Galaxy Note 9 အေၾကာင္းအျပည့္အစံုႏွင့္ Pre-order Pack

0
876

Zawgyi Version

Galaxy Note series ကေတာ့ အျမဲတမ္းဒီလိုပါပဲ။ ၅.၃လက္မ screen ကို ဘယ္သူလိုခ်င္လဲဆိုတဲ့ ေၾကာ္ျငာေလးကေန Note 7 ျဖစ္ရပ္အထိ သတင္းေတြေပါက္ခဲ့ပါတယ္။ Note family ကေတာ့ Samsung ရဲ႕ဂုဏ္ယူစရာအေကာင္းဆံုးျဖစ္ရပ္တစ္ခုလို႕ ေျပာရလိမ့္မယ္။ သူ႕ရဲ႕နည္းပညာနဲ႕ ဒီဇုိင္းပုိင္းမွာ ဦးေဆာင္ေနႏိုင္မႈေတြကို ထည့္သြင္းေဖာ္ျပထားတဲ့ဖုန္းစီးရီးလို႕ ေျပာလိုက္ခ်င္ပါတယ္။
နယူးေယာက္ျမိဳ႕မွာ ဒီေန႕ေၾကညာလုိက္တဲ့ Galaxy Note 9 ကေတာ့ အရမ္းမိုက္ပါတယ္။ ေကာင္းတယ္လို႕ေခၚမလား၊ ဆိုးတယ္လို႕ေခၚမလား။ Samsung ကေတာ့ ေအးေအးေဆးေဆး ကစားထားပါတယ္။ သင္က အေရာင္ပိုင္းနဲ႕ပတ္သတ္ျပီး ခံစားခ်က္မျပင္းဘူးဆုိရင္ေပါ့။ ဒီေတာ့ သိခ်င္ေနတဲ့အခ်က္အလက္ေတြအားလံုးကို တစ္ေနရာတည္းမွာ ဖတ္လို႕ရေအာင္ စုစည္းတင္ျပေပးလိုက္ပါတယ္။
Note 8 နဲ႕ ယွဥ္ၾကည့္ရေအာင္
Galaxy Note 9 ကေတာ့ ဒီဇုိင္းပိုင္းအရ အေတာ္ေလးေျပာင္းလဲထားပါတယ္။ Note 9 ဟာ Galaxy Note 8 နဲ႕ တစ္ေထရာတည္းတူမယ္လို႕ ထင္ရပါတယ္။ ဖုန္းရဲ႕အေရွ႕ပိုင္းမွာ Note 8 နဲ႕ထပ္တူပါပဲ။ ၆.၄လက္မ မ်က္ႏွာျပင္နဲ႕အတူ ေဘာင္ေလးေတြပါးထားတာကို ေတြ႕ရပါတယ္။ Note ထဲမွာ အၾကီးမားဆံုးလို႕ ေျပာရမွာပါ။
လက္ေဗြစနစ္ကေတာ့ အေနာက္ဘက္မွာထည့္သြင္းထားျပီးေတာ့ ကင္မရာရဲ႕ေအာက္ဘက္ကို ေရာက္သြားပါျပီ။ Samsung က မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္ကိုအသံုးျပဳထားမယ္လို႕ သတင္းေတြထြက္ေနေပမယ့္လည္း Samsung အတြက္ အဆင္သင့္မျဖစ္ေသးဘူးနဲ႕တူပါတယ္။
Samsung က အေရာင္ေရြးခ်ယ္မႈနဲ႕ ပတ္သတ္ျပီးေတာ့ ကစားထားတာေတြ႕ျမင္ရမွာပါ။

