Samsung က Galaxy Watch အမည္ရ စမတ္နာရီ အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူဟာ Gear S3 ရဲ႕ မ်ိဳးဆက္ျဖစ္ၿပီး အမည္ေျပာင္းထားတာပါ။ ကိုယ္ထည္ အရြယ္အစားကို ႏွစ္မ်ိဳး ထုတ္လုပ္ေပးထားၿပီး ၄၆ နဲ႔ ၄၂ မီလီမီတာ ျဖစ္ပါတယ္။ အရြယ္တစ္ခုခ်င္းစီအတြက္ LTE နဲ႔ Bluetooth Model မ်ား ထပ္မံခြဲထုတ္ေပးထားပါတယ္။ LTE Model ကို $375 (42mm) နဲ႔ $400 (46mm) သတ္မွတ္ထားပါတယ္။ Bluetooth Model ဟာ $330 (42mm) နဲ႔ $350 (46mm) တန္ေၾကးရွိပါတယ္။
ေမာ္ဒယ္အားလံုးမွာ တူညီတာက 4GB RAM နဲ႔ GPS မ်ား ျဖစ္ပါတယ္။ ဒါ့အျပင္ IP68 ေရစိုခံစံႏႈန္းမ်ားပါ၀င္တာလည္း တူညီၾကပါတယ္။ ေအာက္ျပဳတ္က်တဲ့ ဒဏ္ကိုလည္း ခံႏုိင္ပါတယ္။ ေမာ္ဒယ္ႏွစ္ခုစလံုးရဲ႕ ဘက္ထရီ သက္တမ္းဟာ ရက္မ်ားစြာ အသံုးခံတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ 46mm Model မွာ 472mAh နဲ႔ 42mm Model မွာ 270mAh Battery ထည့္ထားပါတယ္။
သူတို႔မွာ Tizen OS ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ရဲ႕ ပတ္လည္မွ ေဘာင္အ၀ိုင္းကို လွည့္ျခင္းျဖင့္ Tizen Interface ကို Navigate လုပ္ရမွာပါ။ မ်က္ႏွာျပင္မ်ား အေနနဲ႔ 46mm Model မွာ ၁.၃ လက္မနဲ႔ 42mm Model မွာ ၁.၂ လက္မမ်ား ပါၿပီး Gorilla Glass DX+ ျဖင့္ ကာကြယ္ထားပါတယ္။ နာရီမ်ားဟာ ေလ့က်င့္ခန္း အမ်ိဳးအစား ၃၉ ခု၊ အိပ္စက္မႈနဲ႔ စိတ္ဖိစီးမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ LTE Model မွာ 1.5GB RAM နဲ႔ Bluetooth Model မွာ 768MB RAM ပါပါတယ္။ Watch Face ေပါင္း ၆၀ ေက်ာ္ရွိပါတယ္။
unicode
အရွယ်အစား နှစ်မျိုးနဲ့ ထွက်လာတဲ့ Samsung Galaxy Watch
Samsung က Galaxy Watch အမည်ရ စမတ်နာရီ အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူဟာ Gear S3 ရဲ့ မျိုးဆက်ဖြစ်ပြီး အမည်ပြောင်းထားတာပါ။ ကိုယ်ထည် အရွယ်အစားကို နှစ်မျိုး ထုတ်လုပ်ပေးထားပြီး ၄၆ နဲ့ ၄၂ မီလီမီတာ ဖြစ်ပါတယ်။ အရွယ်တစ်ခုချင်းစီအတွက် LTE နဲ့ Bluetooth Model များ ထပ်မံခွဲထုတ်ပေးထားပါတယ်။ LTE Model ကို $375 (42mm) နဲ့ $400 (46mm) သတ်မှတ်ထားပါတယ်။ Bluetooth Model ဟာ $330 (42mm) နဲ့ $350 (46mm) တန်ကြေးရှိပါတယ်။
မော်ဒယ်အားလုံးမှာ တူညီတာက 4GB RAM နဲ့ GPS များ ဖြစ်ပါတယ်။ ဒါ့အပြင် IP68 ရေစိုခံစံနှုန်းများပါဝင်တာလည်း တူညီကြပါတယ်။ အောက်ပြုတ်ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။ မော်ဒယ်နှစ်ခုစလုံးရဲ့ ဘက်ထရီ သက်တမ်းဟာ ရက်များစွာ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ 46mm Model မှာ 472mAh နဲ့ 42mm Model မှာ 270mAh Battery ထည့်ထားပါတယ်။
သူတို့မှာ Tizen OS ထည့်သွင်းထားပြီး မျက်နှာပြင်ရဲ့ ပတ်လည်မှ ဘောင်အဝိုင်းကို လှည့်ခြင်းဖြင့် Tizen Interface ကို Navigate လုပ်ရမှာပါ။ မျက်နှာပြင်များ အနေနဲ့ 46mm Model မှာ ၁.၃ လက်မနဲ့ 42mm Model မှာ ၁.၂ လက်မများ ပါပြီး Gorilla Glass DX+ ဖြင့် ကာကွယ်ထားပါတယ်။ နာရီများဟာ လေ့ကျင့်ခန်း အမျိုးအစား ၃၉ ခု၊ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှုများကို တိုင်းတာပေးနိုင်ပါတယ်။ LTE Model မှာ 1.5GB RAM နဲ့ Bluetooth Model မှာ 768MB RAM ပါပါတယ်။ Watch Face ပေါင်း ၆၀ ကျော်ရှိပါတယ်။