
0
1216




unicode

Xiaomi Mi 8 ရဲ့ 8GB RAM Model ထွက်ပြီ

ရှောင်မီက တရုတ်မှာ 8GB RAM ပါတဲ့ Mi 8 Model ကို ရောင်းချပေးလိုက်ပါတယ်။ ၈ ဂဏန်းဟာ ကံကောင်းတယ်လို့ တရုတ်လူမျိုးများက အယူရှိကြပါတယ်။ ၈ လမြောက် ၈ ရက်နေ့မှာ 8GB RAM Model ကို ကြေညာလိုက်တာပါ။ သူ့ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးဘဲ ယွမ် ၂၆၉၉ နဲ့ ၃၂၉၉ အကြားမှာ ရှိမယ်လို့ ထင်ရပါတယ်။ အခြား Specs များကတော့ မူလ မော်ဒယ်များနဲ တူညီပါတယ်။

Mi 8 မှာ 6.21″ Full Screen Display နဲ့အတူ Notch လည်းပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် Xiaomi Flagship ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ AMOLED Display ကို အသုံးပြုထားပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 845 SoC ကိုသုံးထားပါတယ်။ Battery ကိုတော့ 3400mAh သုံးထားပါတယ်။

Camera ပိုင်းကိုတော့ 12MP + 12MP Dual ကင်မရာ တပ်ဆင်ပေးထားပြီး 4-axis OIS, Dual Pixel autoflcus, AI portraits, AI scene detection နဲ့ video editing စတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ Mi 8 ရဲ့ DXOMARK မှာ Overall score အနေနဲ့ 99 Points ရှိပြီး Photo Score မှာတော့ 105 ထိရှိပါတယ်။ Selfie ကင်မရာ ပိုင်းကိုတော့ 20MP Camera ကိုအသုံးပြုထားပြီး Aperture f/2.0 နဲ့အတူ AI Portrait Selfies, AI Beautify စတဲ့ Features တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Mi 8 မှာ ထပ်ပြီး ပါဝင်လာတဲ့ ထူးခြားချက်လေးတခုကတော့ Infrared Face Unlock ပဲဖြစ်ပါတယ်။

Leave a Reply