Lavender Purple နဲ႕ Metallic Copper တို႕ကို သမားရိုးက် အနက္နဲ႕ အျပာတို႕ထဲကို ေပါင္းစပ္ထားပါတယ္။ အ၀ါေရာင္ S PEn ေလးကို အျပာေမာ္ဒယ္လ္နဲ႕ေပါင္းစပ္ျဖန္႕ခ်ိမယ္ဆိုတာကလည္း အရမ္းမိုက္တဲ့စိတ္ကူးေလးပါပဲ။ ပံုမွန္အရေတာ့ Samsung က ယူအက္စ္မွာ version နည္းနည္းသာထုတ္ေပးတာမို႕ အျပာနဲ႕ purple တို႕သာ ရႏုိင္မွာပါ။
Galaxy Note 9 specs
Galaxy Note 9 specs နဲ႕ features ေတြကို အရင္တုန္းက ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ အေရးပါတဲ့အခ်က္အလက္ေလးေတြကို ေအာက္မွာဇယားနဲ႕ ေျပာျပေပးသြားဦးမွာပါ။ Galaxy Note 9 ရဲ႕ အခ်က္အလက္ေတြက ေတာင့္တမႈအမ်ားဆံုးသံုးစြဲသူေတြကိုေတာင္ ေက်နပ္ေစႏုိင္မွာပါ။ 8GB RAM နဲ႕ 512GB storage ကေတာ့ မွန္ပါတယ္။ ေစ်းႏႈန္းကလည္း ငိုခ်င္ေလာက္တဲ့ ေဒၚလာ၁၂၅၀ နဲ႕ ေရာင္းခ်မွာေလ။

Samsung Galaxy Note 9
Display 6.4-inch Super AMOLED display
2,960 x 1,440 resolution (Quad HD+)
516 ppi
18.5:9 screen ratio
SoC Global: 10 nm, 64-bit, octa-core Samsung Exynos 9810 (2.8 GHz quad + 1.7 GHz quad)

U.S.: 10nm, 64-bit, octa-core Qualcomm Snapdragon 845

GPU ARM Mali-G72 MP18 (Exynos)
Adreno 630 (Snapdragon)
RAM 6GB or 8GB RAM
LPDDR4
Storage 128GB or 512GB
microSD expansion up to 512GB
Cameras Rear: Dual camera with dual OIS
Wide-angle: Super Speed Dual Pixel 12 MP AF sensor with OIS, f/1.5 and f/2.4 apertures
Telephoto: 12 MP AF sensor, f/2.4 aperture, 2x zoom

Front: 8 MP AF sensor, f/1.7 aperture

Audio Stereo speakers tuned by AKG, surround sound with Dolby Atmos technology

Audio formats: MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB, FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA, DSF, DFF, APE

Video MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV, MKV, WEBM
Battery 4,000mAh battery
Non-removable
Fast Wired Charging compatible with QC 2.0
Fast Wireless Charging compatible with WPC and PMA
IP rating IP68
Sensors Iris
Pressure
Accelerometer
Barometer
Fingerprint
Gyro
Geomagnetic
Hall
HR
Proximity
RGB Light
Network Enhanced 4X4 MIMO/CA, LAA, LTE Cat. 18
Connectivity Wi-Fi 802.11 a/b/g/n/ac (2.4/5 GHz)
VHT80 MU-MIMO
1024QAM
Bluetooth v5.0 (LE up to 2 Mbps)
ANT+
USB Type-C
NFC
Location: GPS, Galileo, Glonass, BeiDou
SIM Single nano-SIM
Authentication Lock type: Pattern, PIN, password

Biometric lock type: iris scanner, fingerprint scanner, face recognition, Intelligent Scan

Software Android 8.1 with Samsung Experience
Dimensions and weight 161.9 x 76.4 x 8.8mm
201g
Colors Lavender Purple, Ocean Blue, Midnight Black, Metallic Copper

