Gmail app ထဲက conversation view ကို ပိတ်လို့ရတော့မည်

0
957

Zawgyi Version




Unicode Version

Gmail က ကျွန်တော်တို့အသုံးပြုနေခဲ့တဲ့ပုံစံတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။ 25MB inbox ကို စီမံရခြင်းအဆုံးသတ်သွားသလို conversation view ကလည်း ကြည့်ရတာအဆင်ပြေလာပါတယ်။ ဒါပေမယ့်လည်း အချို့လူတွေကတော့ conversation view ကို မသုံးချင်ကြပါဘူး။ ဒီတော့ Gmail က Android မှာ ပိတ်လို့ရအောင် လုပ်ဆောင်ပေးတော့မှာပါ။
Google က ၂၀၁၀ခုနှစ်တည်းက စတင်ပြီးတော့ Gmail ရဲ့ web version မှာ conversation view ကိုပိတ်လို့ရအောင် လုပ်ပေးခဲ့ပါတယ်။ mobile app မှာတော့ မရနိုင်သေးပါဘူး။ conversation view ကိုပိတ်ချင်တယ်ဆိုရင်တော့ IMAP, exchange, or POP3 ကို အသုံးပြုရမှာပါ။ general settings ထဲမှာရှိပါတယ်။ မကြာခင်မှာတော့ ရလာမယ်လို့ G Suite blog က ပြောထားပါတယ်။
ပြောင်းလဲမှုတွေထွက်လာတဲ့အချိန်မှာ Google အကောင့်တစ်ခုအတွက် conversation settings ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Gmail settings ထဲက အကောင့်လေးကိုမှာလိုက်ပြီးတော့ ဖွင့်ပိတ်လုပ်နိုင်ပါတယ်။ desktop ပေါ်မှာ conversation ပိတ်ထားတယ်ဆိုရင် mobile app မှာလည်း ပိတ်နေတော့မှာပါ။ ဒီပြောင်းလဲမှုက နောက်ထပ် ၁၅ရက်အတွင်း ထွက်လာမယ်လို့ Google က ပြောထားပါတယ်။

Leave a Reply