Google Pixel 3 XL ရဲ့ unboxing video ပေါက်ကြားသွား

0
995

Zawgyi Version


 

 

 

 

 




 

 

 

 

 




Unicode Version

Pixel 3 XL ထွက်ရှိဖို့အတွက်ဆိုရင်တော့ နှစ်လလောက် စောင့်ရဦးမှာပါ။ အောက်တိုဘာ ၄ရက်နေ့မှ ပြသဖို့ စီစဉ်ထားပေမယ့်လည်း ပုံရိပ်တွေကတော့ ထွက်ပေါ်လာနေပါတယ်။ AOSP မှာ ပြသထားတဲ့အတွက်ကြောင့် တဖြည်းဖြည်းပေါက်ကြားနေတာကို သိထားပါတယ်။ အခုဆိုရင်လည်း နောက်ထပ်ပေါက်ကြားမှုတစ်ခုနဲ့ တွေ့ဆုံလိုက်ကြပါဦးစို့။
Pixel တွေဟာ mid-range လို့ပြောရမယ်ဆိုပေမယ့်လ်ညး premium တွေလောက်နီးနီးကောင်းပါတယ်။ face recognition support ကို Android မှာ စံနှုန်းတစ်ခုအနေနဲ့ သတ်မှတ်ဖို့အတွက် မျှော်လင့်မိပါတယ်။ Pixel 3 နဲ့ 3 XL တို့ရဲ့မျက်နှာပြင်အရွယ်အစားက သိပ်မခြားနားပေမယ့်လည်း XL ဟာ notch ပိုပြီးတာကို သတိထားမိပါတယ်။ အနောက်ပိုင်းမှာ ဖန်သားပြင်ကိုအသုံးပြုထားပြီးတော့ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်လောက်ပါတယ်။
Google Pixel 3 XL အတွက် အချက်အလက်အချို့နဲ့ feature အချို့ကိုတော့ benchmark တွေမှာ တွေ့မြင်ရခြင်းမရှိသေးပါဘူး။ အခုအချိန်မှာတော့ unboxing video လေးက အွန်လိုင်းမှာ ပျံ့သွားပါတယ်။ ဒီတော့ ဘာတွေပါမလဲဆိုတာ ကျွန်တော်တို့ကို သိခွင့်ပေးလိုက်ပါပြီ။
အများကြီးမဟုတ်ပေမယ့်လည်း ဆက်နွယ်နေတဲ့ပုံရိပ်တွေကို LuchkovCh ရဲ့ Telegram channel မှာ ထပ်တွေ့လိုက်ပါတယ်။
ဒီတော့အချို့အချက်အလက်လေးတွေကို အတည်ပြုလို့ရသွားပါတယ်။
Pixel 3 XL ဟာ Anroid 9 Pie ကို အသုံးပြုထားပြီးတော့ Snapdragon 845 ကိုအသုံးပြုထားပါတယ်။ Ram 4GB , Adreno 630 GPU ကို အသုံးပြုထားပါတယ်။ resolution ကတော့ 1400 x 2960 ဖြစ်ပြီး 494 PPI ဖြစ်ပါတယ်။
ရုရှားသားတစ်ယောက်ဆီကနေ သိရတာဖြစ်ပါတယ်။ သူဟာ beta tester လားမသိပေမယ့်လည်း ဗွီဒီယိုတင်ဖို့အတွက် နှစ်ခါမစဉ်းစားတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ အတုအယောင်ဖြစ်နိုင်တယ်ဆိုပေမယ့်လည်း Pixel 3 XL အတွက်တော့ အညွှန်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ Android 9 ပါဝင်မယ်ဆိုတာကတော့ တရားဝင်လောက်ပါတယ်။

Leave a Reply