သိမ္းဆည္းမႈအတြက္ စိတ္ပူစရာမလိုေတာ့ဘူးေပါ့။
စမတ္ဖုန္းအခ်က္အလက္ေတြကေတာ့ ယွဥ္ၾကည့္လုိက္မယ္ဆိုရင္ သိပ္မကြာေတာ့ပါဘူး။ ေခါက္ႏုိင္တဲ့စမတ္ဖုန္းေတြမေပၚခင္အထိေပါ့။ ဒီေတာ့ Samsung က သိုေလွာင္မႈကို အဓိကျပခ်င္သြားတယ္ဆိုတာ မအံ့ၾသမိပါဘူး။ unlimited data နဲ႕ cloud storage plan ေတြေပးရင္ေတာင္မွ local storage အဲေလာက္မ်ားတာ မရွိေသးပါဘူး။
Galaxy Note 9 ရဲ႕ base version ကေတာ့ 128GB ျဖစ္ေနေတာ့ အေတာ္ေလးမိုက္ေနပါျပီ။ ဒါေပမယ့္ storage မက္တဲ့သူေတြကေတာ့ 512GB အထိ ေရြးႏုိင္ပါတယ္။ 512GB microSD card နဲ႕ တြဲလိုက္မယ္ဆုိရင္ေတာ့ 1TB ေလာက္ကို အိတ္ထဲထည့္ထားႏုိင္မွာပါ။ အဆင္ေျပမယ့္ကဒ္ေတြကို ဒီႏွစ္ထဲမွာပဲ ထုတ္ေပးသြားမယ္လို႕ ေျပာထားပါတယ္။ ဒါေပမယ့္လည္း ေစ်းကြက္ထဲမွာ 512GB microSD card ကို ၀ယ္လို႕မရေၾကာင္း ရွင္းျပမသြားပါဘူး။
တစ္ေန႕တာခံမယ္ဘတ္ထရီနဲ႕ Wireless Charger ေပါင္းစပ္မႈ
မ်က္ႏွာျပင္က်ယ္မယ္ဆိုရင္ေတာ့ ဘတ္ထရီပမာဏမ်ားမ်ားလည္း လိုအပ္မွာပါ။ Note family က ဘတ္ထရီေကာင္းတယ္ဆိုတာ သိျပီးသားပါပဲ။ Huawei Mate series လိုမ်ိဳးေတာင္ မမီေသးပါဘူး။ Galaxy Note 9 မွာ 4,000mAh ဘတ္ထရီကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ Mate 10 Pro နဲ႕ အတူတူေလာက္ပါပဲ။
ဒါဟာ Galaxy S9 Plus ထက္ ၁၅%ပိုေကာင္းလာျပီးေတာ့ Galaxy Note 8 ထက္ ၂၀% ပိုတိုးလာတာျဖစ္ပါတယ္။ ဒီေတာ့ တစ္ေန႕တာအလုပ္အတြက္ အဆင္ေျပေစမွာျဖစ္ျပီးေတာ့ အသံုးၾကမ္းတဲ့သူေတြေတာင္မွ အဆင္ေျပေစႏုိင္ပါတယ္။
Samsung က Duo လို႕ေခၚတဲ့ wireless charger အသစ္ေလးကိုလည္း မိတ္ဆက္ထားပါတယ္။ စမတ္ဖုန္းႏွစ္လံုးကို တစ္ျပိဳင္တည္းနဲ႕ အားသြင္းေစႏုိင္ပါတယ္။ ဒါမွမဟုတ္လည္း စမတ္ဖုန္းတစ္လံုးနဲ႕ နာရီတစ္လံုးသြင္းလို႕ရပါတယ္။ အရင္တုန္းကလည္း အခုလိုႏွစ္မ်ိဳးအားသြင္းႏုိင္တဲ့ charger ေလးေတြကို မိတ္ဆက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဒီ 25W ေမာ္ဒယ္လ္ေလးကေတာ့ Note ဘတ္ထရီကို ျမန္ျမန္ျပည့္ေစမွာပါ။
မေမးခင္မွာ ေျဖလိုက္ပါဦးမယ္။ ဘတ္ထရီပိုင္းမွာ စိတ္ခ်ရေအာင္လို႕ eight-point testing suite ကို အသံုးျပဳထားလို႕ စိတ္ခ်လိုက္ပါ။
S Pen ကလည္း Bluetooth နဲ႕ခ်ိတ္ထားျပီး စမတ္ပိုျဖစ္လာ
S Pen ဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မေျပာင္းလဲခဲ့ပါဘူး။ ဒါေပမယ့္ Note 9 မွာေတာ့ stylus ေလးက အေတာ္ေလး အဆင့္ျမွင့္ထားပါတယ္။ S Pen မွာ Bluetooth LE အျပင္ ဘတ္ထရီလည္းထည့္သြင္းေပးထားပါတယ္။ ဒီေတာ့ ဖုန္းအတြက္လည္း ရီမုအျဖစ္နဲ႕ အသံုးျပဳလို႕ရပါတယ္။ S Pen ခလုတ္ေလးကိုႏွိပ္ျပီးေတာ့ ကင္မရာရိုက္ကူးျခင္း၊ အသံခလုတ္အျဖစ္နဲ႕ အသံုးျပဳျခင္း၊ ဖုန္းကို unlock လုပ္ျခင္း၊ အၾကိဳက္ဆံုး app ကိုဖြင့္ျခငး္ေတြလုပ္ႏုိင္ေတာ့ လက္နဲ႕ထိစရာေတာင္ မလိုေတာ့ဘူးေပါ့။
