Knowledge Smartphone

Galaxy Note 9 ရဲ့ အသေးစိတ်အချက်အလက် ထပ်မံ ထွက်ရှိ

Zawgyi version




Unicode version

Samsung ရဲ့ Galaxy Note 9 ကို မိတ်ဆက်ဖို့က တစ်ရက်လောက်ပဲ လိုတော့တာ ဖြစ်ပါတယ်။ သူက စမတ်ဖုန်းဈေးကွက်ကိုရော ဘယ်လိုတွေ အံအားသင့် အောင်လုပ်ပြီး ရောင်းအားကရော ဘယ်လိုတွေရှိနိုင်မလဲ။ Galaxy Note 9 ကတော့ ၆.၄ မျက်နှာပြင်ရှိပြီးတော့ notch ထည့်မထားပါဘူး။ 2960×1440 Super AMOLED screen ကိုသုံးထားပြီး chin ကို အနည်းငယ်ပဲ ထည့်ထားပြီး ဘောင်ကို အနည်းငယ်ပဲ ကွေးထားပါတယ်။
S Pen မှာ အရင် S Pen တွေနဲ့ မတူတော့ဘဲ remote-based connectivity feature ပါဝင်လာမှာ ဖြစ်ပါတယ်။ Screen Off Memo အတွက် pen color လေးတွေကလဲ pen ပေါ်မူတည်ပြီး စာသားတွေက်အရာင်ပြောင်းပေးမှာ ဖြစ်ပါတယ်။ Pen အရောင်က ရွှေရောင်ဆိုရင် စာသားကအဝါရောင်၊ Pen က ကော့ပါးအရောင် ဆိုရင် စာသားက အညိုရောင်၊ Pen က မီးခိုးရောင်ဆိုရင် စာသားက အနက် ဆိုပြီး လိုက်ဖက်တဲ့ အရောင်တွေ ထည့်ပေးထားပါတယ်။ S Pen ကိုတော့ Bluetooth နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့ အဆင့်မြှင့်ထားပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက်ကလဲ Pen က ခလုတ်လေးကို နှိပ်ပြီး ရိုက်ရုံပါပဲ။ presentation လုပ်တဲ့အချိန်နဲ့ တစ်ခြား app တွေအတွက်ကိုလဲ ဖုန်းမျက်နှာပြင်ကိုထိစရာမလိုဘဲ Pen နဲ့ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပုံဆွဲတဲ့အချိန် note မှတ်တဲ့အချိန်နဲ့ live message ပို့တဲ့ အချိန်တွေ မှာတော့ ပုံမှန် Pen တွေရဲ့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။
Samsung DeX နဲ့တွဲပြီး သင့်ရဲ့ဖုန်းလေးကို PC အသွင်ကူးပြောင်းပြီးလဲ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ကင်မရာကတော့ ၂ လုံးပါဝင်မှာ ဖြစ်ပြီး 12 MP (f/1.5-f/2.4) နဲ့ 12 MP (f/2.4) တို့ပဲ ဖြစ်ပါတယ်။
Galaxy Note 9 မှာတော့ Samsung က ဘက်ထရီပမာဏကို အများဆုံး 4,000mAh ထိထည့်ပေးထားပါတယ်။ Note 7 ဘက်ထရီပြဿနာနောက်ပိုင်း ဘက်ထရီပမာဏ အများဆုံး ပြန်ထည့်ပေးလိုက်တဲ့ Note စီးရီးဖုန်းပဲ ဖြစ်ပါတယ်။ Storage 128GB နဲ့ RAM 6GB ကို US $1,160 လောက်ရှိနိုင်ပြီး Storage 512GB နဲ့ RAM 8GB ကို US $1420 လောက်ရှိနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.