AI ကို အဓိကထားလုပ္ေဆာင္မည့္ Qualcomm Snapdragon 670 mobile processor

0
843

Zawgyi Vesion

မေန႕ကတုန္းက Qualcomm Snapdragon Wear 3100 လာေတာ့မယ္ဆိုတာ ေျပာခဲ့ပါတယ္။ လာမယ့္ mobile processor ေလးကေတာ့ wearable ေတြအတြက္ထုတ္ထားတာ ျဖစ္ပါတယ္။ ေနာက္လေလာက္မွာ launch လုပ္မယ္လို႕ ေျပာထားပါတယ္။ next-gen Wear OS smartwatch ေတြကို အားျဖည့္ေပးဖို႕အတြက္ အဆင္သင့္ျဖစ္လို႕ေနပါျပီ။ Snapdragon 670 chipset ေလးဟာ AI နည္းပညာ၊ ကင္မရာလုပ္ေဆာင္ခ်က္နဲ႕ device performance ေတြကို အစြမ္းကုန္ေမာင္းဖို႕အတြက္ ရည္ရြယ္ထားပါတယ္။ OEM အေတာ္မ်ားမ်ားကလည္း AI လုပ္ေဆာင္ခ်က္ေတြကို တုိးျမွင့္လုပ္ေဆာင္ေနၾကတာျဖစ္လို႕ Qualcomm ကလည္း သူတို႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးလိုက္တဲ့သေဘာပါပဲ။ Snapdragon 600 Series ကေတာ့ mid-range ေတြအတြက္ရည္ရြယ္တာျဖစ္လို႕ AI ကိုလည္း ေထာက္ပံ့ေပးမယ္ဆိုတဲ့သတင္းက ေပ်ာ္စရာတစ္ခုပါပဲ။ Snapdragon 670 mobile processor ဟာ Snapdragon X12 LTE modem, Qualcomm Spectra ISP, Qualcomm AI Engine နဲ႕ Qualcomm Kryo CPU တို႕လို ေနာက္ဆံုးေပၚ တည္ေဆာက္မႈေတြကို အသံုးျပဳထားမွာပါ။ အတူတူေပါင္းစည္းလိုက္ျခင္းအားျဖင့္ intelligence (AI), multimedia နဲ႕ camera app ေတြကို အစြမ္းကုန္ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္။

Artificial intelligence ဆုိတာကေတာ့ golden standard မဟုတ္ေသးေပမယ့္လည္း OEM ေတြအတြက္ သူတို႕ရဲ႕စနစ္ထဲမွာ ေပါင္းစပ္အသံုးျပဳဖို႕အတြက္ စတင္လုပ္ေဆာင္္ေနၾကပါျပီ။ အေတာ္မ်ားမ်ားကေတာ့ ကင္မရာ setting ထဲမွာ ေပါင္းစပ္ထားၾကတာျဖစ္ျပီးေတာ့ အျခားလုပ္ေဆာင္ခ်က္ေတြအတြက္လည္း တိုးျမွင့္အသံုးျပဳသြားမယ္ဆိုတာ သိသာေနပါတယ္။ Qualcomm ဟာ 3rd-generation AI Engine ကို ထုတ္လုပ္ထားျပီးေတာ့ AI performance ဟာ 1.8x အထိ ပိုမိုျမန္ဆန္မယ္လို႕ ေျပာထားပါတယ္။