S Pen ဟာ ဖုန္းထဲထည့္ထားခ်ိန္မွာ အားသြင္းမွာျဖစ္ျပီးေတာ့ တစ္မိနစ္အားသြင္းလုိက္ရင္ မိနစ္၃၀ ဒါမွမဟုတ္ အခ်က္ေပါင္း ၂၀၀ အတြက္ အားခံမွာျဖစ္ပါတယ္။ S PEn ေလးဟာ ဘတ္ထရီျပတ္လပ္သြားမယ္ဆိုရင္ေတာ့ ေရးသားျခင္း၊ ပံုဆြဲျခင္းေတြ လုပ္ေဆာင္ႏုိင္ဦးမွာပါ။
Samsung ဟာ SDK ကိုလည္း ထုတ္လုပ္ေပးထားတဲ့အတြက္ေၾကာင့္ third-party developers ေတြအေနနဲ႕ S Pen ကို သူတို႕ရဲ႕ app အတြက္ ထိန္းခ်ဳပ္မႈေတြ ေရးသားႏုိင္ဦးမွာပါ။
ကင္မရာတူေပမယ့္ intelligence အသစ္နဲ႕
Samsung က Galaxy Note 9 ကို စမတ္ဖုန္းတုိင္းထက္ အေကာင္းဆံုးကင္မရာကို ထည့္သြင္းေပးထားပါတယ္။ ကင္မရာစမ္းသပ္မႈကိုေစာင့္ေနတုန္းမွာ Galaxy S9 Plus မွာလိုပဲ 12MP ကင္မရာႏွစ္လံုးနဲ႕ aperture နွစ္ခု၊ optical image stabilization ကိုထည့္သြင္းေပးထားတယ္လို႕ သိထားပါတယ္။
software update လည္း လုပ္ေပးထားပါတယ္။ Samsung ဟာ အခုဆိုရင္ AI နည္းပညာကိုအသံုးျပဳျပီးေတာ့ ရိုက္ကူးေနတဲ့ျမင္ကြင္းကို သိရွိေစနုိင္ေအာင္ လုပ္ေပးထားျပီးေတာ့ အကိုက္ညီဆံုး setting ကို ေျပာင္းလဲေပးေစမွာပါ။ ေနာက္တစ္ခုကေတာ့ defect detection feature ေလးပါပဲ။ ဒါေၾကာင့္ ၀ါးေနမယ္ဆိုရင္၊ မ်က္လံုးမွိတ္ေနမယ္ဆိုရင္ အသိေပးသြားဦးမွာပါ။
Fortnite ကို Android exclusive အျဖစ္နဲ႕ထည့္သြင္းထား
Fortnite ကေတာ့ မိတ္ဆက္ေနစရာမလိုအပ္ဘူးထင္ပါတယ္။ ဒီဂိမ္းေလးဟာ ကစားသူေပါင္း မီလ်ံနဲ႕ခ်ီပါတယ္။ Android ကလြဲျပီးေတာ့ အျခား platform ေတြမွာ ရေနပါျပီ။ ဒီေန႕မွာေတာ့ ေျပာင္းလဲသြားမွာပါ။ Samsung နဲ႕ Epic တို႕ပူးေပါင္းျပီးေတာ့ Fortnite ကို Galaxy flagship ေတြအတြက္ ထည့္သြင္းေပးေတာ့မွာပါ။ ရက္အနည္းငယ္ေလာက္ပဲဆိုေတာ့ ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့ မသိေသးပါဘူး။ ဒါေပမယ့္လည္း Note series နဲ႕ Fortnite ကစားသူေတြဟာ သိပ္ျပီးမကိုက္ညီဘူးလို႕ေတာ့ ေျပာဆိုေနသံေတြလည္း ထြက္ခဲ့ပါတယ္။
Galaxy Note 9 ကေတာ့ ဂိမ္းမင္းစမတ္ဖုန္းတစ္လံုးမဟုတ္တဲ့အတြက္ေၾကာင့္ Fortnite နဲ႕တြဲဖက္ျပီး ဂိမ္းသမားေတြကိုလည္း ဆြဲေဆာင္လိုက္တာပါ။
Note 9 အျပင္ Fortnite ကို Galaxy S7 ၊ Galaxy Tab S3 နဲ႕ Tab S4 တို႕မွာ ကစားႏုိင္မွာပါ။ Note 9 နဲ႕ Tab S4 သံုးစြဲသူေတြကေတာ့ Galaxy skin ကိုလည္း ရႏုိင္ဦးမွာပါ။
Samsung Galaxy Note 9 ထြက္ရွိမယ့္ရက္နဲ႕ ေစ်းႏႈန္း
ယူအက္စ္မွာ Samsung Galaxy Note 9 ကို ၾသဂုတ္လ္ ၂၄ရက္ေန႕မွာ ေရာင္းခ်သြားပါ။ ဒီေန႕ကစျပီးေတာ့ ေအာ္ဒါတင္ႏုိင္ေနပါျပီ။


