Microwave လက္နက္ျဖင့္ Drone မ်ားအား ပစ္ခ်မယ့္ အေမရိကန္ စစ္တပ္

0
1031

ဒရုန္းမ်ားမွာ လက္နက္မ်ား၊ ဗံုးမ်ား တပ္ဆင္၍ အၾကမ္းဖက္ တိုက္ခိုက္ႏုိင္တဲ့ အတြက္ သူတို႔ကို ကာကြယ္ႏွိမ္နင္းႏုိင္မယ့္ နည္းစနစ္မ်ား၊ လက္နက္မ်ားကို တီထြင္ေနၾကပါတယ္။ အခ်ိဳ႕ႏုိင္ငံမ်ားမွာ ဒရုန္းမ်ားအား တိုက္ခိုက္ဖို႔ သိမ္းငွက္မ်ားအား သင္ၾကားေပးထားပါတယ္။ ဒရုန္း အမ်ားစုကို ထိန္းခ်ဳပ္သူနဲ႔ အဆက္အသြယ္ ျပတ္ေအာင္ တိုက္ခုိက္ႏုိင္မယ့္ ေရဒီယိုလိႈင္း နည္းပညာလည္း ေပၚထြက္ေနပါၿပီ။ အခုေတာ့ အေမရိကန္ စစ္တပ္က ဒရုန္းမ်ားကို ပစ္ခ်ဖို႔ မိုက္ကရိုေ၀့ဖ္ လက္နက္ကို အသံုးျပဳမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ လက္နက္ကို Lockheed Martin က ဖန္တီးေပးထားတာ ျဖစ္ၿပီး မိုက္ကရိုေ၀့ဖ္ လိႈင္းမ်ားျဖင့္ ဒရုန္းမ်ားအား ပစ္ခ်ႏုိင္ပါတယ္။ အဲဒီ လက္နက္ကို ေလယာဥ္မွာ တပ္ဆင္ဖို႔ ရည္ရြယ္ထားပါတယ္။ Lockheed Martin ရဲ႕ ဒရုန္း ကာကြယ္ေရး စနစ္ဟာ ေလတပ္အတြက္ ဖန္တီးေပးထားတဲ့ Self-Protect High Energy Laser Demonstrator or SHIELD လို႔ အမည္ေပးထားတဲ့ မိုက္ကရိုေ၀့ဖ္ စနစ္နဲ႔ ဆင္တူပါတယ္။ SHIELD ဟာ ၀င္လာတဲ့ ဒံုးက်ည္မ်ားကို ဖ်က္ဆီးႏုိင္ေအာင္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ႏို၀င္ဘာလမွာ ေဒၚလာ ၂၆ သန္းတန္ ဒီဇိုင္းဆုကို ရရွိထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ဗံုးမ်ား တပ္ဆင္ထားတဲ့ ဒရုန္းမ်ားျဖင့္ ဗင္နီဇြဲလား သမၼတ ျဖစ္သူ Nicolas Maduo ကို လုပ္ၾကံသတ္ျဖတ္ဖို႔ ႀကိဳးစားမႈတစ္ခု ျဖစ္ပြားခဲ့့ပါတယ္။ လံုျခံဳေရး တပ္ဖြဲ႕မ်ားက ဒရုန္းမ်ားကို ရိုင္ဖယ္ ေသနတ္မ်ားျဖင့္ ပစ္ခ်ႏုိင္ခဲ့ပါတယ္။ ဒရုန္းဟာ Hexacopter Drones မ်ား ျဖစ္ၿပီး DJI ရဲ႕ Matrice 600 နဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။ ဒရုန္းတစ္ခုစီမွာ C4 ယမ္း ၁ ကီလိုဂရမ္စီ ပါရွိပါတယ္လို႔ ဗင္နီဇြဲလား လံုျခံဳေရး အဖြဲ႕က ေျပာပါတယ္။ Matrice 600 ဟာ အမ်ားဆံုး အေနျဖင့္ ၅.၅ ကီလိုဂရမ္ကို သယ္ေဆာင္္ႏုိင္ပါတယ္။ အဲဒီ ျဖစ္ရ႔ပ္ေၾကာင့္ ဒရုန္းမ်ားရဲ႕ အႏၱရာယ္ဟာ ပိုမို စိုးရိမ္စရာ ျဖစ္လာပါတယ္။

