iPhone X လိုမ်ိဳး Notch ေလးပါ၀င္မယ္လို႕ ေဖာ္ျပေနတဲ့ Google Pixel 3 XL ရဲ႕ ပံုရိပ္မ်ား

0
996

Zawgyi Version

Google ရဲ႕ပြဲက ႏွစ္လေလာက္လိုေသးတယ္ဆိုေပမယ့္ Pixel ဖုန္းရဲ႕ပံုရိပ္ေတြကေတာ့ အြန္လုိင္းေပၚမွာ အဆက္မျပတ္ဆိုသလို ေပၚထြက္ေနပါတယ္။ အခုဆိုရင္လည္း Google Pixel 3 XL ေလးရဲ႕ highlight ေလးကို ေတြ႕ျမင္ရျပန္ပါျပီ။

Pixel 3 XL smartphone အတြက္ “pre-release” final production ေလးကို ယူရုိက္ျပထားတယ္လို႕ Russian tech blogger က ေရးသားထားပါတယ္။ ပံုေလးေတြက အေနာက္နဲ႕ အေရွ႕ပိုင္းကို ျပသထားတာျဖစ္ပါတယ္။ ၾကည့္လုိက္တဲ့အခါမွာ iPhone X လိုမ်ိဳး Notch ေလးပါ၀င္ေနတာကို ေတြ႕လုိက္ရပါတယ္ ဒါေပမယ့္ Pixel 3 XL’s display ကေတာ့ Apple ေလာက္ မက်ယ္ပါဘူး။ ဒါေပမယ့္လည္း ပိုရွည္ပါတယ္။

5.4-inch Pixel 3 မွာ notch မပါ၀င္ဘူးလို႕ ထြက္ေနတဲ့ပံုေလးေတြက ေျပာခဲ့ေပမယ့္လည္း 6.2-inch Pixel 3 XL ကေတာ့ ပါေနပါတယ္။ ဒီေတာ့ notch ကို camera lens ႏွစ္ခုအတြက္ အဆင္ေျပေအာင္လုပ္ေဆာင္ေပးထားတယ္လို႕ ယံုၾကည္မိပါတယ္။

Bloomberg ကလည္း ေမလမွာ အခုလိုေျပာထားခဲ့ပါတယ္။

Pixel ၾကီးကေတာ့ ကင္မရာႏွစ္လံုးပါ၀င္ျပီးေတာ့ notch အတြင္းထဲမွာ ထည့္ထားတယ္လို႕ လူေတြကေျပာေနတယ္။

Notch ေလးျဖစ္ျဖစ္၊ ျဖတ္ထားတာျဖစ္ျဖစ္ ဖုန္းရဲ႕ ထိပ္ပိုင္းေလးမွာေတာ့ iPhone X လိုမ်ိဳး က်ယ္ေနမွာမဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လည္း သိသိသာသာရွည္ပါတယ္။ Google ကလ္ညး ေဘာင္ေတြကို ေနာင္လာမယ့္ Pixel ေတြမွာ ဖယ္ထုတ္ေတာ့မွာပါ။ ဒါေပမယ့္လည္း notch နဲ႕ chin ေလးေတြကိုထိန္းထားျပီးေတာ့ အေရွ႕ပိုင္းမွာ stereo စပီကာေလးေတြကို ထည့္သြင္းေပးထားပါတယ္။

“Pixel Bud-esque” wired USB-C earphone ေလးကို Pixel 3 XL နဲ႕ တြဲဖက္အသံုးျပဳႏုိင္မယ္လို႕ ပံုေလးေတြက ေျပာျပေနပါတယ္။ charging brick, charging cable နဲ႕ USB-C to 3.5mm adapter ေလးကိုလည္း ဘူးထဲမွာ ေတြ႕ျမင္ရပါတယ္။ iPhone လိုမ်ိဳး wallpaper ေလးကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Software ကလည္း Android 9 ကို 8-core Qualcomm processor ၊ Adreno 630 GPU တို႕နဲ႕ တြဲဖက္ထားပါတယ္။ Pixel 3 XL ဟာ 4GB RAM ၊ resolution 1440×2960 ၊ density 494 PPI တို႕ ပါ၀င္ဦးမွာပါ။

iPhone X ဟာ ၂၀၁၇ ႏို၀င္ဘာမွာ ထြက္ရွိခဲ့ျပီးေတာ့ notch ေလးေတြက ဒီဇင္ဘာလကေန ၂၀၁၈ အထိ ထြက္ေပၚေနတုန္းပါပဲ။ မတ္လမွာ Google က Anroid P ကို မိတ္ဆက္ခဲ့ျပီးေတာ့ notch ေလးေတြကို ထည့္သြင္းတဲ့အခါ အဆင္ေျပေအာင္လုိ႕ လုပ္ေဆာင္ေပးခဲ့ပါတယ္။

Apple အတြက္ကေတာ့ notch-style design ကို မ်က္ႏွာျပင္က်ယ္ေအာင္ လုပ္ေဆာင္ခဲ့တာပါ။ TrueDepth camera system ကိုလည္း Face ID အတြက္ လုပ္ေဆာင္ထားခဲ့ပါတယ္။ Android စမတ္ဖုန္းေလးေတြကေတာ့ ဒီဇုိင္းကို ကူးခ်ထားတာျဖစ္ျပီးေတာ့ အေရွ႕ကင္မရာရဲ႕လုပ္ေဆာင္ခ်က္ကို မလုပ္ႏုိင္ေသးပါဘူး။ အဲဒီအစား fingerprint scanner ကိုသာ အသံုးျပဳထားၾကတာပါ။