Galaxy Note 9 ဟာ Ocean Blue ၊ Lavender Purple တို႕ကို Unlock အေနနဲ႕ ရႏိုင္မွာပါ။ 128GB model ဆိုရင္ေတာ့ $999.99 ျဖစ္ျပီး Amazon, Best Buy, Costco, Sam’s Club, Straight Talk Wireless, Target, Walmart နဲ႕ Samsung.com မွာရႏိုင္ပါျပီ။
512GB Galaxy Note 9 ကေတာ့ $1249.99 ျဖစ္ျပီး AT&T, T-Mobile, Verizon, U.S. Cellular နဲဲ႕ Samsung.com မွာ ရႏုိင္မွာပါ။
Pre-order pack
Samsung က ၾသဂုတ္လ၂၄ရက္မတုိင္ခင္မွာတဲ့သူေတြကို ဘာေပးမလဲဆိုေတာ့
$299 တန္ေၾကးရွိတဲ့ AKG noise-canceling headphone
15,000 Fortnite V-bucks နဲ႕ Fortnite Galaxy Skin (တန္ေၾကး $150)
AKG headphone နဲ႕ Fortnite game bundle ကေတာ့ $449
AKG headphone အလံုးေရ ၁၀၂၀၀၀ နဲ႕ Fortnite bundle ၄၆၀၀၀ ျဖစ္ပါတယ္။ bundle ေတြကိုေတာ့ ၃၆၀၀၀ ေလာက္သာ ထုတ္ေပးသြားမွာပါ။

