Galaxy Note 9 ရဲ႕ Bluetooth S Pen က ဘာေတြလုပ္ေဆာင္နိုင္မလဲ

0
720

Zawgyi version

Samsung ကေတာ့ Galaxy Note 9 ကို တရား၀င္ေၾကာ္ျငာခဲ့ျပီးျပီပဲျဖစ္ပါတယ္။ nသူ႔ကိုစိတ္၀င္စားၾကတာကေတာ့ သူ႔ရဲ႕ ဆန္းသစ္ထားတဲ့ S Pen ပဲျဖစ္ပါတယ္။ သူ႔ရဲ႕ Bluetooth နည္းပညာထည့္သြင္းထားတဲ့ S Pen က ဘာေတြကိုစြမ္းေဆာင္နုိင္မလဲ။

S Pen ကိုအသံုးျပဳျပီး ဓာတ္ပံုရိုက္နိုင္ပါတယ္

သင္က S Pen ေပၚမွာ ရွိတဲ့ Bluetooth button ေလးကို ဖိနွိပ္လိုက္တာနဲ႕ Note 9 ရဲ႕ ကင္မရာ app ကဖြင့္လိုက္ပါ။ ဖြင့္ျပီးတာနဲ႕ ဓာတ္ပံုရိုက္ဖို႔အတြက္ ခုန ခလုတ္ကို တစ္ခ်က္နွိပ္လိုက္တာနဲ႔ သင့္စိတ္ၾကိဳက္ ဓာတ္ပံုေတြရိုက္နုိင္ပါျပီ။

သူက selfie ရိုက္တဲ့အခ်ိန္နဲ႕ group photo ေတြရိုက္လို႔အေကာင္းဆံုးပါပဲ။ ဘာလို႔လဲဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ အဖဲြ႔လိုက္ဓာတ္ပံုရိုက္တဲ့အခ်ိန္ ဖုန္းကို တစ္ေနရာရာမွာေထာင္ထားျပီး သင္က S Pen ေလးကိုယူသြားရံုပါပဲ။ S Pen ကို remote အျဖစ္အသံုးျပဳနုိင္ပါတယ္။ သူက selfie ရိုက္ဖို႔အတြက္ စမတ္ဖုန္းၾကီးၾကီးမားမားကိုကိုင္စရာမလိုေတာ့ပါဘူး။ ဖုန္းကိုၾကိဳက္တဲ့ေနရာမွာထားျပီး စိတ္ၾကိဳက္ဓာတ္ပံုရိုက္ရံုပါပဲ။

Camera mode ေတြကို S Pen နဲ႔ စိတ္ၾကိဳက္ေရြးခ်ယ္နုိင္

သူငယ္ခ်င္းေတြအဖြဲ႔လိုက္ဓာတ္ပံုရိုက္မယ္ဆိုပါစို႔။ ဒါေပမဲ့ ေနရာယူထားတဲ့ေနရာက အေမွာင္က်ေနတဲ့ေနရာမ်ိဳးေရာက္ေနတယ္ဆိုရင္ေတာ့ camera app ကိုဖြင့္ျပီးတာနဲ႔  Bluetooth button ကို ၂ ခ်က္နွိပ္ျပီး camera mode ကိုေရြးခ်ယ္နုိုင္ပါတယ္။

music or video player ကိုလဲ စိတ္ၾကိဳက္လုပ္ေဆာင္နုိင္

သီခ်င္းနားေထာင္ေနတဲ့အခ်ိန္ ဒါမွမဟုတ္ YouTube video ၾကည့္ေနတဲ့အခ်ိန္ ေတြမွာဆိုရင္ Bluetooth button နဲ႔ပဲ သီခ်င္းရပ္တာ ေက်ာ္တာေတြကို လုပ္ေဆာင္နုိင္ပါတယ္။ ဖုန္းကိုတုိ္္က္ရိုက္ထိစရာမလိုဘဲ S Pen ေလးကိုပဲ သင့္အိတ္ကပ္ထဲမွာထားျပီး အေ၀းကေနပဲ စိတ္ၾကိဳက္လွမ္းျပီးထိန္းခ်ဳပ္နိုင္ပါတယ္။

