Zawgyi Version
Unicode Version
သင့်ရဲ့ဖုန်းလေးကို Android 9.0 Pie ကို မြှင့်ပြီးပြီဆိုရင်တော့ internet connection နဲ့ပတ်သတ်ပြီးတော့ အခက်တွေ့မှုလေးတွေကို ခံစားနေရလာက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ “Turn On Wi-Fi Automatically” ကြောင့်ပါပဲ။ Android Pie အသုံးပြုထားတဲ့ဖုန်းတွေအားလုံးမှာ default ပွင့်နေတဲ့အတွက်ကြောင့်ပါ။ ဒီတော့ Essential ဒါမှမဟုတ် OnePlus ဖုန်းတွေမှာလည်း ဒီလိုဖြစ်နေမယ်ဆိုရင်တော့ လိုက်လုပ်ကြည့်လိုက်ပါ။
ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဒီ setting ကိုအသုံးပြုရတာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ ဒီ setting လေးဟာ Wi-Fi ကို နေ့အချိန်မှာ ပိတ်ထားပေးပြီးတော့ အိမ်ပြန်ရောက်တဲ့အခါမှ အလိုအလျောက်ချိတ်ပေးဖို့အတွက် အသုံးဝင်ပါတယ်။ တစ်ဖက်မှာလည်း အခြားသော Wi-Fi connection လေးတွေကို save လုပ်ထားဖို့ အသုံးဝင်ပါသေးတယ်။ ဒီတော့ Wi-Fi ကို အလိုအလျောက်ချိတ်ဆက်စေချင်လား။ လိုင်းမကောင်းရင်တောင်မှပေါ့လေ။
ဒီတော့ ဘယ်လိုမျိုး ပိတ်ကြမလဲ။
ကံကောင်းတာတစ်ခုကတော့ “Turn on Wi-Fi Automatically” ကို ပိတ်ချင်တယ်ဆိုရင်တော့ အလွယ်လေးပါပဲ။ Settings app ကို ဖွင့်လိုက်ပြီးတော့ “Network & Internet” ကို ရွေးလိုက်ပါ။ “Wi-Fi” ကို ရွေးလိုက်ပြီးတော့ “Wi-Fi preferences” ကို ထပ်မံရွေးချယ်လိုက်ပါ။
“Turn on Wi-Fi automatically” လေး ပိတ်ထားတာ သေချာပါစေ။
အဲဒီ feature လေးဟာ Android Pie ကို update လုပ်ပြီးချိန်မှာ အလိုအလျောက်ပိတ်ပြီးသား ဖြစ်နေနိုင်ပါသေးတယ်။ Android Oreo သုံးထားတဲ့ Pixel device တွေမှာလည်း ပိတ်ထားပြီးသားပါ။ ဒါဆိုရင်တော့ အခြားဖြေရှင်းနည်းကို လိုက်ရှာရမှာပါ။ “Connect to open networks” ကို ပိတ်ထားတာ သေချာပါစေ။