စြမ္းရည္ အသစ္မ်ား ပါလာတဲ့ S Pen နဲ႔ ပြဲထြက္လာတဲ့ Samsung Galaxy Note 9

0
1212

Samsung Galaxy Note 9 ဟာ အရြယ္ႀကီး ဖုန္း ကိုင္ခ်င္သူမ်ားအတြက္ ေရြးခ်ယ္စရာ စြမ္းရည္ျမင့္ ဖုန္းပါ။ ေနာက္ဆံုးထုတ္ Specs မ်ားကို ထည့္ထားပါတယ္။ ထူးျခားဆန္းသစ္တဲ့ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ S Pen မွာလည္း ဆန္းသစ္မႈ အသစ္မ်ားထည့့္သြင္းထားတာက ဒီႏွစ္မ်ားအတြင္းမွာ ပထမဆံုးပါ။ Note 8 ထက္ ၀.၁ လက္မ ပိုႀကီးတဲ့ ၆.၄ လက္မ 1440x2960p Display တပ္ဆင္ထားၿပီး Super AMOLED အမ်ိဳးအစားပါ။ HDR10 နဲ Always On Display ကို ေထာက္ပံ့ပါတယ္။ ဘက္ထရီကလည္း ၂၀ ရာခုိင္ႏႈန္း ပိုႀကီးတဲ့ 4000mAh ကို သံုးထားပါတယ္။

Fingerprint Scanner ကို ပိုမိုအဆင္ေျပတဲ့ အေနာက္ကင္မရာမ်ားရဲ႕ ေအာက္ကို ေျပာင္းေရႊ႕ထားပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာေတာ့ မပါပါဘူး။ အေနာက္ဘက္မွာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera မ်ားပါပါတယ္။ ရႈခင္းမ်ားကို ခြဲျခားႏုိင္ျခင္း၊ အေရာင္မ်ားကို တိက်ေစျခင္း၊ လူေတြ မ်က္စိပိတ္ေနျခင္းနဲ႔ Lens မွာ ဖုန္ကပ္ေနျခင္းတို႔လို အျပစ္အနာအဆာမ်ားကို သိႏုိင္တဲ့ Samsung ရဲ႕ Ïntelligent Camera အသစ္ပါလာပါတယ္။ Selfie Camera ကေတာ့ 8MP f/1.7 ျဖစ္ပါတယ္။

Exynos 9810 Octa-Core Chipset ေမာင္းႏွင္ထားပါတယ္။ ဖုန္းေရာ S Pen ပါ IP68 စံႏႈန္းျဖင့္ ေရစိုခံႏုိင္ပါတယ္။ Bluetooth ပါတဲ့ ပထမဆံုး S Pen ကိုထည့္ထားေပးပါတယ္။ သူ႔ကို ကင္မရာအတြက္ Remote Shutter အျဖစ္လည္း သံုးႏုိင္ၿပီး ဖုန္းနဲ႔ ၁၀ မီတာ အကြာမွာ အလုပ္လုပ္ပါတယ္။ ဘက္ထရီ သက္တမ္းက မိနစ္ ၃၀ ျဖစ္ပါတယ္။

Note 9 မွာ DeX Dock ကို ဖုန္းထဲမွာ ထည့္သြင္းေပးထားတဲ့ အတြက္ Physical DeX Dock , Keyboard , Mouse မ်ား မလိုေတာ့ပါဘူး။ သူ႔ရဲ႕ DeX Mode ကို On ၿပီး ေမာ္နီတာမ်ားနဲ႔ ခ်ိတ္ဆက္၍ Note 9 ကို ကြန္ျပဴတာလို သံုးႏုိင္ပါတယ္။ ဒိတ္ေအာက္ေနတဲ့ Quick Charge 2.0 သာပါတာက အားနည္းခ်က္ပါ။ လွ်င္ျမန္တဲ့ ႀကိဳးမဲ့ အားသြင္း စနစ္ေတာ့ ပါလာပါတယ္။

