အကောင်းဆုံး wearable tech လေးတွေ

0
943

Zawgyi version

နည်းပညာတွေတိုးတက်လာတာနဲ့အမျှအီလက်ထရောနစ်ပစ္စည်းတွေကိုသုံးလို့လွယ်ကူပြီးအဆင်ပြေအောင် အရွယ်အစားသေးငယ်ပြီးဈေးချိုချိုသာသာနဲ့ ထုတ်လုပ်လာကြပါတယ်။ ယခုခေတ်မှာခေတ်စားနေတာကတော့ နာရီအသေးစားလေးတွေ trackers တွေနဲ့ ကင်မရာအသေးစားလေးတွေပဲ ဖြစ်ပါတယ်။ သူတို့က အရွယ်အစားသေးငယ်တဲ့အတွက် သယ်ဆောင်ရလွယ်ကူပြီးအဆင်ပြေစေပါတယ်။ ခုပြောမဲ့အရာလေးတွေကတော့ သင့်ရဲ့ လက်ကောက်ဝတ်မှာဖြစ်ဖြစ် သင့်ရဲ့ ဦးခေါင်းမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သင့်ရဲ့ အိမ်က puppy လေးတွေမှာပဲ ဖြစ်ဖြစ် သုံးလို့ အဆင်ပြေစေနိုင်မယ့် အရာလေးတွေပဲ ဖြစ်ပါတယ်။

Best for All-Round Use: Apple Watch 3

Apple Watch 3 ကတော့ စွဲမက်စရာကောင်းတဲ့ ဒီဇိုင်းကာလာအနေအထားနဲ့ အရောင်စုံလှတဲ့ မျက်နှာပြင်ရယ် ကောင်းမွန်လှတဲ့ app တွေနဲ့ Apple ကထုတ်လုပ်တာဆိုတဲ့အတွက်ကြောင့် အရည်အသွေးကတော့ ပြောစရာမလိုပါဘူး။

သူကသုံးရတာလဲလွယ်ကူပါတယ်။ အားကလဲတစ်ခါအပြည့်သွင်းပြီးတာနဲ့ ၂ ရက်လောက် အသုံးခံပါတယ်။ App တွေ သီချင်းနားထောင်ဖို့ရယ်နဲ့ တစ်ခြားလုပ်ငန်းတွေကိုသင့်ရဲ့ အသံနဲ့ ခိုင်းစေနိုင်တာကြောင့် သုံးရတာတော့ တော်တော်မိုက်ပါတယ်။

နှလုံးခုန်နှုန်းတိုင်းတာနိုင်ရုံသာမက သူက gym equipment တွေနဲ့ချိတ်ဆက်ပြီး workout နဲ့ပတ်သတ်တာတွေကိုတိုင်းတာနိုင်ပါသေးတယ်။ ရေကူးတဲ့အချိန်လဲ တိုင်းတာလို့ရပါသေးတယ်။ သူက ရေစိုလဲ ခံတဲ့ အတွက်ကြောင့် ရေထဲယူသွားလဲ ကိစ္စမရှိပါဘူး။

ဖုန်းနဲ့ ချိတ်ဆက်မထားတဲ့ အချိန်မှာလဲ သူက GPS support ပေးပါသေးတယ် ။ဒါအ့ပြင်သူက LTE-enabled model ဖြစ်တဲ့အတွက်ကြောင့် ဖုန်းနဲ့ ဝေးသွားတဲ့အချိန်မှာလဲ connect ဖြစ်ပါတယ်။ ဒါပေမဲ့ သူက Appleကထုတ်တာဖြစ်တဲ့အတွက်ကြောင့်Android နဲ့ တစ်ခြား device မှာတော့ အလုပ်မလုပ်ပါဘူး။

ကလေးငယ်တွေအတွက် အသုံးဝင်တဲ့ : VTechKidizoom Action Cam

VTechKidizoomActionCam လေးက ကလေးတွေအကြိုက် အရောင်အတွဲစပ်လေးတွေနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အဲ့ဒါလေးကိုလက်ကောက်ဝတ်မှာပတ်ပြီး အသုံးပြုလို့ရရုံတင်မက စက်ဘီး၊  စကိတ်ဘုတ်နဲ့ ဦးထုပ်နဲ့ တစ်ခြား မျက်နှာပြင်ညီတဲ့နေရာတွေမှာ ထောက်တံလေးနဲ့ အသုံးပြုနိုင်ပါတယ်။ သူ့မှာပါတဲ့ ကင်မရာအသေးလေးက ရေစိုခံတဲ့အတွက်ကြောင့် ရေထဲ ၆ ပေအနက်ထိယူသွားလို့ရပါတယ်။ MicroSD card လဲပါဂင်တဲ့အတွက် သင့်ရဲ့ ဓာတ်ပုံတွေ ဒေတာတွေကို ဖုန်းထဲ ဒါမှမဟုတ် ကွန်ပျူတာထဲကို အလွယ်တကူ ကူးပြောင်းပြီး သိမ်းဆည်းနိုင်ပါတယ်။ micro-USBcable နဲ့ Edit ၊share လုပ်နိုင်ပါတယ်။

ဈေးချိုရုံသာမက  Fitness Tracking အတွက်လဲ ကောင်းမွန်တဲ့ : XiaomiMi Band 2

 

ယခုခေတ်မှာ Fitness tracking အတွက် ထုတ်လုပ်ထားတဲ့ Device တွေက ပိုပိုပြီး များပြားလာပြီး ဈေးတွေကလဲ မနည်းမနောပါပဲ။  အဲ့အတွက်ပိုက်ဆံအများကြီး အကုန်ကျမခံချင်ဘူးဆိုရင်တော့ ဒီ Mi Band 2 လေးကိုရွေးချယ်စေချင်ပါတယ် ။

