မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါတဲ့ ပါတဲ့ Meizu 16 နဲ႕ 16 Plus တို႔ကို ေၾကညာၿပီ

0
735

သတင္းမ်ားစြာ ေပါက္ၾကားထြက္ေပၚေနတဲ့ Meizu 16 နဲ႔ 16 Plus တို႔ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူတို႔ရဲ႕ Specs အမ်ားစုဟာ တူညီၿပီး ကြာျခားခ်က္ အနည္းငယ္သာ ရွိပါတယ္။ Meizu 16 မွာ ၆ လက္မနဲ႔ 16 Plus မွာ ၆.၅ လက္မ ပါပါတယ္။ ဖုန္း ၂ ခုစလံုးမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။

Meizu 16 Plus မွာ ၆.၅ လက္မ Full HD+ Display တပ္ဆင္ထားၿပီး Super AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 12MP Camera နဲ႔ 20MP Telephoto Camera မ်ားကို ထည့္ထားပါတယ္။ 20MP Selfie Camera ကို သံုးထားပါတယ္။ ဥာဏ္ရည္တု နည္းပညာက အေကာင္းဆံုး ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ေအာင္ ကူညီေပးပါတယ္။ Snapdragon 845 Chipset ရဲ႕ စြမ္းရည္ကို ျမင့္မားေစဖို႔ အေအးေပးတဲ့ နည္းပညာ ပါပါတယ္။ mCharge နည္းပညာပါတဲ့ 3570mAh Battery ပါပါတယ္။ ေစ်းႏႈန္းကို ေအာက္ပါပံုမွာ ေလ့လာပါ။

Meizu 16 မွာ ၆ လက္မ Full HD+ Display ထည့္သြင္းထားၿပီး Super AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။ ဘက္ထရီကို ေလွ်ာ့ခ်ထားၿပီး 3010mAh သာ ပါပါတယ္။ အျခား Specs မ်ားက Plus Model နဲ႔ တူညီပါတယ္။ 16 ရဲ႕ ေစ်းႏႈန္းကို ေအာက္မွာ ၾကည့္ပါ။ ဖုန္း ၂ လံုးစလံုးကို တရုတ္မွာ ႀကိဳတင္မွာယူႏုိင္ပါၿပီ။

unicode

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ ပါတဲ့ Meizu 16 နဲ့ 16 Plus တို့ကို ကြေညာပြီ

သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေတဲ့ Meizu 16 နဲ့ 16 Plus တို့ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူတို့ရဲ့ Specs အများစုဟာ တူညီပြီး ကွာခြားချက် အနည်းငယ်သာ ရှိပါတယ်။ Meizu 16 မှာ ၆ လက်မနဲ့ 16 Plus မှာ ၆.၅ လက်မ ပါပါတယ်။ ဖုန်း ၂ ခုစလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

Meizu 16 Plus မှာ ၆.၅ လက်မ Full HD+ Display တပ်ဆင်ထားပြီး Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ 20MP Telephoto Camera များကို ထည့်ထားပါတယ်။ 20MP Selfie Camera ကို သုံးထားပါတယ်။ ဉာဏ်ရည်တု နည်းပညာက အကောင်းဆုံး ဓါတ်ပုံများကို ဖမ်းယူပေးနိုင်အောင် ကူညီပေးပါတယ်။ Snapdragon 845 Chipset ရဲ့ စွမ်းရည်ကို မြင့်မားစေဖို့ အအေးပေးတဲ့ နည်းပညာ ပါပါတယ်။ mCharge နည်းပညာပါတဲ့ 3570mAh Battery ပါပါတယ်။ ဈေးနှုန်းကို အောက်ပါပုံမှာ လေ့လာပါ။

Meizu 16 မှာ ၆ လက်မ Full HD+ Display ထည့်သွင်းထားပြီး Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီကို လျှော့ချထားပြီး 3010mAh သာ ပါပါတယ်။ အခြား Specs များက Plus Model နဲ့ တူညီပါတယ်။ 16 ရဲ့ ဈေးနှုန်းကို အောက်မှာ ကြည့်ပါ။ ဖုန်း ၂ လုံးစလုံးကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Leave a Reply