Unicode Version

Galaxy Note series ကတော့ အမြဲတမ်းဒီလိုပါပဲ။ ၅.၃လက်မ screen ကို ဘယ်သူလိုချင်လဲဆိုတဲ့ ကြော်ငြာလေးကနေ Note 7 ဖြစ်ရပ်အထိ သတင်းတွေပေါက်ခဲ့ပါတယ်။ Note family ကတော့ Samsung ရဲ့ဂုဏ်ယူစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုလို့ ပြောရလိမ့်မယ်။ သူ့ရဲ့နည်းပညာနဲ့ ဒီဇိုင်းပိုင်းမှာ ဦးဆောင်နေနိုင်မှုတွေကို ထည့်သွင်းဖော်ပြထားတဲ့ဖုန်းစီးရီးလို့ ပြောလိုက်ချင်ပါတယ်။
နယူးယောက်မြို့မှာ ဒီနေ့ကြေညာလိုက်တဲ့ Galaxy Note 9 ကတော့ အရမ်းမိုက်ပါတယ်။ ကောင်းတယ်လို့ခေါ်မလား၊ ဆိုးတယ်လို့ခေါ်မလား။ Samsung ကတော့ အေးအေးဆေးဆေး ကစားထားပါတယ်။ သင်က အရောင်ပိုင်းနဲ့ပတ်သတ်ပြီး ခံစားချက်မပြင်းဘူးဆိုရင်ပေါ့။ ဒီတော့ သိချင်နေတဲ့အချက်အလက်တွေအားလုံးကို တစ်နေရာတည်းမှာ ဖတ်လို့ရအောင် စုစည်းတင်ပြပေးလိုက်ပါတယ်။
Note 8 နဲ့ ယှဉ်ကြည့်ရအောင်
Galaxy Note 9 ကတော့ ဒီဇိုင်းပိုင်းအရ အတော်လေးပြောင်းလဲထားပါတယ်။ Note 9 ဟာ Galaxy Note 8 နဲ့ တစ်ထေရာတည်းတူမယ်လို့ ထင်ရပါတယ်။ ဖုန်းရဲ့အရှေ့ပိုင်းမှာ Note 8 နဲ့ထပ်တူပါပဲ။ ၆.၄လက်မ မျက်နှာပြင်နဲ့အတူ ဘောင်လေးတွေပါးထားတာကို တွေ့ရပါတယ်။ Note ထဲမှာ အကြီးမားဆုံးလို့ ပြောရမှာပါ။
လက်ဗွေစနစ်ကတော့ အနောက်ဘက်မှာထည့်သွင်းထားပြီးတော့ ကင်မရာရဲ့အောက်ဘက်ကို ရောက်သွားပါပြီ။ Samsung က မျက်နှာပြင်အောက် လက်ဗွေစနစ်ကိုအသုံးပြုထားမယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း Samsung အတွက် အဆင်သင့်မဖြစ်သေးဘူးနဲ့တူပါတယ်။
Samsung က အရောင်ရွေးချယ်မှုနဲ့ ပတ်သတ်ပြီးတော့ ကစားထားတာတွေ့မြင်ရမှာပါ။
Lavender Purple နဲ့ Metallic Copper တို့ကို သမားရိုးကျ အနက်နဲ့ အပြာတို့ထဲကို ပေါင်းစပ်ထားပါတယ်။ အဝါရောင် S PEn လေးကို အပြာမော်ဒယ်လ်နဲ့ပေါင်းစပ်ဖြန့်ချိမယ်ဆိုတာကလည်း အရမ်းမိုက်တဲ့စိတ်ကူးလေးပါပဲ။ ပုံမှန်အရတော့ Samsung က ယူအက်စ်မှာ version နည်းနည်းသာထုတ်ပေးတာမို့ အပြာနဲ့ purple တို့သာ ရနိုင်မှာပါ။
Galaxy Note 9 specs
Galaxy Note 9 specs နဲ့ features တွေကို အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အရေးပါတဲ့အချက်အလက်လေးတွေကို အောက်မှာဇယားနဲ့ ပြောပြပေးသွားဦးမှာပါ။ Galaxy Note 9 ရဲ့ အချက်အလက်တွေက တောင့်တမှုအများဆုံးသုံးစွဲသူတွေကိုတောင် ကျေနပ်စေနိုင်မှာပါ။ 8GB RAM နဲ့ 512GB storage ကတော့ မှန်ပါတယ်။ ဈေးနှုန်းကလည်း ငိုချင်လောက်တဲ့ ဒေါ်လာ၁၂၅၀ နဲ့ ရောင်းချမှာလေ။
သိမ်းဆည်းမှုအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။
စမတ်ဖုန်းအချက်အလက်တွေကတော့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် သိပ်မကွာတော့ပါဘူး။ ခေါက်နိုင်တဲ့စမတ်ဖုန်းတွေမပေါ်ခင်အထိပေါ့။ ဒီတော့ Samsung က သိုလှောင်မှုကို အဓိကပြချင်သွားတယ်ဆိုတာ မအံ့သြမိပါဘူး။ unlimited data နဲ့ cloud storage plan တွေပေးရင်တောင်မှ local storage အဲလောက်များတာ မရှိသေးပါဘူး။
