0
529
Zawgyi version
Unicode version
ဖုန်းအတွက် အကာအကွယ်ပေးတဲ့ case တွေက လိုအပ်လို့လား
ဖုန်းတွေအတွက် အကာအကွယ်ပြုဖို့အတွက် ပစ္စည်းတွေကတော့ ထွက်ရှိတာကြာပါပြီ။ တစ်နှစ်နဲ့တစ်နှစ် ဒီဇိုင်းတွေက ဆန်းသစ်ပြီးတော့ ရွေးချယ်စရာတွေကလည်း များပြားလာပါတယ်။ သင့်ရဲ့ဖုန်းလေးသာ အိတ်ထောင်ထဲကဖြစ်ဖြစ် မတော်တဆ ချော်ကျတာပဲဖြစ်ဖြစ် ပြုတ်ကျတာပဲ ဖြစ်ဖြစ် အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တော့ သင်တော်တော် ဝမ်းနည်းရမှာပါ။ အဲ့ဒါကြောင့် ဖုန်းကိုကြာရှည်လဲအသုံးခံပြီး လှလှပပ ဖြစ်ဖို့အတွက် သူ့အတွက် အကာအကွယ်လေးတွေကလဲ လိုအပ်ပါတယ်။
ယနေ့ခေတ်မှာက ဖုန်း case တွေကိုဖုန်းရဲ့ အကာအကွယ်အတွက် အသုံးပြုရုံသာမက ဖက်ရှင်အနေနဲ့ သုံးလာကြတာတွေလဲ ရှိပါတယ်။ ခုခေတ်မှာက ဖုန်းအကာအကွယ် ထွက်ရှိတဲ့ brand တွေကလဲ အစုံပါပဲ။ ဒီဇိုင်းတွေလဲလှ ဈေးတွေကလဲအမိုက်စားပါပဲ။
ခုနောက်ပိုင်းထွက်ရှိလာတဲ့ ဖုန်းတွေက ဖုန်းရဲ့ နောက်ကျောဘက်ကို မှန်သားတွေနဲ့ ထုတ်လုပ်လာကြပါတယ်။ ဒါပေမဲ့ သူတို့က မှန်ဆိုပေမဲ့လဲ တော်ရုံတန်ရုံ မကွဲနိုင်တာတော့ အံ့အားသင့်စရာပါပဲ။ ဒါ့အပြင် ခုခေတ် ဖုန်းတွေရဲ့ တန်ဖိုးက ကြီးမားတဲ့အပြင် တစ်ကယ်လို့ဖုန်းသာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ပြင်ဆင်စရိတ်ကလည်း ကြီးမားပါတယ်။ အဲ့ဒါကြောင့် သင်တို့ရဲ့ တန်ဖိုးကြီးမားလှတဲ့ ဖုန်းလေးတွေကို case ကောင်းကောင်းလေး အသုံးပြုဖို့လိုအပ်ပါတယ်။
ခုနောက်ပိုင်းထွက်တဲ့ case တွေဆိုရင် ဈေးလဲကြီးပေမယ့် အရည်အသွေးကလဲ ပြောစရာမလိုအောင် ကောင်းပြီးသားပဲ ဖြစ်ပါတယ်။ သင့်ဖုန်းလေးကို ရှေ့ရောနောက်ရော ဘေးတွေရောပါ ကာကွယ်ပေးနိုင်မယ့် case ကောင်းကောင်းလေးတွေက စောင့်ကြိုနေပါတယ်။
Leave a Reply