Pixel 3 မှာ standard nav button များ ဖြုတ်ထား
0
1144
Zawgyi Version
Unicode Version
Google ရဲ့ gesture navigation ကလည်း အတော်လေးကို နောက်ကျနေခဲ့တာပါ။ သာမန် nav bar ထည့်ထားတဲ့အတွက်ကြောင့် နေရာပိုယူနေပါတယ်။ Pixel 3 နဲ့ 3 XL တို့မှာလည်း gesture navigation ထည့်သွင်းထားမှာပါ။ ပြီးတော့ standard three-button layout လည်းမရှိတော့ဘူးဆိုတော့ စိတ်ပျက်စရာများ ကောင်းသွားသလား။
EK Chung လို့ခေါ်တဲ့ Android အတွက် UX မန်နေဂျာနဲ့စကားပြောကြည့်တော့ သိရတာပဲဖြစ်ပါတယ်။
Pixel ဖုန်းတွေဟာ Oreo ကနေ update လုပ်ထားတဲ့အတွက်ကြောင့် three-button navigation လေးတွေကို gesture နဲ့ တွေ့မြင်ရမှာ ဖြစ်ပြီးတော့ နောက်ပိုင်း Google ဖုန်းတွေမှာ gesture navigation ကိုသာ ထည့်သွင်းပေးတော့မှာပါ။
တစ်နည်းပြောရမယ်ဆိုရင်တော့ Oreo နဲ့ အရင်ဗားရှင်းထည့်သွင်းထားတဲ့ဖုန်းတွေကတော့ three-button navigation ကို default ၊ gesture nav ကို option အနေနဲ့ အသုံးပြုနိုင်မှာပါ။ နောက်ပိုင်းထွက်လာမယ့် Pixel 3 လိုင်းတွေမှာတော့ gesture nav တွေကိုသာ တွေ့မြင်ရတော့မှာပါ။ three-button layout ဟာ Android မသုံးဖူးတဲ့သူတွေအတွက် ရှုပ်ထွေးစေနိုင်တဲ့အတွက်ကြောင့် သုံးစွဲသူအသစ်တွေအတွက် gesture nav ကို ထည့်သွင်းပေးခဲ့တာပါ။ Google ရဲ့လေ့လာချက်အရ app တွေအတွင်းမှာ အလွယ်တကူကူးပြောင်းနိုင်မှုဟာ အရမ်းအသုံးဝင်၊ မြန်ဆန်တယ်လို့ မှတ်ချက်တွေရထားပါတယ်။
ကောင်းပါတယ်။ ဒါပေမယ့်လည်း three-button navigation လေးကိုတော့ ထည့်သွင်းပေးသင့်တယ်မဟုတ်လား။ သုံးစွဲသူအသစ်ဆိုရင် အဆင်ပြေအောင်လုပ်ပေးထားတာမှန်ပေမယ့်လည်း ကျွန်တော်တို့အတွက် စဉ်းစားပြီးတော့ three-button layout လေးကို မဖြုတ်သင့်ပါဘူး။
Google ကလွဲပြီးအခြားလုပ်ငန်းတွေအနေနဲ့ Android Pie ဖုန်းတွေမှာ three-button layout နဲ့ထုတ်မလား။ OnePlus နဲ့ Motorola တို့မှာလည်း gesture nav လေးတွေကို ကိုယ်ပိုင်လုပ်ဆောင်ထားတာရှိနေတော့ ရင်မောစရာပါပဲ။
ဟုတ်ပါတယ်။ Google ရဲ့ Pixel 3 gesture nav ကတော့ ပိုကောင်းလာနိုင်လာပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းက အသုံးပြုခဲ့တဲ့ စနစ်လေးကိုတော့ လွမ်းမိသေးတယ် ☹
Leave a Reply