Galaxy Note 9 ရဲ့ base version ကတော့ 128GB ဖြစ်နေတော့ အတော်လေးမိုက်နေပါပြီ။ ဒါပေမယ့် storage မက်တဲ့သူတွေကတော့ 512GB အထိ ရွေးနိုင်ပါတယ်။ 512GB microSD card နဲ့ တွဲလိုက်မယ်ဆိုရင်တော့ 1TB လောက်ကို အိတ်ထဲထည့်ထားနိုင်မှာပါ။ အဆင်ပြေမယ့်ကဒ်တွေကို ဒီနှစ်ထဲမှာပဲ ထုတ်ပေးသွားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာ 512GB microSD card ကို ဝယ်လို့မရကြောင်း ရှင်းပြမသွားပါဘူး။
တစ်နေ့တာခံမယ်ဘတ်ထရီနဲ့ Wireless Charger ပေါင်းစပ်မှု
မျက်နှာပြင်ကျယ်မယ်ဆိုရင်တော့ ဘတ်ထရီပမာဏများများလည်း လိုအပ်မှာပါ။ Note family က ဘတ်ထရီကောင်းတယ်ဆိုတာ သိပြီးသားပါပဲ။ Huawei Mate series လိုမျိုးတောင် မမီသေးပါဘူး။ Galaxy Note 9 မှာ 4,000mAh ဘတ်ထရီကို အသုံးပြုထားတဲ့အတွက်ကြောင့် Mate 10 Pro နဲ့ အတူတူလောက်ပါပဲ။
ဒါဟာ Galaxy S9 Plus ထက် ၁၅%ပိုကောင်းလာပြီးတော့ Galaxy Note 8 ထက် ၂၀% ပိုတိုးလာတာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအလုပ်အတွက် အဆင်ပြေစေမှာဖြစ်ပြီးတော့ အသုံးကြမ်းတဲ့သူတွေတောင်မှ အဆင်ပြေစေနိုင်ပါတယ်။
Samsung က Duo လို့ခေါ်တဲ့ wireless charger အသစ်လေးကိုလည်း မိတ်ဆက်ထားပါတယ်။ စမတ်ဖုန်းနှစ်လုံးကို တစ်ပြိုင်တည်းနဲ့ အားသွင်းစေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း စမတ်ဖုန်းတစ်လုံးနဲ့ နာရီတစ်လုံးသွင်းလို့ရပါတယ်။ အရင်တုန်းကလည်း အခုလိုနှစ်မျိုးအားသွင်းနိုင်တဲ့ charger လေးတွေကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီ 25W မော်ဒယ်လ်လေးကတော့ Note ဘတ်ထရီကို မြန်မြန်ပြည့်စေမှာပါ။
မမေးခင်မှာ ဖြေလိုက်ပါဦးမယ်။ ဘတ်ထရီပိုင်းမှာ စိတ်ချရအောင်လို့ eight-point testing suite ကို အသုံးပြုထားလို့ စိတ်ချလိုက်ပါ။
S Pen ကလည်း Bluetooth နဲ့ချိတ်ထားပြီး စမတ်ပိုဖြစ်လာ
S Pen ဟာ နှစ်ပေါင်းများစွာကြာအောင် မပြောင်းလဲခဲ့ပါဘူး။ ဒါပေမယ့် Note 9 မှာတော့ stylus လေးက အတော်လေး အဆင့်မြှင့်ထားပါတယ်။ S Pen မှာ Bluetooth LE အပြင် ဘတ်ထရီလည်းထည့်သွင်းပေးထားပါတယ်။ ဒီတော့ ဖုန်းအတွက်လည်း ရီမုအဖြစ်နဲ့ အသုံးပြုလို့ရပါတယ်။ S Pen ခလုတ်လေးကိုနှိပ်ပြီးတော့ ကင်မရာရိုက်ကူးခြင်း၊ အသံခလုတ်အဖြစ်နဲ့ အသုံးပြုခြင်း၊ ဖုန်းကို unlock လုပ်ခြင်း၊ အကြိုက်ဆုံး app ကိုဖွင့်ခြင်းတွေလုပ်နိုင်တော့ လက်နဲ့ထိစရာတောင် မလိုတော့ဘူးပေါ့။
S Pen ဟာ ဖုန်းထဲထည့်ထားချိန်မှာ အားသွင်းမှာဖြစ်ပြီးတော့ တစ်မိနစ်အားသွင်းလိုက်ရင် မိနစ်၃၀ ဒါမှမဟုတ် အချက်ပေါင်း ၂၀၀ အတွက် အားခံမှာဖြစ်ပါတယ်။ S PEn လေးဟာ ဘတ်ထရီပြတ်လပ်သွားမယ်ဆိုရင်တော့ ရေးသားခြင်း၊ ပုံဆွဲခြင်းတွေ လုပ်ဆောင်နိုင်ဦးမှာပါ။
Samsung ဟာ SDK ကိုလည်း ထုတ်လုပ်ပေးထားတဲ့အတွက်ကြောင့် third-party developers တွေအနေနဲ့ S Pen ကို သူတို့ရဲ့ app အတွက် ထိန်းချုပ်မှုတွေ ရေးသားနိုင်ဦးမှာပါ။