ဈေးလဲချိုသာတဲ့ Mi Band 2 လေးက sleep pattern နဲ့ heart rate ကို track လုပ်နိုင်ပါတယ်။ ခြေလှမ်းပေါင်း၊ ခြေလှမ်းအကွာအဝေး၊ ကယ်လိုရီလောင်ကျွမ်းမှု တွေကို မှတ်သားထားနိုင်ပါတယ်။ သူက current time ကိုပြသပေးမှာဖြစ်ပြီး သင့်ဖုန်းထဲက caller ID, မတ်ဆေ့ခ်ျနဲ့ facebook နဲ့ Twitter က notification တွေကို

ပြသပေးမှာပဲ ဖြစ်ပါတယ်။

အားကစားသမားတွေအတွက် ကောင်းမွန်တဲ့ : Garmin Forerunner 735XT Tracker

သူက ပြေးတဲ့အချိန်၊ စက်ဘီစီးတဲ့အချိန်၊ ရေကူးတဲ့အချိန်၊ တောင်တက်တဲ့အချိန်၊ စကိတ်စီးတဲ့အချိန်၊ လှေစီးတဲ့အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။

သူက အားကစားလုပ်တဲ့သူတွေအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီး ရေစိုလဲခံပါတယ်။ ဘက်ထရီကလဲ ရက်ပေါင်းများစွာခံပါတယ်။ သူကလဲ heart rate၊ VO2max နဲ့ lactate threshold alerting နဲ့ တစ်ခြားအရာတွေလဲ လုပ်ဆောင်နိုင်ပါသေးတယ်။

စက်ဘီစီးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Coros Omni Smart Helmet

သူကတော့ မတော်တဆဖြစ်မှုတွေကို အကာအကွယ်ပေးနိုင်တဲ့ သင့်ခေါင်းမှာ ဆောင်းရတဲ့ ဦးထုပ်လေးပဲ ဖြစ်ပါတယ်။ Omni မှာ bone-conduction audio system ပါဝင်ပြီး Bluetooth နဲ့လဲ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်ပါတယ်။ သူက မိုက်ခရိုဖုန်းလဲ ပါဝင်ပြီး sound traffic နဲ့ wind အတွက် noise-cancelation လဲ ပါဝင်ပါသေးတယ်။ အနောက်မှာ LED မီးလုံးတစ်စုံပါဝင်တဲ့အတွက် လမ်းသွားတဲ့အချိန် အကူအညီဖြစ်ပါတယ်။ တစ်ခါအားသွင်းထားတာနဲ့ သီချင်းကို ၈ နာရီကြာထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းလာတဲ့အချိန်ပြန်ဖြေကြားဖို့နဲ့ သီချင်း နားထောင်နေတဲ့အချိန် သီချင်းရပ်ဖို့ ကျော်ဖို့နဲ့ အသံအတိုးအချဲု့လုပ်ဖို့အတွက် ရီမုတ်လေးလဲ ပါဝင်ပါသေးတယ်။

 

စတိုင်လန်းတဲ့ Skagen Falster Smartwatch

သူရဲ့ဒီဇိုင်းပိုင်းကတော့ သားရေသားနဲ့ စတီးကိုပေါင်းစပ်ပြုလုပ်ထားပါတယ်။ စတိုင်ကတော့ တော်တော်မိုက်ပါတယ်။ Standard smartwatch feature တွေဖြစ်တဲ့ ဖုန်းခေါ်တာ၊ စာပို့တာ၊ e-mail အသုံးပြုဖို့နဲ့ ပြက္ဒဒိန်လဲ ပါဝင်ပါတယ်။ သူက ဘေးမှာ ပါဝါခလုတ်လေးပါဝင်ပြီး app တွေနဲ့ Google Assistant လဲပါဝင်ပါတယ်။ ဘက်ထရီကလဲ တစ်ရက်နီးပါးအသုံးပြုနိင်ပါတယ်။ သူကတော့ GPS နဲ့ နှလုံးခုန်နှုန်း တိုင်းတဲ့ဟာတော မပါဝင်ပါဘူး။ ဒါပေမဲ့ သူက basic exercise နဲ့ workout tracking အတွက်တော့ ကောင်းမွန်ပါတယ်။

 

Pet လေးတွေအတွက် ကောင်းမွန်တဲ့ Whistle 3 Pet Tracker

သူကတော့ လူတွေအတွက်ထုတ်ထားတာတော့ မဟုတ်ပါဘူး။ အိမ်က pet လေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ သူက ရေစိုလဲခံပြီး အကြမ်းခံပါတယ်။ သူ့ရဲ့ အလေးချိန်ကလဲ ၁ အောင်စလောက်တောင် မရှိပါဘူး။

သူက Wi-Fi network နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရအောင် “safe-zones” လဲထည့်ပေးထားပါတယ်။ သင့်ရဲ့ pet လေးက safe-zone ထဲရောက်နေရင်တော့ Wi-Fi ကပိတ်သွားပြီး ဘက်ထရီလဲ သက်သာစေမှာပါ။ ပြီးတော့ အဲ့အရာလေးက သတ်မှတ်ထားတဲ့ နေရာကျော်သွားရင်လဲ သင့်ကို သတိပေးဦးမှာ ဆိုတော့ သင့်ရဲ့ pet လေးကို အလွယ်တကူ ရှာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ pet လေး တစ်နေကုန်သွားခဲ့တဲ့ နေရာတွေကိုလဲ မြေပုံမှာ ပြန်ကြည့်နိုင်ပါသေးတယ်။ ဘက်ထရီကလဲ တစ်ပတ်လောက်က အေးဆေးခံပါတယ်။

 

 

 

 

Leave a Reply