AI feature ေတြက on-device ျဖစ္တဲ့အတြက္ေၾကာင့္ ျမန္ဆန္ပါတယ္။ သူတို႕ဟာ online or “in the cloud” မဟုတ္တဲ့အတြက္ေၾကာင့္ လုပ္ေဆာင္ခ်က္ေတြက private ျဖစ္တယ္၊ စိတ္ခ်ရတယ္၊ အခ်ိန္နဲ႕တစ္ေျပးညီ တံု႕ျပန္ႏုိင္တယ္။ AI Engine ဟာ framework အမ်ားၾကီးပါ၀င္တဲ့အတြက္ေၾကာင့္ ဖန္တီးသူေတြအတြက္လည္း အဆင္ေျပေစပါတယ္။ multimedia နဲ႕ app ေတြကိုပိုေကာင္းေအာင္လည္း လုပ္ေဆာင္ႏုိင္ေတာ့မွာပါ။ Hexagon Neural Network (NN), Qualcomm Neural Processing SDK, ONNX (Open Neural Network Exchange), TensorFlow, TensorFlowLite, Caffe နဲ႕ Caffe2 တို႕ ပါ၀င္ပါတယ္။

Snapdragon 670 ကေတာ့ Qualcomm Spectra 250 ISP ကို အသံုးျပဳထားပါတယ္။ active depth sensing, image stabilization နဲ႕ noise reduction ေတြကိုလည္း အသံုုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Kryo 360 CPU ကေတာ့့ အရင္အေဟာင္းေတြထက္ 15% ပိုမိုလုပ္ေဆာင္ႏုိင္မွာပါ။ ဘတ္ထရီကေတာ့ သိပ္မထိေလာက္ပါဘူး။ multitasking နဲ႕ ပါ၀ါစားတဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း တစ္ျပိဳင္တည္းအသံုးျပဳနုိင္လို႕ပါတယ္။

ေနာက္တစ္ခုကေတာ့ X12 LTE Modem ထည့္သြင္းေပးထားလို႕ လိုင္းက်ပ္တဲ့ေနရာမွာေတာင္ လိုင္းဆြဲအားပိုေကာင္းေစမွာပါ။ download and upload speeds ကလည္း 600Mbps ၊ 150Mbps ဆိုေတာ့ Streaming လုပ္တဲ့အခ်ိန္မွာလည္း ထစ္ေငါ့ျခင္းမရွိေတာ့ဘူးေပါ့။

WiFiနဲ႕ LTE ေျပာင္းမယ္ဆိုရင္လည္း အရမ္းလြယ္ပါတယ္။ graphics နဲ႕ 3D gaming ပိုင္းမွာလည္း သိသာပါတယ္။ Qualcomm Quick Charge 4+ နည္းပညာကိုအသံုးျပဳထားတဲ့အတြက္ေၾကာင့္ ဘတ္ထရီကို ၁၅မိနစ္သြင္းလုိက္တာနဲ႕ 50% ေရာက္သြားေစမွာပါ။