ကင်မရာတူပေမယ့် intelligence အသစ်နဲ့
Samsung က Galaxy Note 9 ကို စမတ်ဖုန်းတိုင်းထက် အကောင်းဆုံးကင်မရာကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာစမ်းသပ်မှုကိုစောင့်နေတုန်းမှာ Galaxy S9 Plus မှာလိုပဲ 12MP ကင်မရာနှစ်လုံးနဲ့ aperture နှစ်ခု၊ optical image stabilization ကိုထည့်သွင်းပေးထားတယ်လို့ သိထားပါတယ်။
software update လည်း လုပ်ပေးထားပါတယ်။ Samsung ဟာ အခုဆိုရင် AI နည်းပညာကိုအသုံးပြုပြီးတော့ ရိုက်ကူးနေတဲ့မြင်ကွင်းကို သိရှိစေနိုင်အောင် လုပ်ပေးထားပြီးတော့ အကိုက်ညီဆုံး setting ကို ပြောင်းလဲပေးစေမှာပါ။ နောက်တစ်ခုကတော့ defect detection feature လေးပါပဲ။ ဒါကြောင့် ဝါးနေမယ်ဆိုရင်၊ မျက်လုံးမှိတ်နေမယ်ဆိုရင် အသိပေးသွားဦးမှာပါ။
Fortnite ကို Android exclusive အဖြစ်နဲ့ထည့်သွင်းထား
Fortnite ကတော့ မိတ်ဆက်နေစရာမလိုအပ်ဘူးထင်ပါတယ်။ ဒီဂိမ်းလေးဟာ ကစားသူပေါင်း မီလျံနဲ့ချီပါတယ်။ Android ကလွဲပြီးတော့ အခြား platform တွေမှာ ရနေပါပြီ။ ဒီနေ့မှာတော့ ပြောင်းလဲသွားမှာပါ။ Samsung နဲ့ Epic တို့ပူးပေါင်းပြီးတော့ Fortnite ကို Galaxy flagship တွေအတွက် ထည့်သွင်းပေးတော့မှာပါ။ ရက်အနည်းငယ်လောက်ပဲဆိုတော့ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့်လည်း Note series နဲ့ Fortnite ကစားသူတွေဟာ သိပ်ပြီးမကိုက်ညီဘူးလို့တော့ ပြောဆိုနေသံတွေလည်း ထွက်ခဲ့ပါတယ်။
Galaxy Note 9 ကတော့ ဂိမ်းမင်းစမတ်ဖုန်းတစ်လုံးမဟုတ်တဲ့အတွက်ကြောင့် Fortnite နဲ့တွဲဖက်ပြီး ဂိမ်းသမားတွေကိုလည်း ဆွဲဆောင်လိုက်တာပါ။
Note 9 အပြင် Fortnite ကို Galaxy S7 ၊ Galaxy Tab S3 နဲ့ Tab S4 တို့မှာ ကစားနိုင်မှာပါ။ Note 9 နဲ့ Tab S4 သုံးစွဲသူတွေကတော့ Galaxy skin ကိုလည်း ရနိုင်ဦးမှာပါ။
Samsung Galaxy Note 9 ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်း
ယူအက်စ်မှာ Samsung Galaxy Note 9 ကို သြဂုတ်လ် ၂၄ရက်နေ့မှာ ရောင်းချသွားပါ။ ဒီနေ့ကစပြီးတော့ အော်ဒါတင်နိုင်နေပါပြီ။
Galaxy Note 9 ဟာ Ocean Blue ၊ Lavender Purple တို့ကို Unlock အနေနဲ့ ရနိုင်မှာပါ။ 128GB model ဆိုရင်တော့ $999.99 ဖြစ်ပြီး Amazon, Best Buy, Costco, Sam’s Club, Straight Talk Wireless, Target, Walmart နဲ့ Samsung.com မှာရနိုင်ပါပြီ။
512GB Galaxy Note 9 ကတော့ $1249.99 ဖြစ်ပြီး AT&T, T-Mobile, Verizon, U.S. Cellular နဲ့ Samsung.com မှာ ရနိုင်မှာပါ။
Pre-order pack
Samsung က သြဂုတ်လ၂၄ရက်မတိုင်ခင်မှာတဲ့သူတွေကို ဘာပေးမလဲဆိုတော့
$299 တန်ကြေးရှိတဲ့ AKG noise-canceling headphone
15,000 Fortnite V-bucks နဲ့ Fortnite Galaxy Skin (တန်ကြေး $150)
AKG headphone နဲ့ Fortnite game bundle ကတော့ $449
AKG headphone အလုံးရေ ၁၀၂၀၀၀ နဲ့ Fortnite bundle ၄၆၀၀၀ ဖြစ်ပါတယ်။ bundle တွေကိုတော့ ၃၆၀၀၀ လောက်သာ ထုတ်ပေးသွားမှာပါ။

Leave a Reply