VOOC နဲ႔ ဖုန္း ဒီဇိုင္းကို ျပသထားတဲ့ Oppo F9 Pro ရဲ႕ Teaser Video ထြက္ရွိ

0
1053

Oppo F9 ရဲ႕ ဒီဇိုင္းကိုေတာ့ ကုမၸဏီက ဗီဒီယိုတစ္ခုမွာ တရား၀င္ ျပသလိုက္ပါတယ္။ Oppo က Waterdrop Screen လို႔ ေခၚတဲ့ သမားရိုးက် မဟုတ္တဲ့ မ်က္ႏွာျပင္နဲ႔ အကြက္အေျပာက္မ်ား ပါတဲ့ အေနာက္ကိုယ္ထည္ကို ဗီဒီယိုမွာ ျပသထားပါတယ္။ အေရွ႕ ကင္မရာကို ႀတိဂံပံုသ႑ာန္ Notch မွာ တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးကို အလ်ားလိုက္ တပ္ဆင္ထားပါတယ္။

အေနာက္ဘက္မွာ Fingerprint Scanner ျမွပ္ႏွံထားပါတယ္။ ဗီဒီယိုရဲ႕ ေနာက္ဆံုး အပိုင္းမွာ အဲဒီ ဖုန္းရဲ႕ အဓိက စြမ္းရည္ တစ္ခုျဖစ္တဲ့ VOOC Flash Charge နည္းပညာကို ျပသထားပါတယ္။ ၅ မိနစ္အားသြင္းရင္ ၂ နာရီ ဖုန္းေျပာႏုိင္တယ္လို႔ ေရးသားထားပါတယ္။ Video ဟာ ၃၃ စကၠန္႔သာ ၾကာပါတယ္။

VOOC နည္းပညာကို ကုမၸဏီက သူ႔ရဲ႕ တန္ဖိုးသင့္နဲ႔ တန္ဖိုးျမင့္ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးထားေလ့ရွိပါတယ္။ Oppo ရဲ႕ VOOC နည္းပညာဟာ အလြန္ အစြမ္းထက္ပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ဖုန္းတစ္လံုးကို ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ ဒီနည္းပညာကို စြမ္းရည္သင့္ R Series နဲ႔ Find Series မ်ားမွာ ထည့္သြင္းေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာ F Series မ်ားမွာပါ ထည့္သြင္းေပးလာပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ေၾကညာခဲ့တဲ့ F3 Plus မွာ ဒီနည္းပညာ စတင္ ပါလာပါတယ္။

Oppo F9 Pro ရဲ႕ ယခင္ ဓါတ္ပံုမ်ား အရ စကရင္ရဲ႕ အထက္၊ ဘယ္နဲ႔ ညာဘက္မွ ေဘာင္မ်ားဟာ မရွိသေလာက္ကို ပါးလႊာပါတယ္။ ေအာက္ဘက္မွာေတာ့ ပါးလႊာတဲ့ေဘာင္ေလး ပါပါတယ္။ အေနာက္ကာဗာရဲ႕ အေရာင္ဟာ အနီကေန ပန္းေရာင္၊ ပန္းေရာင္ကေန ခရမ္းေရာင္ ေျပာင္းလဲႏုိင္တာက ထူးျခားပါတယ္။ ပတ္၀န္းက်င္ အလင္းေရာင္ အေပၚ မူတည္၍ ေျပာင္းလဲတာလား၊ ပံုေသ ေျပာင္းလဲတာလား ဆိုတာကို မသိရေသးပါဘူး။ ဒီလအတြင္းမွာ F9 Series မ်ားကို ေၾကညာႏုိင္ပါတယ္။

unicode

VOOC နဲ့ ဖုန်း ဒီဇိုင်းကို ပြသထားတဲ့ Oppo F9 Pro ရဲ့ Teaser Video ထွက်ရှိ

Oppo F9 ရဲ့ ဒီဇိုင်းကိုတော့ ကုမ္ပဏီက ဗီဒီယိုတစ်ခုမှာ တရားဝင် ပြသလိုက်ပါတယ်။ Oppo က Waterdrop Screen လို့ ခေါ်တဲ့ သမားရိုးကျ မဟုတ်တဲ့ မျက်နှာပြင်နဲ့ အကွက်အပြောက်များ ပါတဲ့ အနောက်ကိုယ်ထည်ကို ဗီဒီယိုမှာ ပြသထားပါတယ်။ အရှေ့ ကင်မရာကို တြိဂံပုံသဏ္ဍာန် Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ Fingerprint Scanner မြှပ်နှံထားပါတယ်။ ဗီဒီယိုရဲ့ နောက်ဆုံး အပိုင်းမှာ အဲဒီ ဖုန်းရဲ့ အဓိက စွမ်းရည် တစ်ခုဖြစ်တဲ့ VOOC Flash Charge နည်းပညာကို ပြသထားပါတယ်။ ၅ မိနစ်အားသွင်းရင် ၂ နာရီ ဖုန်းပြောနိုင်တယ်လို့ ရေးသားထားပါတယ်။ Video ဟာ ၃၃ စက္ကန့်သာ ကြာပါတယ်။

VOOC နည်းပညာကို ကုမ္ပဏီက သူ့ရဲ့ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့် စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားလေ့ရှိပါတယ်။ Oppo ရဲ့ VOOC နည်းပညာဟာ အလွန် အစွမ်းထက်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ဖုန်းတစ်လုံးကို ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ ဒီနည်းပညာကို စွမ်းရည်သင့် R Series နဲ့ Find Series များမှာ ထည့်သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ F Series များမှာပါ ထည့်သွင်းပေးလာပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့တဲ့ F3 Plus မှာ ဒီနည်းပညာ စတင် ပါလာပါတယ်။

Oppo F9 Pro ရဲ့ ယခင် ဓါတ်ပုံများ အရ စကရင်ရဲ့ အထက်၊ ဘယ်နဲ့ ညာဘက်မှ ဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အောက်ဘက်မှာတော့ ပါးလွှာတဲ့ဘောင်လေး ပါပါတယ်။ အနောက်ကာဗာရဲ့ အရောင်ဟာ အနီကနေ ပန်းရောင်၊ ပန်းရောင်ကနေ ခရမ်းရောင် ပြောင်းလဲနိုင်တာက ထူးခြားပါတယ်။ ပတ်ဝန်းကျင် အလင်းရောင် အပေါ် မူတည်၍ ပြောင်းလဲတာလား၊ ပုံသေ ပြောင်းလဲတာလား ဆိုတာကို မသိရသေးပါဘူး။ ဒီလအတွင်းမှာ F9 Series များကို ကြေညာနိုင်ပါတယ်။

Leave a Reply