HTC ရဲ့ ၀င်ငွေရလဒ်မကောင်း

0
1007
The logo for Taiwan's leading smartphone maker HTC (L) is pictured above a busy street in Taipei on July 20, 2012. Taiwan's leading smartphone maker HTC said on July 19 it was suing technology giant Apple in the United States, claiming it has infringed on its patents. AFP PHOTO / Sam YEH (Photo credit should read SAM YEH/AFP/GettyImages)

Zawgyi version




Unicode version

HTC က၂၀၀၃ ခုနှစ်ကစပြီး ဝင်ငွေက အနည်းဆုံးထိကျဆင်းသွားခဲ့ပါတယ်။
အဲ့လိုပဲ ဆက်သွားနေရင်တော့ HTC ကတော့ အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။
HTC က ၂၀၁၈ ရဲ့ ဒုတိယကွာတားမှာ သူ့ရဲ့ဝင်ငွေပမာဏကိုထုတ်ဖော်ပြသခဲပေမယ့် တအံတသြဖြစ်စရာအကြောင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ရလဒ်က တော်တော်ဆိုးဝါးနေလို့ပါပဲ။ 2003 မှာတုန်းက HTC ရဲ့ ပထမဦးဆုံး money-maker က Windows Mobile PDA ဖြစ်ခဲ့ပါတယ်။
၂၀၁၇ ဇူလိုင် တုန်းကနဲ့ ယှဉ်ကြည့်လိုက်တော့ HTC ဝင်ငွေက ၇၇.၄၁% လောက်ထိုးကျသွားတာပါ။ အဲ့ဒီ ၂၀၁၇ မှာထဲကိုက ဝင်ငွေက ၅၄% လောက်ကျပြီးသားပါ။ အဲ့ဒီလိုသာ ဆိုးဆိုးဝါးဝါး ဝင်ငွေကထပ်ကျနေရင်တော့ HTC အတွက်က စိုးရိမ်ဖွယ်ရှိပါတယ်။
သူကဘာလို့အဲ့လောက်အခြအနေဆိုးဝါးသွားတာလဲ။ ဘာလို့လဲဆိုတော့ Apple က product တစ်ခုထုတ်ရင် Samsung ကလဲပြန်ချေပပြီး product အသစ်ကို ရအောင်ပြန်ထုတ်နိုင်တယ်။ တစ်ခြား စမတ်ဖုန်း ကူုမ္ပဏီတွေလဲ ခေတ်ရေစီးကြောင်းနဲ့အညီ နည်းပညာအသစ်တွေနဲ့ လိုက်ပြီး ရအောင်ထုတ်ကြတယ်။ ဒါပေမဲ့ HTC ကတော့ အဲ့လိုမလုပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်ထဲမှာထွက်ရှိခဲ့တဲ့ HTC ရဲ့ ဆန်းသစ်ပြီး ဒီဇိုင်းလှတဲ့ HTC U12Plus ကလဲ Samsung လိုမျိုး ဈေးကွက်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ HTC အနေနဲ့ကတော့ စမတ်ဖုန်းလုပ်ငန်းကို ဒီထပ်မက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်နေပါပြီ။

Leave a Reply