
0
1042

Zawgyi Version


Unicode Version

ဒီကောင်လေးကတော့ သူတို့ရဲ့စည်းမျဉ်းတွေနဲ့ငြိနေလို့ပါ။
3D-printed gun နဲ့ပတ်သတ်တဲ့လင့်တွေကို Facebook က block လုပ်နေပါတယ်။ ဒီလိုဒီဇိုင်းဟာ သူတို့ရဲ့အသိုင်းအဝန်းမှာ သတ်မှတ်ထားတဲ့စံနှုန်းတွေအရ ပြသလို့မသင့်တော်ဘူးလို့ ထင်တဲ့အတွက်ကြောင့်ပါ။ Facebook က တစ်ယောက်ချင်း သေနတ်ရောင်းချခွင့်ကို ခွင့်ပြုမထားပါဘူး။
သုံးစွဲသူတွေက News Feed, Messenger or Instagram ကနေ လင့်နောက်ကိုလိုက်သွားမယ်ဆိုရင်တော့ မြင်ရမှာမဟုတ်ပါဘူုး။ ဒါပေမယ့်လည်း အခြားနေရာကနေ လင့်ကိုဝင်မယ်ဆိုရင်တော့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ပေါ်လစီအရ ဒီဇိုင်းပိုင်းကို ပြင်ဆင်နေပြီးတော့ သူ့ရဲ့ platform ပေါ်မှာ မသင့်တော်တဲ့ပစ္စည်းတွေကို မပြသအောင် ပိတ်ပင်တားဆီးနေတာ ဖြစ်ပါတယ်။
ပြည်နယ်အချို့ကလည်း အခုလိုသေနတ်ဒီဇိုင်းထွက်ပေါ်လာပြီးတော့ အွန်လိုင်းပေါ်ဖြန့်နေတဲ့အတွက်ကြောင့် Trump စီမံရေးဌာနကို တရားစွဲဆိုမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီလိုဒီဇိုင်းလေးက သြဂုတ်လ ၁ရက်နေ့တည်းက ပေါက်ကြားနေတာဖြစ်ပေမယ့်လည်း ရောင်းချမှုကိုတော့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Leave a Reply