Zotac ZBOX C Mini PC Series အသစ်မိတ်ဆက်

0
1045

Zawgyi Version



Zotac ZBOX C Mini PC Series Introduced


ZOTAC ZBOX C Mini PC


Unicode Version

Mini PC ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Zotac ကတော့ ဒီတစ်ပတ်မှာ ZBOX C-series mini PC အသစ်လေးကို ကြေညာလိုက်ပါတယ်။ စွမ်းဆောင်ရည်မြင့် PC system ကို ဒီဇိုင်းသေးသေးလေးနဲ့ အဆင်ပြေအောင်လုပ်ဆောင်ထားပြီးတော့ အပူနဲ့အသံတွေကို အတတ်နိုင်ဆုံးလျှော့ချထားပါတယ်။ Zotac ကတော့ 2018 mini PC ထဲကို ဒီဇိုင်းပြောင်းလဲပြီးတော့ ဝင်ရောက်လာတာဖြစ်ပါတယ်။ honeycomb cooling ကို အသုံးပြုထားပြီးတော့ two-tone construction လေးနဲ့ တွဲဖက်ထားပါတယ်။
Web အသုံးပြုတာမျိုး ဒါမှမဟုတ် အကြိုက်ဆုံးသီချင်းနဲ့ ရှိုးတွေကို streaming လုပ်မလား။ Mini PCs လေးက အရင် generation C Series ထက် 66 % ပိုအေးပါတယ်။ ဒါကြောင့် အပူတွေကို နှိမ်နင်းထားပြီး သက်တောင့်သက်သာအသုံးပြုရမှာပါ။
ပန်ကာမဲ့ mini PC system ဖြစ်တဲ့အတွက်ကြောင့် 25W thermal design processor နဲ့ မျက်နှာပြင် ၉၀% အထိ အေးအောင် ကိုင်တွယ်နိုင်ပါတယ်။ mini PC system တွေမှာ 8th Gen Intel Core i7 processor ကို အသုံးပြုထားပြီးတော့ four core ထည့်သွင်းပေးထားပါတယ်။
နောက်ထပ် feature တွေကတော့ Intel UHD Graphics 620 နဲ့ ပေါင်းစပ်ထားတဲ့အတွက်ကြောင့် 4K @ 60Hz display resolution ၊ HDMI 2.0 ၊ DisplayPort 1.2 connection တွေကိုလည်း တွေ့မြင်ရမှာပါ။ အရွယ်အစားအားဖြင့် 204 x 129 x 68mm သာ ရှိပြီး SO-DIMM memory slot ၊ SO-DIMM memory slots တို့လည်း ထည့်သွင်းပေးထားပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်လို့ရပါတယ်။

Leave a Reply