Ocean Blue, Midnight Black, Lavender Purple နဲ႔ Metallic Copper အေရာင္မ်ား ေရြးခ်ယ္ႏုိင္မွာပါ။ 6GB/128GB Model ကို ၉၉၉ ေဒၚလာနဲ႔ 8GB/512GB Model ကို ၁၂၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာမွာ ၁၃ သိန္းခြဲနဲ႔ ၁၇ သိန္းခြဲ အသီးသီး သတ္မွတ္ထားပါတယ္။

unicode

စွမ်းရည် အသစ်များ ပါလာတဲ့ S Pen နဲ့ ပွဲထွက်လာတဲ့ Samsung Galaxy Note 9

Samsung Galaxy Note 9 ဟာ အရွယ်ကြီး ဖုန်း ကိုင်ချင်သူများအတွက် ရွေးချယ်စရာ စွမ်းရည်မြင့် ဖုန်းပါ။ နောက်ဆုံးထုတ် Specs များကို ထည့်ထားပါတယ်။ ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ S Pen မှာလည်း ဆန်းသစ်မှု အသစ်များထည့်သွင်းထားတာက ဒီနှစ်များအတွင်းမှာ ပထမဆုံးပါ။ Note 8 ထက် ဝ.၁ လက်မ ပိုကြီးတဲ့ ၆.၄ လက်မ 1440x2960p Display တပ်ဆင်ထားပြီး Super AMOLED အမျိုးအစားပါ။ HDR10 နဲ Always On Display ကို ထောက်ပံ့ပါတယ်။ ဘက်ထရီကလည်း ၂၀ ရာခိုင်နှုန်း ပိုကြီးတဲ့ 4000mAh ကို သုံးထားပါတယ်။

Fingerprint Scanner ကို ပိုမိုအဆင်ပြေတဲ့ အနောက်ကင်မရာများရဲ့ အောက်ကို ပြောင်းရွှေ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတော့ မပါပါဘူး။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera များပါပါတယ်။ ရှုခင်းများကို ခွဲခြားနိုင်ခြင်း၊ အရောင်များကို တိကျစေခြင်း၊ လူတွေ မျက်စိပိတ်နေခြင်းနဲ့ Lens မှာ ဖုန်ကပ်နေခြင်းတို့လို အပြစ်အနာအဆာများကို သိနိုင်တဲ့ Samsung ရဲ့ Ïntelligent Camera အသစ်ပါလာပါတယ်။ Selfie Camera ကတော့ 8MP f/1.7 ဖြစ်ပါတယ်။

Exynos 9810 Octa-Core Chipset မောင်းနှင်ထားပါတယ်။ ဖုန်းရော S Pen ပါ IP68 စံနှုန်းဖြင့် ရေစိုခံနိုင်ပါတယ်။ Bluetooth ပါတဲ့ ပထမဆုံး S Pen ကိုထည့်ထားပေးပါတယ်။ သူ့ကို ကင်မရာအတွက် Remote Shutter အဖြစ်လည်း သုံးနိုင်ပြီး ဖုန်းနဲ့ ၁၀ မီတာ အကွာမှာ အလုပ်လုပ်ပါတယ်။ ဘက်ထရီ သက်တမ်းက မိနစ် ၃၀ ဖြစ်ပါတယ်။

Note 9 မှာ DeX Dock ကို ဖုန်းထဲမှာ ထည့်သွင်းပေးထားတဲ့ အတွက် Physical DeX Dock , Keyboard , Mouse များ မလိုတော့ပါဘူး။ သူ့ရဲ့ DeX Mode ကို On ပြီး မော်နီတာများနဲ့ ချိတ်ဆက်၍ Note 9 ကို ကွန်ပြူတာလို သုံးနိုင်ပါတယ်။ ဒိတ်အောက်နေတဲ့ Quick Charge 2.0 သာပါတာက အားနည်းချက်ပါ။ လျှင်မြန်တဲ့ ကြိုးမဲ့ အားသွင်း စနစ်တော့ ပါလာပါတယ်။

Ocean Blue, Midnight Black, Lavender Purple နဲ့ Metallic Copper အရောင်များ ရွေးချယ်နိုင်မှာပါ။ 6GB/128GB Model ကို ၉၉၉ ဒေါ်လာနဲ့ 8GB/512GB Model ကို ၁၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာမှာ ၁၃ သိန်းခွဲနဲ့ ၁၇ သိန်းခွဲ အသီးသီး သတ်မှတ်ထားပါတယ်။

Leave a Reply