Zawgyi Version
Unicode Version
Smartwatch ဖန်တွေအတွက်တော့ ရက်သတ္တပတ်ကြီးတစ်ခုဖြစ်ပါလိမ့်မယ်။ Fossil က Wear OS watch တွေကို ကြေညာပြီးတစ်ရက်အကြာမှာ Qualcomm က smartwatch-focused event လေးကို ကြေညာလိုက်ပါတယ်။
Qualcomm က ဒီနေ့ပဲ စက်တင်ဘာ၁၀ရက်နေ့အတွက် ဖိတ်စာတွေပို့နေပါတယ်။ ဖိတ်စာထဲမှာ “It’s Time.” နဲ့ “set your watches” ဆိုတဲ့စာလုံးလေးတွေနဲ့အတူ နာရီပုံလေးတွေ ပါဝင်နေပါတယ်။ ဒီတော့ နာရီကိုအလေးထားတဲ့ပွဲဆိုတာ သေချာနေပါပြီ။
ဘာတွေကြေညာမလဲဆိုတာကတော့ စက်တင်ဘာ၁၀ရက်နေ့မှ သိရမှာပါ။ Qualcomm ဟာ Snapdragon Wear processor အသစ်ကိုကြေညာမှာ ဖြစ်လောက်ပါတယ်။ Snapdragon Wear 2100 ကလည်း ထွက်လာဖို့နီးနေပါပြီ။
Smartwatch အသစ်ဝယ်ဖို့ စိတ်ဝင်စားလား။ Snapdragon Wear processor က သင့်ကိုစိတ်ဝင်စားအောင် လုပ်နိုင်မယ်ထင်လား။