unicode

Microwave လက်နက်ဖြင့် Drone များအား ပစ်ချမယ့် အမေရိကန် စစ်တပ်

ဒရုန်းများမှာ လက်နက်များ၊ ဗုံးများ တပ်ဆင်၍ အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့ အတွက် သူတို့ကို ကာကွယ်နှိမ်နင်းနိုင်မယ့် နည်းစနစ်များ၊ လက်နက်များကို တီထွင်နေကြပါတယ်။ အချို့နိုင်ငံများမှာ ဒရုန်းများအား တိုက်ခိုက်ဖို့ သိမ်းငှက်များအား သင်ကြားပေးထားပါတယ်။ ဒရုန်း အများစုကို ထိန်းချုပ်သူနဲ့ အဆက်အသွယ် ပြတ်အောင် တိုက်ခိုက်နိုင်မယ့် ရေဒီယိုလှိုင်း နည်းပညာလည်း ပေါ်ထွက်နေပါပြီ။ အခုတော့ အမေရိကန် စစ်တပ်က ဒရုန်းများကို ပစ်ချဖို့ မိုက်ကရိုဝေ့ဖ် လက်နက်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

သူ့ရဲ့ လက်နက်ကို Lockheed Martin က ဖန်တီးပေးထားတာ ဖြစ်ပြီး မိုက်ကရိုဝေ့ဖ် လှိုင်းများဖြင့် ဒရုန်းများအား ပစ်ချနိုင်ပါတယ်။ အဲဒီ လက်နက်ကို လေယာဉ်မှာ တပ်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ Lockheed Martin ရဲ့ ဒရုန်း ကာကွယ်ရေး စနစ်ဟာ လေတပ်အတွက် ဖန်တီးပေးထားတဲ့ Self-Protect High Energy Laser Demonstrator or SHIELD လို့ အမည်ပေးထားတဲ့ မိုက်ကရိုဝေ့ဖ် စနစ်နဲ့ ဆင်တူပါတယ်။ SHIELD ဟာ ဝင်လာတဲ့ ဒုံးကျည်များကို ဖျက်ဆီးနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၂၆ သန်းတန် ဒီဇိုင်းဆုကို ရရှိထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗုံးများ တပ်ဆင်ထားတဲ့ ဒရုန်းများဖြင့် ဗင်နီဇွဲလား သမ္မတ ဖြစ်သူ Nicolas Maduo ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့များက ဒရုန်းများကို ရိုင်ဖယ် သေနတ်များဖြင့် ပစ်ချနိုင်ခဲ့ပါတယ်။ ဒရုန်းဟာ Hexacopter Drones များ ဖြစ်ပြီး DJI ရဲ့ Matrice 600 နဲ့ ဆင်တူတယ်လို့ သိရပါတယ်။ ဒရုန်းတစ်ခုစီမှာ C4 ယမ်း ၁ ကီလိုဂရမ်စီ ပါရှိပါတယ်လို့ ဗင်နီဇွဲလား လုံခြုံရေး အဖွဲ့က ပြောပါတယ်။ Matrice 600 ဟာ အများဆုံး အနေဖြင့် ၅.၅ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။ အဲဒီ ဖြစ်ရ့ပ်ကြောင့် ဒရုန်းများရဲ့ အန္တရာယ်ဟာ ပိုမို စိုးရိမ်စရာ ဖြစ်လာပါတယ်။

Leave a Reply