ပိုးေပးတဲ့ မီးအလင္းေရာင္ကိုလည္း သူက အလိုအေလွ်ာက္ ထိန္းခ်ဳပ္ႏုိင္ပါတယ္။ ေရအနက္ထဲကို ေရာက္ေလေလ၊ ေမွာင္ေလေလ ျဖစ္ၿပီး သူက မီးအလင္းေရာင္ကို တိုးျမွင့္ေပးေလေလ ျဖစ္ပါတယ္။ “ လို႔ တီထြင္သူမ်ားက ေျပာပါတယ္။

unicode

ရေငုပ်တဲ့ လူ အနောက်ကို အလိုအလျှောက်လိုက်ပြီး ဗီဒီယို ရိုက်ပေးမယ့် Drone

ရေအောက်ထဲမှာ ရိုဆန်တဲ့ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးချင်တဲ့ စုံတွဲများ၊ ရေငုပ်သမားများ၊ ဓါတ်ပုံ ဝါသနာရှင်များအတွက် ရေအောက်သုံး ဒရုန်း တစ်ခုကို တရုတ် ကုမ္ပဏီတစ်ခုက ဖန်တီးထားပါတယ်။ ထူးခြားတာက သူဟာ ရေငုပ်တဲ့ လူ အနောက်ကို အလိုအလျှောက်လိုက်ပြီး ဗီဒီယို ရိုက်ကူးပေးနိုင်ပါတယ်။ ဒရုန်းရဲ့ အမည်မှာ BW-Space ဖြစ်ပြီး တီထွင်တဲ့ ကုမ္ပဏီက Youcan Robot ဖြစ်ပါတယ်။

ရုပ်သေဓါတ်ပုံများအတွက်တော့ 12MP နဲ့ ဗီဒီယိုများအတွက် 4K Video များကို ရိုက်ကူးပေးပါတယ်။ သူ့ကို စမတ်ဖုန်း၊ တက်ဘလက်များကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ အဆင့်မြင့် အာရုံခံ စနစ်ပါတဲ့အတွက် သင် ရေငုပ်တဲ့နောက်ကို အလိုအလျှောက် တကောက်ကောက်လိုက်ပြီး ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ သူဟာ အဆင့်မြင့် အာရုံခံ စနစ်ပါတဲ့ ကမ္ဘာ့ ပထမဆုံး ရေအောက်သုံး ဒရုန်းလို့ တီထွင်သူများက ပြောပါတယ်။

သူ့မှာ အင်တာနက် ရရှိစေဖို့အတွက် မြေပြင်ပေါ်မှ WiFi Moduel နဲ့ ကြိုးဖြင့် ချိတ်ဆက်ပေးထားပါတယ်။ သူဟာ ရေအနက် ပေ ၃၀၀ အောက်အထိ သွားနိုင်ပါတယ်။ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ၆၅၉ ဒေါ်လာ ဖြစ်ပြီး Accessory အပိုများ ဝယ်ယူရင် ဒီထက် ကုန်ကျမှာပါ။ အောက်တိုဘာလမှာ ရောင်းပေးဖို့ မျှော်လင့်ထားပါတယ်။

“ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ့ ဒုတိယ မျိုးဆက် ထုတ်ကုန် ဖြစ်ပါတယ်။ ဉာဏ်ရည်မြင့် Tracking နည်းပညာက ပိုင်ရှင်ရဲ့ အနောက်ကို အလိုအလျှောက် တကောက်ကောက်လိုက်ပြီး ဗီဒီယို ရိုက်ကူးပေးနိုင်ပါတယ်။ ရေအောက်ထဲမှာ သူ့ကို လက်နဲ့ ကိုင်ပြီး ထိန်းချုပ်စရာ လုံး၀ မလိုပါဘူး။ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်တဲ့ အခါမှာ ပံ့ပိုးပေးတဲ့ မီးအလင်းရောင်ကိုလည်း သူက အလိုအလျှောက် ထိန်းချုပ်နိုင်ပါတယ်။ ရေအနက်ထဲကို ရောက်လေလေ၊ မှောင်လေလေ ဖြစ်ပြီး သူက မီးအလင်းရောင်ကို တိုးမြှင့်ပေးလေလေ ဖြစ်ပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။

Leave a Reply