Samsung ရဲ႕ 2018 Galaxy Note 9 ထက္ Apple ရဲ႕ 2017 iPhone X က စြမ္းေဆာင္ရည္ျမင့္မား

0
2231

Zawgyi Version

ေကာလာဟလေတြထြက္ျပီးေနာက္မွာေတာ့ Samsung ရဲ႕ မ်က္ႏွာျပင္က်ယ္ဖုန္း 6.4-inch Galaxy Note 9 ေလးကေတာ့ ထြက္ရွိလို႕လာပါျပီ။ ထိပ္တန္းက်တဲ့ hardware ေတြနဲ႕အတူ သူ႕ရဲ႕ performance အပိုင္းကလည္း ယွဥ္္ႏုိင္စြမ္းျမင့္မားေနပါတယ္။ ဒါေပမယ့္လည္း benchmark ေတြမွာေတာ့ ေနာက္က်န္ေနခဲ့ပါတယ္။

ကြာျခားခ်က္ေတြရွိေနမယ္ဆိုေပမယ့္ သိထားရမွာတစ္ခုကေတာ့ OnePlus 6 ဆိုရင္လည္း သူ႕အရင္ထြက္ခဲ့တာပါ။ ေလးလေလာက္ၾကာေနပါျပီ။ ျပီးေတာ့ iPhone X ကလည္း တစ္ႏွစ္ေလာက္ရွိေနျပီေလ။

Geekbench 4 ရဲ႕ ရမွတ္ေတြအရေတာ့ Galaxy Note 9 ဟာ 8,876 ျဖစ္ပါတယ္။ OnePlus 6 ကေတာ့ 9,088 ၊ iPhone X ကေတာ့ 10,357 ျဖစ္ပါတယ္။ 3DMark’s Slingshot Extreme benchmark မွာလည္း မျခားနားပါဘူး။ Galaxy S9+ ထက္မ်ားတယ္ဆိုေပမယ့္လည္း iPhone X နဲ႕ OnePlus 6 ေနာက္မွာ က်န္ေနတုန္းပါပဲ။

Samsung အသစ္ထြက္ခ်ိန္နဲ႕ ကိုက္ျပီးေျပာတာေတာ့ မဟုတ္ရပါဘူး။ သူဟာ Apple ရဲ႕ brightness နဲ႕ color gamut အပုိင္းမွာေတာ့ ပိုသာပါတယ္။ ကြာျခားမႈကလည္း သိသာတယ္လို႕ေျပာရမွာပါ။ ဒါကလည္း ျဖစ္သင့္ပါတယ္။ ဒီေနရမွာ Samsung က အိမ္ရွင္မဟုတ္လား။

ဒီေတာ့ iPhone X က Samsung ရဲ႕ flagship အသစ္ေလးကို သာလြန္ေနပါတယ္။ အရင္တုန္းကလည္း iPhone ေနာက္မွာပဲရွိေနတာဆိုေတာ့ အရင္လိုပဲ အရင္အတုိင္းပဲေပါ့။ ဒါေပမယ့္လည္း ဒီကြာျခားခ်က္ေလးက ၀ယ္မယ့္သူေတြစိတ္ကို မယိမ္းယို္င္ေစဘူးလို႕ ထင္ပါတယ္။

Unicode Version

ကောလာဟလတွေထွက်ပြီးနောက်မှာတော့ Samsung ရဲ့ မျက်နှာပြင်ကျယ်ဖုန်း 6.4-inch Galaxy Note 9 လေးကတော့ ထွက်ရှိလို့လာပါပြီ။ ထိပ်တန်းကျတဲ့ hardware တွေနဲ့အတူ သူ့ရဲ့ performance အပိုင်းကလည်း ယှဉ်နိုင်စွမ်းမြင့်မားနေပါတယ်။ ဒါပေမယ့်လည်း benchmark တွေမှာတော့ နောက်ကျန်နေခဲ့ပါတယ်။
ကွာခြားချက်တွေရှိနေမယ်ဆိုပေမယ့် သိထားရမှာတစ်ခုကတော့ OnePlus 6 ဆိုရင်လည်း သူ့အရင်ထွက်ခဲ့တာပါ။ လေးလလောက်ကြာနေပါပြီ။ ပြီးတော့ iPhone X ကလည်း တစ်နှစ်လောက်ရှိနေပြီလေ။
Geekbench 4 ရဲ့ ရမှတ်တွေအရတော့ Galaxy Note 9 ဟာ 8,876 ဖြစ်ပါတယ်။ OnePlus 6 ကတော့ 9,088 ၊ iPhone X ကတော့ 10,357 ဖြစ်ပါတယ်။ 3DMark’s Slingshot Extreme benchmark မှာလည်း မခြားနားပါဘူး။ Galaxy S9+ ထက်များတယ်ဆိုပေမယ့်လည်း iPhone X နဲ့ OnePlus 6 နောက်မှာ ကျန်နေတုန်းပါပဲ။
Samsung အသစ်ထွက်ချိန်နဲ့ ကိုက်ပြီးပြောတာတော့ မဟုတ်ရပါဘူး။ သူဟာ Apple ရဲ့ brightness နဲ့ color gamut အပိုင်းမှာတော့ ပိုသာပါတယ်။ ကွာခြားမှုကလည်း သိသာတယ်လို့ပြောရမှာပါ။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒီနေရမှာ Samsung က အိမ်ရှင်မဟုတ်လား။
ဒီတော့ iPhone X က Samsung ရဲ့ flagship အသစ်လေးကို သာလွန်နေပါတယ်။ အရင်တုန်းကလည်း iPhone နောက်မှာပဲရှိနေတာဆိုတော့ အရင်လိုပဲ အရင်အတိုင်းပဲပေါ့။ ဒါပေမယ့်လည်း ဒီကွာခြားချက်လေးက ဝယ်မယ့်သူတွေစိတ်ကို မယိမ်းယိုင်စေဘူးလို့ ထင်ပါတယ်။

Leave a Reply