Xiaomi Pocophone F1 ရဲ႕ ဘူးခြံ နဲ႔ ဓါတ္ပံုအခ်ိဳ႕ထြက္ေပၚလာ

0
743

Xiaomi Pocophone F1 ရဲ႕ ဓါတ္ပံုမ်ား ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ဘလူးတုကို မွတ္ပံုတင္ထားတဲ့ စာရြက္စာတမ္းကေနလည္း သူ႔ရဲ႕ Specs မ်ားကို သိခဲ့ရၿပီးပါၿပီ။ အခုလည္း သူ႔ရဲ႕ ဘူးခြံနဲ႔ ဓါတ္ပံု အခ်ိဳ႕ထြက္ေပၚလာပါတယ္။ ဓါတ္ပံုတစ္ခုမွာ ဖုန္းကေန ျဖဳတ္ထားတဲ့ 4000mAh Battery ကို ျပသထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး သူ႔ရဲ႕ ေအာက္မွာ လက္ေဗြရာ ကိရိယာ ပါလာပါတယ္။ Snapdragon 845 အတြက္ Liquid Cooling System ကို ထည့္သြင္းထားမယ္လို႔ ဓါတ္ပံုတစ္ခုမွာ ျပသထားပါတယ္။

ထိပ္ဖက္မွာ နားၾကပ္ေပါက္ကို တပ္ဆင္ထားပါတယ္။ ေအာက္ေျခမွာ စပီကာေပါက္မ်ား၊ USB-C Port ကို ျမင္ရပါတယ္။ အေနာက္ဘက္ကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ ဖန္တီးထားတဲ့အတြက္ ႀကိဳးမဲ့အားသြင္း စနစ္ေတာ့ မပါႏုိင္ပါဘူး။ အရြယ္အစား ႀကီးမားတဲ့ Notch မွာ ကင္မရာကို တပ္ဆင္ထားပါတယ္။ 3D Face Recognition နည္းပညာအတြက္ ဆန္ဆာမ်ား မပါတာကို ေတြ႕ရပါတယ္။

သူ႕ကို ဥေရာပအေရွ႕ပိုင္းနဲ႔ အိႏိၵယစမတ္ဖုန္း ေစ်းကြက္အတြက္ ရည္ရြယ္ထုတ္လုပ္မွာ ျဖစ္ပါတယ္။ Pocophone F1 ကိုျဖန္႔ခ်ိတဲ့ အခ်ိန္မွာ ေစ်းႏႈန္းက 6/64GB Model ကို ယူရို420 နဲ႔ 6/128GB ဗားရွင္းကိုေတာ့ ယူရို 460 သတ္မွတ္ထားႏုိင္ပါတယ္။ Pocophone Brand နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ FCC မွာလည္း ထြက္ေပၚလာခဲ့ဘူးပါတယ္။ သူရဲ႕ Code-Named ကိုေတာ့ “beryllium” လို႔ေပးထားပါတယ္။

သူ႕မွာ Snapdragon 845 ပရိုဆက္ဆာသုံးလာမွာျဖစ္ၿပီး ေစ်းႏႈန္းကလက္ရွိထြက္ထားတဲ့ ဖုန္းေတြထက္ ပိုသက္သာပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ Xiaomi ရဲ႕ Snapdragon 845 သုံးထားတဲ့ ဖုန္းကေတာ့ Mi 8 ျဖစ္ၿပီး သူ႕မွာ 6.21″ Full Screen Display နဲ့အတူ Notch လည္းပါ၀င္လာခဲ့ပါတယ္။ ဒါ့အျပင္ Xiaomi Flagship ဖုုန္းေတြမွာ ပထမဆုံးအေနနဲ႔ AMOLED Display ကိုု အသံုုးျပဳထားပါတယ္။ ဖုန္းအသစ္နဲ႔ ပတ္သတ္ၿပီးေနာက္ထပ္သိရတာကေတာ့ သူ႕မွာ 6.00-inch 1080x2160px display နဲ႔အတူ Grey ၊ Blue အေရာင္ေတြထြက္လာမယ္လို႔ ဆိုပါတယ္။

unicode

Xiaomi Pocophone F1 ရဲ့ ဘူးခွံ နဲ့ ဓါတ်ပုံအချို့ထွက်ပေါ်လာ

Xiaomi Pocophone F1 ရဲ့ ဓါတ်ပုံများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘလူးတုကို မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းကနေလည်း သူ့ရဲ့ Specs များကို သိခဲ့ရပြီးပါပြီ။ အခုလည်း သူ့ရဲ့ ဘူးခွံနဲ့ ဓါတ်ပုံ အချို့ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတစ်ခုမှာ ဖုန်းကနေ ဖြုတ်ထားတဲ့ 4000mAh Battery ကို ပြသထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး သူ့ရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ Snapdragon 845 အတွက် Liquid Cooling System ကို ထည့်သွင်းထားမယ်လို့ ဓါတ်ပုံတစ်ခုမှာ ပြသထားပါတယ်။

ထိပ်ဖက်မှာ နားကြပ်ပေါက်ကို တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ စပီကာပေါက်များ၊ USB-C Port ကို မြင်ရပါတယ်။ အနောက်ဘက်ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့အတွက် ကြိုးမဲ့အားသွင်း စနစ်တော့ မပါနိုင်ပါဘူး။ အရွယ်အစား ကြီးမားတဲ့ Notch မှာ ကင်မရာကို တပ်ဆင်ထားပါတယ်။ 3D Face Recognition နည်းပညာအတွက် ဆန်ဆာများ မပါတာကို တွေ့ရပါတယ်။

သူ့ကို ဥရောပအရှေ့ပိုင်းနဲ့ အိန္ဒိယစမတ်ဖုန်း ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Pocophone F1 ကိုဖြန့်ချိတဲ့ အချိန်မှာ ဈေးနှုန်းက 6/64GB Model ကို ယူရို420 နဲ့ 6/128GB ဗားရှင်းကိုတော့ ယူရို 460 သတ်မှတ်ထားနိုင်ပါတယ်။ Pocophone Brand နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ FCC မှာလည်း ထွက်ပေါ်လာခဲ့ဘူးပါတယ်။ သူရဲ့ Code-Named ကိုတော့ “beryllium” လို့ပေးထားပါတယ်။

သူ့မှာ Snapdragon 845 ပရိုဆက်ဆာသုံးလာမှာဖြစ်ပြီး ဈေးနှုန်းကလက်ရှိထွက်ထားတဲ့ ဖုန်းတွေထက် ပိုသက်သာပါလိမ့်မယ်။ လက်ရှိအချိန်မှာ Xiaomi ရဲ့ Snapdragon 845 သုံးထားတဲ့ ဖုန်းကတော့ Mi 8 ဖြစ်ပြီး သူ့မှာ 6.21″ Full Screen Display နဲ့အတူ Notch လည်းပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် Xiaomi Flagship ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ AMOLED Display ကို အသုံးပြုထားပါတယ်။ ဖုန်းအသစ်နဲ့ ပတ်သတ်ပြီးနောက်ထပ်သိရတာကတော့ သူ့မှာ 6.00-inch 1080x2160px display နဲ့အတူ Grey ၊ Blue အရောင်တွေထွက်လာမယ်လို့ ဆိုပါတယ်။

Leave a Reply