PC ထဲကို iPhone photo album အလွယ်ဆုံးနည်းနဲ့ ကူးကြမယ်

0
978

Zawgyi Version







ကြည့်လိုက်ရအောင်။







Unicode Version

မလိုအပ်တဲ့နည်းလမ်းတွေကို ကြည့်နေမယ့်အစား ဒီဟာလေးကို စမ်းကြည့်လိုက်ပါ။
ဒီတပတ်ကတော့ စပါယ်ရှယ်ပရောဂျက်တစ်ခုရှိပါတယ်။ သမီးရဲ့ဘွဲ့ရပါတီလေးလုပ်ရတော့မယ်လေ။ ဒီတော့ ဓါတ်ပုံတွေကို photo slideshow လေးလုပ်ပေးချင်တယ်။ ကျွန်တော်တို့ဆီမှာ iPhone ထဲကပုံလေးတွေရှိသလို အဲဒီပုံလေးတွေက အမှတ်တရများစွာကို ပြောပြနိုင်တယ်လေ။ ဒီတော့ laptop ထဲကိုမြန်မြန်ကူးပြီး slideshow-builder ထဲ ဘယ်လိုထည့်ကြမလဲ။
ခက်ခဲတဲ့အရာပဲဆိုတာ လုပ်ကြည့်မှပဲသိတော့တယ်။ ကျွန်တော်တို့ရဲ့ပုံတွေအားလုံးကို online iCloud အကောင့်ထဲမှာ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း Apple က ပုံအများကြီးကို ဒေါင်းလုတ်ဆွဲခွင့်ပေးမထားပါဘူး။
ပြီးတော့ Apple က Windows တွေအတွက် AirDrop option ပေးမထားပါဘူး။ ဒီတော့ third-party app တွေလိုက်ရှာသုံးရပါတော့တယ်။ ဒါပေမယ့်လည်း သုံးကြည့်လိုက်တော့ အဆင်မပြေတာများပါတယ်။
PC ကို iPhone လေးတပ်ပြီးတော့ Explorer ထဲက DCIM folder လေးကိုဖွင့်လိုက်တဲ့အချိန်မှာ ပုံတွေအများကြီးက ကျပန်းစီထားပါတယ်။ ကျွန်တော်လိုချင်တာက သမီးနာမည်လေးနဲ့ထားတဲ့ album လေးပါ။
ဒီတော့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်ကုန်၊ လူပန်းဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းတာကတော့ EaseUS MobiMover လေးကိုရှာတွေ့ခဲ့ပါတယ်။ ဒီကောင်လေးက album တစ်ခုချင်းစီကို Windows or Mac system အတွက် ကော်ပီကူးပေးနိုင်ပါတယ်။
ကြည့်လိုက်ရအောင်။
Step 1: MobiMover ကို Download ပြီး install လုပ်လိုက်ပါ။
Step 2: iPhone ကို PC နဲ့ USB ကြိုးနဲ့ချိတ်ဆက်လိုက်ပါ။ ပထမဆုံးအကြိမ်လုပ်တာဆိုရင်တော့ Windows ကလိုအပ်တဲ့ driver သွင်းတာကို စောင့်ပေးရပါမယ်။ ပြီးတော့ ဖုန်းမှာ “trust” လုပ်ပေးရမှာပါ။
Step 3: MobiMover ကို ဖွင့်လိုက်ပါ။ ချိတ်ဆက်ပြီးတာနဲ့ iPhone ကိုနှိပ်လိုက်ပြီးတော့ Album ကိုရွေးလိုက်ပါ။
Step 4: စိတ်ကြိုက် album ကို ရွေးပြီးတာနဲ့ Transfer ကို နှိပ်လိုက်ပါ။
Step 5: သိမ်းချင်တဲ့နရာကို ရွေးပြီးတော့ Select Folder ရွေးလိုက်ပါ။ ချက်ချင်းကူးပါလိမ့်မယ်။
မှတ်ထားရမှာတစ်ခုကတော့ Windows မှာ HEIC file format ကိုကြည့်လို့မရပါဘူး ဒီတော့ ဘယ်ပုံကူးနေလဲဆိုတာ မြင်ချင်မှမြင်မရမှာပါ။ Windows app store မှာတော့ free HEIC codec လေး ဒေါင်းဖို့ရှိပါတယ်။

Leave a Reply