Presentation လုပ္တဲ့အခ်ိန္အဆင္ေျပ

သင့္ရဲ႕ အလုပ္ခြင္မွာ presentation လုပ္တဲ့အခ်ိန္ clicker ၾကီးကိုမသယ္ခ်င္ဘူး။ မၾကိဳက္ဘူးဆိုရင္ေတာ့ S Pen ေလးကကူညီေပးပါလိမ့္မယ္။ သင့္ရဲ႕ စမတ္ဖုန္းထဲက presentation app ေလးကိုဖြင့္ျပီးတာနဲ႔ Bluetooth button ေလးက ေနာက္ထပ္ slide ကိုသြားခ်င္တာလား၊ အရင္ slide ကိုျပန္ျပခ်င္တာလား သင့္စိတ္ၾကိဳက္လုပ္ေဆာင္ ေပးပါလိမ့္မယ္။ presentation လုပ္မဲ့ဟာကို ဖုန္းထဲကိုထည့္ထားရံုပါပဲ ။ laptop မလိုဘဲ Note 9 ရဲ႕ USB Type-C adapter ကိုအသံုးျပဳျပီးဖုန္းနဲ႕ ခ်ိတ္ဆက္ျပီး presentation လုပ္နုိင္ပါတယ္။

S Pen ေလးကို စကၠန္႔ ၄၀ ေလာက္အားသြင္းရံုပါပဲ

S Pen ထဲမွာ ပါတဲ့ ဘက္ထရီေလးက အရမ္းကိုေသးငယ္ပါတယ္။ S Pen ရဲ႕ ဘက္ထရီခံနုိင္မႈကေတာ့ မိနစ္ ၃၀ ဒါမွမဟုတ္ အၾကိမ္ ၂၀၀ click ထိခံနုိင္ရည္ရွိ ပါတယ္။ သူ႔ကို အားလံုး၀မရွိတာကေန အားအျပည့္ျဖည့္ဖို႔ ၁ မိနစ္ေတာင္ မၾကာပါဘူး။

 

သူ႔ကို တစ္ျခား S Pen ေတြနဲ႔လဲ အသံုးျပဳနုိင္

အေပၚကေျပာခဲ့တဲ့အခ်က္ေတြကို ၾကိဳက္တဲ့ Bluetooth button နဲ႔ ၾကိဳက္တဲ့ wireless connection S Pen နဲ႔မဆို အသံုးျပဳနုိင္ပါတယ္။ သင့္စိတ္ၾကိဳက္ေရးနုိင္တယ္၊ ပံုဆြဲနုိင္တယ္၊ ဖ်က္နိုင္တယ္၊ highlight လုပ္နုိင္ပါတယ္။

Unicode version

Galaxy Note 9 ရဲ့ Bluetooth S Pen နဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲ

Samsung ကတော့ Galaxy Note 9 ကို တရားဝင်ကြော်ငြာခဲ့ပြီးပြီပဲဖြစ်ပါတယ်။
သူ့ကိုစိတ်ဝင်စားကြတာကတော့ သူ့ရဲ့ ဆန်းသစ်ထားတဲ့ S Pen ပဲဖြစ်ပါတယ်။
သူ့ရဲ့ Bluetooth နည်းပညာထည့်သွင်းထားတဲ့ S Pen က ဘာတွေကိုစွမ်းဆောင်နိုင်မလဲ။

S Pen ကိုအသုံးပြုပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်
သင်က S Pen ပေါ်မှာ ရှိတဲ့ Bluetooth button လေးကို ဖိနှိပ်လိုက်တာနဲ့ Note 9 ရဲ့ ကင်မရာ app ကဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် ခုန ခလုတ်ကို တစ်ချက်နှိပ်လိုက်တာနဲ့ သင့်စိတ်ကြိုက် ဓာတ်ပုံတွေရိုက်နိုင်ပါပြီ။
သူက selfie ရိုက်တဲ့အချိန်နဲ့ group photo တွေရိုက်လို့အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ဓာတ်ပုံရိုက်တဲ့အချိန် ဖုန်းကို တစ်နေရာရာမှာထောင်ထားပြီး သင်က S Pen လေးကိုယူသွားရုံပါပဲ။ S Pen ကို remote အဖြစ်အသုံးပြုနိုင်ပါတယ်။ သူက selfie ရိုက်ဖို့အတွက် စမတ်ဖုန်းကြီးကြီးမားမားကိုကိုင်စရာမလိုတော့ပါဘူး။ ဖုန်းကိုကြိုက်တဲ့နေရာမှာထားပြီး စိတ်ကြိုက်ဓာတ်ပုံရိုက်ရုံပါပဲ။

