HomePod ကU.S မွာ အလံုးေရ ၃ မီလီယံ ေရာင္းခ်ျပီးေတာ့ ရွယ္ယာ ၆% ထိ ပိုင္ဆုိင္

0
898

Zawgyi version

U.S မွာက စမတ္ စပီကာေတြျဖစ္တဲ့ Amazon Echo, Google Home, နဲ႔ HomePod ေတြကေတာ့ နာမည္ရျပီးသားေတြပဲ ျဖစ္ပါတယ္။ HomePod က ၂၀၁၈ ရဲ႕ ဒုတိယ ကြာတားမွာ ေစ်းကြက္ရွယ္ယာ ၆%ထိ ျမင့္တက္ခဲ့ပါတယ္။ ဇြန္လကုန္ေလာက္မွာလဲ အလံုးေရ ၃ မီလီယံထိေရာင္းခ်နုိင္ခဲ့ပါေသးတယ္။

Amazon Echo ကေတာ့ U.S ရဲ႕ ေစ်းကြက္ရွယ္ယာ ၇၀% နဲ႔ Google Home ကေတာ့ ၂၄%  အသီးသီး ပိုင္ဆုိင္ထားၾကပါတယ္။  HomePod ကုိေတာ့ အေမရိကန္၊ အဂၤလန္၊ ၾသစေတ်းလ်၊ ကေနဒါ၊ ျပင္သစ္နဲ႔ ဂ်ာမနီမွာသာလွ်င္ ရရွိနုိင္မွာျဖစ္ပါတယ္။

HomePod က စမတ္စပီကာေစ်းကြက္မွာ ရွယ္ယာေစ်းကြက္ကိုဒီထပ္ပို္ရဖို႔ကေတာ့ အနည္းငယ္အခက္အခဲရွိနုိင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သ႔ူရဲ႕ ေစ်းနႈန္းေၾကာင့္ပဲ ျဖစ္ပါတယ္။ HomePod ရဲ႕ ေစ်းနႈန္းက $349 နဲ႔ ေစ်းအၾကီးဆံုးျဖစ္ျပီး Amazon Echo က $50 နဲ႔ Google Home ကေတာ့ $129 ပဲျဖစ္ၾကပါတယ္။

Apple ကေတာ့ HomePod ကို ပထမကြာတားမွာ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ သူက Amazon နဲ႔ Google ထက္စာရင္ေတာ့ ရွယ္ယာအေရအတြက္က နည္းေနပါေသးတယ္။ Amazon ကေတာ့ စတင္ေရာင္းခ်ခဲ့တာ ၂ နွစ္ရွိျပီပဲ ျဖစ္ပါတယ္။ Amazon နဲ႔ Google ကေတာ့ ေစ်းသက္သက္သာသာနဲ႔ ရရွိနုိင္မွာပဲျဖစ္ပါတယ္။

တရုတ္ကလဲ  $150 နဲ႔ $200 ၾကားရွိတဲ့ေစ်းသက္သာတဲ့ HomePod ကိုုထုတ္လုပ္မယ္လို႔လဲ သတင္းရရွိထားပါတယ္။ အဲ့ဒါကအေသအခ်ာေတာ့ မဟုတ္ေသးပါဘူး။ တစ္ကယ္လို႔သာ HomePod ကိုေစ်းသက္သက္သာသာနဲ႔ ထုတ္ျဖစ္မယ္ဆိုရင္ေတာ့ Siri ေတာ့ပါ၀င္လာမွာ မဟုတ္ေတာ့ပါဘူး။

Apple က HomePod ရဲ႕ ေရာင္းရတဲ့ ပမာဏကို Apple Watch, Apple TV, AirPods, Beats, iPod touch နဲ႔တစ္ျခား accessories ေတြရဲ႕ ေရာင္းအားပမာဏကိုျပသလိုမ်ိဳး အတိအက်ေတာ့ ဖြင့္ဟမထားပါဘူး။ ေမလမွာတုန္းကပဲ အလံုးေရ ၆ သိန္းေရာင္းခ်နိုင္ခဲ့တယ္ဆိုတာပဲ ေျပာျပခဲ့ပါတယ္။

 

Unicode version

U.S မှာက စမတ် စပီကာတွေဖြစ်တဲ့ Amazon Echo, Google Home, နဲ့ HomePod တွေကတော့ နာမည်ရပြီးသားတွေပဲ ဖြစ်ပါတယ်။ HomePod က ၂၀၁၈ ရဲ့ ဒုတိယ ကွာတားမှာ ဈေးကွက်ရှယ်ယာ ၆%ထိ မြင့်တက်ခဲ့ပါတယ်။ ဇွန်လကုန်လောက်မှာလဲ အလုံးရေ ၃ မီလီယံထိရောင်းချနိုင်ခဲ့ပါသေးတယ်။

Amazon Echo ကတော့ U.S ရဲ့ ဈေးကွက်ရှယ်ယာ ၇၀% နဲ့ Google Home ကတော့ ၂၄% အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ HomePod ကိုတော့ အမေရိကန်၊ အင်္ဂလန်၊ သြစတျေးလျ၊ ကနေဒါ၊ ပြင်သစ်နဲ့ ဂျာမနီမှာသာလျှင် ရရှိနိုင်မှာဖြစ်ပါတယ်။

HomePod က စမတ်စပီကာဈေးကွက်မှာ ရှယ်ယာဈေးကွက်ကိုဒီထပ်ပိုရဖို့ကတော့ အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သ့ူရဲ့ ဈေးနှုန်းကြောင့်ပဲ ဖြစ်ပါတယ်။ HomePod ရဲ့ ဈေးနှုန်းက $349 နဲ့ ဈေးအကြီးဆုံးဖြစ်ပြီး Amazon Echo က $50 နဲ့ Google Home ကတော့ $129 ပဲဖြစ်ကြပါတယ်။

Apple ကတော့ HomePod ကို ပထမကွာတားမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူက Amazon နဲ့ Google ထက်စာရင်တော့ ရှယ်ယာအရေအတွက်က နည်းနေပါသေးတယ်။ Amazon ကတော့ စတင်ရောင်းချခဲ့တာ ၂ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ Amazon နဲ့ Google ကတော့ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

တရုတ်ကလဲ $150 နဲ့ $200 ကြားရှိတဲ့ဈေးသက်သာတဲ့ HomePod ကိုထုတ်လုပ်မယ်လို့လဲ သတင်းရရှိထားပါတယ်။ အဲ့ဒါကအသေအချာတော့ မဟုတ်သေးပါဘူး။ တစ်ကယ်လို့သာ HomePod ကိုဈေးသက်သက်သာသာနဲ့ ထုတ်ဖြစ်မယ်ဆိုရင်တော့ Siri တော့ပါဝင်လာမှာ မဟုတ်တော့ပါဘူး။

Apple က HomePod ရဲ့ ရောင်းရတဲ့ ပမာဏကို Apple Watch, Apple TV, AirPods, Beats, iPod touch နဲ့တစ်ခြား accessories တွေရဲ့ ရောင်းအားပမာဏကိုပြသလိုမျိုး အတိအကျတော့ ဖွင့်ဟမထားပါဘူး။ မေလမှာတုန်းကပဲ အလုံးရေ ၆ သိန်းရောင်းချနိုင်ခဲ့တယ်ဆိုတာပဲ ပြောပြခဲ့ပါတယ်။

Leave a Reply