Google Pixel 2 အတွက် အကောင်းဆုံး wireless headphone တွေက ဘာတွေဖြစ်မလဲ

0
843

Zawgyi version

Google Pixel 2 အတွက် ထုတ်လုပ်ထားတဲ့ Pixel Buds လေးတွေပါ။ ဒီထဲကမှ သင်နဲ့အဆင်ပြေမယ့် အရာလေးတွေကိုရွေးချယ်နိုင်ပါတယ်။ Pixel 2 က headphone jack မပါဝင်တဲ့အတွက် ရွေးချယ်စရာ product တွေများပြားလှပါတယ်။

 

Anker Soundcore Spirit Pro

Anker ကတော့ headphone တွေထဲမှာဘက်ထရီတော်တော်လေးခံပါတယ်။ သူ့ရဲ့ Soundcoreစီးရီးအသစ်ရဲ့ wireless Bluetooth headphone တွေကနာမည်ကြီးပါတယ်။ သူကတော့ ear tips နဲ့ wings လေးတွေကိုဆိုဒ်စုံ ၄ မျိုးတောင်ထည့်ပေးထားပါတယ်။ ဒါ့အပြင် clip လေးတွေကိုလဲထည့်ပေးထားပါသေးတယ်။ ဈေးနှုန်းလေးကတော့ $50 ဖြစ်ပါတယ်။ Soundcoreကတော့ အသံထွက်လဲကောင်းပြီး bass တွေကလဲမိုက်ပါတယ်။ တစ်ခါအားသွင်းပြီးတာနဲ့ ၁၀ နာရီကြာအသုံးခံနိုင်ပါတယ်။ သူကသုံးစွဲသူတွေအဆင်ပြေအောင်လို့ ၁၈ လ အာမခံလဲပေးထားပါသေးတယ်။

 

OnePlus Bullets Wireless

OnePlusကတော့ သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ဈေးကိုအရမ်းအများကြီးမဟုတ်ဘဲquality ကောင်းကောင်းထုတ်လုပ်နိုင်တဲ့ စမတ်ဖုန်းကုမ္ပဏီလဲ ဖြစ်ပါတယ်။ ဒါဆိုရင် သူ့ဆီကထုတ်တဲ့ accessories တွေရဲ့ အရည်အသွေးကရောဘယ်လိုဖြစ်နိုင်မလဲ။ သူ့ရဲ့ Bullet Wireless headphone တွေကတော့အသံထွက်ကောင်းမွန်ပြီး ဒီဇိုင်းပိုင်းကလဲမိုက်အောင်ထုတ်ပေးထားပါတယ်။ သူကတော့ဂုတ်ပေါ်မှာပတ်ထားနိုင်တဲ့ neckbuds ပုံစံလေး လုပ်ထားပေးပါတယ်။ သူ့ကိုတော့ USB-C နဲ့ အားသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $70 ပဲဖြစ်ပါတယ်။

 

Bose QuietComfort 35 II

သူကတော့ over-ear noise-canceling Bluetooth headphonesလေးပဲ ဖြစ်ပါတယ်။ Bose brand ကတော့ high-quility audio product ပဲဖြစ်ပါတယ်။ သူကတော့ noiseတွေကိုတားဆီးပေးနိုင်တဲ့ headphone လေးလဲ ဖြစ်ပါတယ်။ သူ့မှာ Google Assistant ကိုလျှင်မြန်စွာလုပ်ဆောင်နိုင်ဖို့ ခလုတ်လေးလဲပါဝင်ပါသေးတယ်။ ဘက်ထရီ သက်တမ်းကတော့ နာရီ ၂၀ ဖြစ်ပြီးသုံးရတာလဲတော်တော်မိုက်ပါတယ်။

 

Jabra Move Wireless

သူကတော့ ပေါ့ပေါ့ပါးပါးသုံးရတာကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ပေါ့ပါးပေမဲ့ အကြမ်းလဲခံပါတယ်။ သူ့ကိုတော့ စတီးနဲ့ပေါင်းစပ်ပြုလုပ်ထားပြီးအညစ်အပေခံနိုင်အောင်လို့ ear cup လေးလဲပါဝင်ပါသေးတယ်။ သူကတစ်ခါအားသွင်းထားရုံနဲ့ ၈ နာရီဆက်တိုက်အသုံးပြုနိုင်ပါတယ်။ သူကတော့ ဈေးသက်သက်သာသာနဲ့ အရည်အသွေးပိုင်းကောင်းမွန်အောင်ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းလေးကတော့ $69 ပဲဖြစ်ပါတယ်။

Libratone Q Adapt

သူကတော့ Google ကထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ သူ့မှာလဲ noise cancellation ပါဝင်ပါတယ်။ သူက playback နဲ့ volume ကိုထိန်းချုပ်နိုင်ဖို့ touch interface လဲ ပါဝင်ပါသေးတယ်။ ဖုန်းပြောဖို့အတွက် မိုက်ခရိုဖုန်းလဲ built-in ပါဝင်ပါသေးတယ်။ သူ့ကို ကြိုးနဲ့ချိတ်ဆက်အသုံးပြုချင်ရင်တော့ ၃.၅ mm ကြိုးလဲ ထည့်သွင်း ပေးထားပါတယ်။ သူကတော့ $249 ရှိပြီး ပေးရတာနဲ့တန်အောင် quality ကလဲ စိတ်ချရပါတယ်။

 

SkullcandyInk’d Wireless Bluetooth Headphones

သူ့ကိုတော့အရောင်စုံအောင်ရရှိနိုင်မှာဖြစ်ပါတယ်။ သူက အရောင်ဆန်းလေးနဲ့ ဒီဇိုင်းထုတ်လုပ်ပေးထားပါတယ်။ သူကဈေးသက်သာပြီးတော့ အရည်အသွေးလည်းကောင်းပါတယ်။ အသံပိုင်းကလည်းကောင်းမွန်ပြီးတော့ ဘက်ထရီကလည်းကောင်းပြီးတော့ ၈နာရီကြာသုံးနိုင်ပါတယ်။ သူက neckbud ဒီဇိုင်းပုံစံထုတ်လုပ်ထားတာပါ။

 

 

 

Leave a Reply