Unicode Version

မနေ့ကတုန်းက Qualcomm Snapdragon Wear 3100 လာတော့မယ်ဆိုတာ ပြောခဲ့ပါတယ်။ လာမယ့် mobile processor လေးကတော့ wearable တွေအတွက်ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်လလောက်မှာ launch လုပ်မယ်လို့ ပြောထားပါတယ်။ next-gen Wear OS smartwatch တွေကို အားဖြည့်ပေးဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။ Snapdragon 670 chipset လေးဟာ AI နည်းပညာ၊ ကင်မရာလုပ်ဆောင်ချက်နဲ့ device performance တွေကို အစွမ်းကုန်မောင်းဖို့အတွက် ရည်ရွယ်ထားပါတယ်။ OEM အတော်များများကလည်း AI လုပ်ဆောင်ချက်တွေကို တိုးမြှင့်လုပ်ဆောင်နေကြတာဖြစ်လို့ Qualcomm ကလည်း သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်တဲ့သဘောပါပဲ။ Snapdragon 600 Series ကတော့ mid-range တွေအတွက်ရည်ရွယ်တာဖြစ်လို့ AI ကိုလည်း ထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းက ပျော်စရာတစ်ခုပါပဲ။ Snapdragon 670 mobile processor ဟာ Snapdragon X12 LTE modem, Qualcomm Spectra ISP, Qualcomm AI Engine နဲ့ Qualcomm Kryo CPU တို့လို နောက်ဆုံးပေါ် တည်ဆောက်မှုတွေကို အသုံးပြုထားမှာပါ။ အတူတူပေါင်းစည်းလိုက်ခြင်းအားဖြင့် intelligence (AI), multimedia နဲ့ camera app တွေကို အစွမ်းကုန်ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Artificial intelligence ဆိုတာကတော့ golden standard မဟုတ်သေးပေမယ့်လည်း OEM တွေအတွက် သူတို့ရဲ့စနစ်ထဲမှာ ပေါင်းစပ်အသုံးပြုဖို့အတွက် စတင်လုပ်ဆောင်နေကြပါပြီ။ အတော်များများကတော့ ကင်မရာ setting ထဲမှာ ပေါင်းစပ်ထားကြတာဖြစ်ပြီးတော့ အခြားလုပ်ဆောင်ချက်တွေအတွက်လည်း တိုးမြှင့်အသုံးပြုသွားမယ်ဆိုတာ သိသာနေပါတယ်။ Qualcomm ဟာ 3rd-generation AI Engine ကို ထုတ်လုပ်ထားပြီးတော့ AI performance ဟာ 1.8x အထိ ပိုမိုမြန်ဆန်မယ်လို့ ပြောထားပါတယ်။
AI feature တွေက on-device ဖြစ်တဲ့အတွက်ကြောင့် မြန်ဆန်ပါတယ်။ သူတို့ဟာ online or “in the cloud” မဟုတ်တဲ့အတွက်ကြောင့် လုပ်ဆောင်ချက်တွေက private ဖြစ်တယ်၊ စိတ်ချရတယ်၊ အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်နိုင်တယ်။ AI Engine ဟာ framework အများကြီးပါဝင်တဲ့အတွက်ကြောင့် ဖန်တီးသူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ multimedia နဲ့ app တွေကိုပိုကောင်းအောင်လည်း လုပ်ဆောင်နိုင်တော့မှာပါ။ Hexagon Neural Network (NN), Qualcomm Neural Processing SDK, ONNX (Open Neural Network Exchange), TensorFlow, TensorFlowLite, Caffe နဲ့ Caffe2 တို့ ပါဝင်ပါတယ်။
Snapdragon 670 ကတော့ Qualcomm Spectra 250 ISP ကို အသုံးပြုထားပါတယ်။ active depth sensing, image stabilization နဲ့ noise reduction တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Kryo 360 CPU ကတော့ အရင်အဟောင်းတွေထက် 15% ပိုမိုလုပ်ဆောင်နိုင်မှာပါ။ ဘတ်ထရီကတော့ သိပ်မထိလောက်ပါဘူး။ multitasking နဲ့ ပါဝါစားတဲ့ လုပ်ဆောင်ချက်တွေကိုလည်း တစ်ပြိုင်တည်းအသုံးပြုနိုင်လို့ပါတယ်။
နောက်တစ်ခုကတော့ X12 LTE Modem ထည့်သွင်းပေးထားလို့ လိုင်းကျပ်တဲ့နေရာမှာတောင် လိုင်းဆွဲအားပိုကောင်းစေမှာပါ။ download and upload speeds ကလည်း 600Mbps ၊ 150Mbps ဆိုတော့ Streaming လုပ်တဲ့အချိန်မှာလည်း ထစ်ငေါ့ခြင်းမရှိတော့ဘူးပေါ့။
WiFiနဲ့ LTE ပြောင်းမယ်ဆိုရင်လည်း အရမ်းလွယ်ပါတယ်။ graphics နဲ့ 3D gaming ပိုင်းမှာလည်း သိသာပါတယ်။ Qualcomm Quick Charge 4+ နည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့် ဘတ်ထရီကို ၁၅မိနစ်သွင်းလိုက်တာနဲ့ 50% ရောက်သွားစေမှာပါ။

Leave a Reply