Unicode Version

Google ရဲ့ပွဲက နှစ်လလောက်လိုသေးတယ်ဆိုပေမယ့် Pixel ဖုန်းရဲ့ပုံရိပ်တွေကတော့ အွန်လိုင်းပေါ်မှာ အဆက်မပြတ်ဆိုသလို ပေါ်ထွက်နေပါတယ်။ အခုဆိုရင်လည်း Google Pixel 3 XL လေးရဲ့ highlight လေးကို တွေ့မြင်ရပြန်ပါပြီ။
Pixel 3 XL smartphone အတွက် “pre-release” final production လေးကို ယူရိုက်ပြထားတယ်လို့ Russian tech blogger က ရေးသားထားပါတယ်။ ပုံလေးတွေက အနောက်နဲ့ အရှေ့ပိုင်းကို ပြသထားတာဖြစ်ပါတယ်။ ကြည့်လိုက်တဲ့အခါမှာ iPhone X လိုမျိုး Notch လေးပါဝင်နေတာကို တွေ့လိုက်ရပါတယ် ဒါပေမယ့် Pixel 3 XL’s display ကတော့ Apple လောက် မကျယ်ပါဘူး။ ဒါပေမယ့်လည်း ပိုရှည်ပါတယ်။
5.4-inch Pixel 3 မှာ notch မပါဝင်ဘူးလို့ ထွက်နေတဲ့ပုံလေးတွေက ပြောခဲ့ပေမယ့်လည်း 6.2-inch Pixel 3 XL ကတော့ ပါနေပါတယ်။ ဒီတော့ notch ကို camera lens နှစ်ခုအတွက် အဆင်ပြေအောင်လုပ်ဆောင်ပေးထားတယ်လို့ ယုံကြည်မိပါတယ်။
Bloomberg ကလည်း မေလမှာ အခုလိုပြောထားခဲ့ပါတယ်။
Pixel ကြီးကတော့ ကင်မရာနှစ်လုံးပါဝင်ပြီးတော့ notch အတွင်းထဲမှာ ထည့်ထားတယ်လို့ လူတွေကပြောနေတယ်။
Notch လေးဖြစ်ဖြစ်၊ ဖြတ်ထားတာဖြစ်ဖြစ် ဖုန်းရဲ့ ထိပ်ပိုင်းလေးမှာတော့ iPhone X လိုမျိုး ကျယ်နေမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း သိသိသာသာရှည်ပါတယ်။ Google ကလ်ညး ဘောင်တွေကို နောင်လာမယ့် Pixel တွေမှာ ဖယ်ထုတ်တော့မှာပါ။ ဒါပေမယ့်လည်း notch နဲ့ chin လေးတွေကိုထိန်းထားပြီးတော့ အရှေ့ပိုင်းမှာ stereo စပီကာလေးတွေကို ထည့်သွင်းပေးထားပါတယ်။
“Pixel Bud-esque” wired USB-C earphone လေးကို Pixel 3 XL နဲ့ တွဲဖက်အသုံးပြုနိုင်မယ်လို့ ပုံလေးတွေက ပြောပြနေပါတယ်။ charging brick, charging cable နဲ့ USB-C to 3.5mm adapter လေးကိုလည်း ဘူးထဲမှာ တွေ့မြင်ရပါတယ်။ iPhone လိုမျိုး wallpaper လေးကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Software ကလည်း Android 9 ကို 8-core Qualcomm processor ၊ Adreno 630 GPU တို့နဲ့ တွဲဖက်ထားပါတယ်။ Pixel 3 XL ဟာ 4GB RAM ၊ resolution 1440×2960 ၊ density 494 PPI တို့ ပါဝင်ဦးမှာပါ။
iPhone X ဟာ ၂၀၁၇ နိုဝင်ဘာမှာ ထွက်ရှိခဲ့ပြီးတော့ notch လေးတွေက ဒီဇင်ဘာလကနေ ၂၀၁၈ အထိ ထွက်ပေါ်နေတုန်းပါပဲ။ မတ်လမှာ Google က Anroid P ကို မိတ်ဆက်ခဲ့ပြီးတော့ notch လေးတွေကို ထည့်သွင်းတဲ့အခါ အဆင်ပြေအောင်လို့ လုပ်ဆောင်ပေးခဲ့ပါတယ်။
Apple အတွက်ကတော့ notch-style design ကို မျက်နှာပြင်ကျယ်အောင် လုပ်ဆောင်ခဲ့တာပါ။ TrueDepth camera system ကိုလည်း Face ID အတွက် လုပ်ဆောင်ထားခဲ့ပါတယ်။ Android စမတ်ဖုန်းလေးတွေကတော့ ဒီဇိုင်းကို ကူးချထားတာဖြစ်ပြီးတော့ အရှေ့ကင်မရာရဲ့လုပ်ဆောင်ချက်ကို မလုပ်နိုင်သေးပါဘူး။ အဲဒီအစား fingerprint scanner ကိုသာ အသုံးပြုထားကြတာပါ။

Leave a Reply