Camera mode တွေကို S Pen နဲ့ စိတ်ကြိုက်ရွေးချယ်နိုင်
သူငယ်ချင်းတွေအဖွဲ့လိုက်ဓာတ်ပုံရိုက်မယ်ဆိုပါစို့။ ဒါပေမဲ့ နေရာယူထားတဲ့နေရာက အမှောင်ကျနေတဲ့နေရာမျိုးရောက်နေတယ်ဆိုရင်တော့ camera app ကိုဖွင့်ပြီးတာနဲ့ Bluetooth button ကို ၂ ချက်နှိပ်ပြီး camera mode ကိုရွေးချယ်နိုင်ပါတယ်။

music or video player ကိုလဲ စိတ်ကြိုက်လုပ်ဆောင်နိုင်
သီချင်းနားထောင်နေတဲ့အချိန် ဒါမှမဟုတ် YouTube video ကြည့်နေတဲ့အချိန် တွေမှာဆိုရင် Bluetooth button နဲ့ပဲ သီချင်းရပ်တာ ကျော်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဖုန်းကိုတို်က်ရိုက်ထိစရာမလိုဘဲ S Pen လေးကိုပဲ သင့်အိတ်ကပ်ထဲမှာထားပြီး အဝေးကနေပဲ စိတ်ကြိုက်လှမ်းပြီးထိန်းချုပ်နိုင်ပါတယ်။

Presentation လုပ်တဲ့အချိန်အဆင်ပြေ
သင့်ရဲ့ အလုပ်ခွင်မှာ presentation လုပ်တဲ့အချိန် clicker ကြီးကိုမသယ်ချင်ဘူး။ မကြိုက်ဘူးဆိုရင်တော့ S Pen လေးကကူညီပေးပါလိမ့်မယ်။ သင့်ရဲ့ စမတ်ဖုန်းထဲက presentation app လေးကိုဖွင့်ပြီးတာနဲ့ Bluetooth button လေးက နောက်ထပ် slide ကိုသွားချင်တာလား၊ အရင် slide ကိုပြန်ပြချင်တာလား သင့်စိတ်ကြိုက်လုပ်ဆောင် ပေးပါလိမ့်မယ်။ presentation လုပ်မဲ့ဟာကို ဖုန်းထဲကိုထည့်ထားရုံပါပဲ ။ laptop မလိုဘဲ Note 9 ရဲ့ USB Type-C adapter ကိုအသုံးပြုပြီးဖုန်းနဲ့ ချိတ်ဆက်ပြီး presentation လုပ်နိုင်ပါတယ်။

S Pen လေးကို စက္ကန့် ၄၀ လောက်အားသွင်းရုံပါပဲ
S Pen ထဲမှာ ပါတဲ့ ဘက်ထရီလေးက အရမ်းကိုသေးငယ်ပါတယ်။ S Pen ရဲ့ ဘက်ထရီခံနိုင်မှုကတော့ မိနစ် ၃၀ ဒါမှမဟုတ် အကြိမ် ၂၀၀ click ထိခံနိုင်ရည်ရှိ ပါတယ်။ သူ့ကို အားလုံးဝမရှိတာကနေ အားအပြည့်ဖြည့်ဖို့ ၁ မိနစ်တောင် မကြာပါဘူး။

သူ့ကို တစ်ခြား S Pen တွေနဲ့လဲ အသုံးပြုနိုင်
အပေါ်ကပြောခဲ့တဲ့အချက်တွေကို ကြိုက်တဲ့ Bluetooth button နဲ့ ကြိုက်တဲ့ wireless connection S Pen နဲ့မဆို အသုံးပြုနိုင်ပါတယ်။ သင့်စိတ်ကြိုက်ရေးနိုင်တယ်၊ ပုံဆွဲနိုင်တယ်၊ ဖျက်နိုင်တယ်၊ highlight လုပ်နိုင်ပါတယ်။

Leave a Reply