အသက်မဲ့သွားတဲ့ Nexus ဖုန်းများ
0
1024
Zawgyi Version
Unicode Version
ဒီနေ့ကတော့ Android ဖုန်းစီးရီးတစ်ခုအတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့လိုဆိုရမှာပါ။ ၂၀၀၉ခုနှစ်တည်းက စတင်ပြီးတော့ Android ဗားရှင်းအသစ်တစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Nexus တွေအတွက်ကတော့ မရနိုင်တော့ပါဘူး။
It’s a sad day for one of the most beloved series of Android phones. For the first time since 2009, there’s a new version of Android, but it’s not being made available to Google’s own Nexus devices.
Android 9.0 Pie ကို ၂၀၁၈ သြဂုတ်လ ၆ရက်နေ့မှာ ထွက်ရှိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Nexus 6P နဲ့ Nexus 5X တို့ကတော့ မကြာသေးခင်ကထုတ်လုပ်ထားတဲ့ Google ဖုန်းတွေဖြစ်ပေမယ့်လည်း Android 8.1 Oreo မှာပဲ ရှိနေတုန်းပါ။ နိုဝင်ဘာလအထိတော့ security patch တွေ ထုတ်လုပ်ပေးသွားမှာဖြစ်ပေမယ်လည်း Pie တော့ မရနိုင်တော့ပါဘူး။
Google ဟာ သူ့ရဲ့ပထမဆုံး Nexus ကို ၂၀၁၀ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီးတော့ ဖန်တွေအကြိုက်ဆုံးစီးရီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ Nexus ဟာ Android ရဲ့ မပြုပြင်ရသေးတဲ့ဗားရှင်းကို အသုံးပြုထားတာဖြစ်ပြီးတော့ OEM skins တွေမလုပ်နိုင်တဲ့အရာတွေကို တွေ့မြင်ခံစားရလေ့ရှိပါတယ်။ Android ဗားရှင်းအသစ်ထွက်ရင်လည်း အချိန်မဆိုင်း ရနိုင်တဲ့ဖုန်းတွေပဲပေါ့။ ဒါကြောင့်လည်း ရောင်းအားကောင်းခဲ့တာ။
Nexus ရဲ့ နောက်ထပ်ဆွဲဆောင်မှုတစ်ခုကတော့ ဈေးနှုန်းပဲဖြစ်ပါတယ်။ သာမန်flagship မှာသုံးတဲ့ hardware တွေနဲ့အတူ သက်သာတဲ့ဈေးကိုပေးထားတဲ့အတွက်ကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေစေတာလည်း ဖြစ်ပါတယ်။
Nexus 6P ကတော့ ဒေါ်လာ၄၉၉ ဖြစ်ပြီး Pixel 2 XL ကတော့ ဒေါ်လာ၈၄၉ ဖြစ်ပါတယ်။
ဈေးသက်သာတဲ့ Nexus လိုမျိုး စိတ်ဝင်စားသေးတယ်ဆိုရင်တော့ Android One ရှိပါသေးတယ်။ Nexus လိုင်းလိုပါပဲ။ software တွေကို ထွက်တာနဲ့ ရရှိမှာပါ။ ရနိုင်မယ့်အချိန်ကတော့ သုံးနှစ်အထိ အာမခံပေးထားပါတယ်။
Leave a Reply