ဖင်လန်ဝက်ဘ်ဆိုက်မှာ အော်ဒါလက်ခံနေပြီဖြစ်တဲ့ ASUS ROG Gaming Phone

0
1125

Zawgyi Version







  • OS: Android 8.1 Oreo
  • Weight: 200g
  • Battery:
  • RAM: 8GB
  • Storage: 128GB or 512GB

Unicode Version

ASUS ROG Phone ကတော့ သုံးသင့်တဲ့ဂိမ်းမင်းဖုန်းတစ်လုံးပါပဲ။ ကျွန်တော်တို့လက်ထဲကို ပစ္စည်းမရောက်သေးတဲ့အတွက် ဘယ်လိုကောင်းကြောင်းတော့ မပြောနိုင်သေးပါဘူး။ ဈေးကွက်ထဲကိုရောက်လာတဲ့အချိန်မှ hands-on လေးတွေတင်ပေးပါ့မယ်။ အခုတော့ အွန်လိုင်းပေါ်ကအပြောလေးနဲ့ပဲ ကျေနပ်ကြတာပေါ့လေ။ အခုဆိုရင် တတိယကွာတားကို ဝင်ရောက်လာပါပြီ။
ဒီစမတ်ဖုန်းလေးကို ဒေါ်လာ၇၀၀ နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ထိပ်တန်း flagship brand နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ဈေးတတ်နိုင်လောက်တဲ့အနေအထားပါပဲ။ ယူအက်စ်အတွက်ဘယ်အချိန်ထွက်ရှိလာမလဲဆိုတ မသိရသေးပေမယ့်လည်း Asus ROG phone ကို Telia လို့ ခေါ်တဲ့ Swedish-Finnish mobile network operator လေးမှာ အော်ဒါလက်ခံနေပါပြီ။ ဘာသာစကားတွေကိုနားလည်မယ်ဆိုရင်တော့ တင်လိုက်ပါတော့။
တရားဝင်ကြေညာထားတာမရှိသေးပေမယ့်လည်း Reddit ပေါ်မှာတော့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်နေပါပြီ။ အဲဒီဖုန်းကို ဒေါ်လာ၁၁၅၈ နဲ့ ဈေးတင်ထားပါတယ်။
ဒီဖုန်းဟာ ဂိမ်းကစားရုံသက်သက်မဟုတ်ပါဘူး။ စွမ်းဆောင်ရည်မြင့်ဖုန်းဖြစ်တဲ့အတွက် ဂိမ်းကစားလို့သင့်တော်တာပါ။ သူဟာ console လိုမျိုးခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ screen gameplay ထွက်နိုင်တဲ့ programmable key သုံးခုလည်းရှိပါသေးတယ်။ ဖုန်းကိုအတော်များများကြာအောင် ကစားမယ်ဆိုတာ သူသိနေတယ်လေ။ ဒါကြောင့် ဖုန်းကိုအေးနေစေဖို့အတွက် အအေးစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် AeroActive Cooler က ပြုလုပ်ပေးထားတဲ့ အရာလေးကိုလည်း ခံစားနိုင်ဦးမှာပါ။
ASUS ROG ကို အော်ဒါမှာချင်တယ်ဆိုရင်တော့ အခုပဲမှာလိုက်ပါ။ ROG Delta Type-C headset လေး (ဒေါ်လာ၂၃၀တန်) ကိုလည်း လက်ဆောင်ရမှာပါ။ ဖြန့်ပေးမှာကတော့ စက်တင်ဘာ၁၇လောက်ဖြစ်ပါလိမ့်မယ်။ လစဉ်ပေးဆောင်ချင်တယ်ဆိုရင်တော့ ၃၆လအတွက် ၃၂ဒေါ်လာပေးရမှာပါ။
ASUS ROG Phone Key Specs:
• OS: Android 8.1 Oreo
• Display: 6.0-inch 18:9 AMOLED panel, FHD+, 2160 x 1080 resolution, HDR 90Hz refresh rate, Corning Gorilla Glass
• Processor: Qualcomm Snapdragon 845 Octa-core, Adreno 630
• Dimensions: 158.8 x 76.2 x 8.7mm
• Weight: 200g
• Battery:
• RAM: 8GB
• Storage: 128GB or 512GB
• Cam: 12MP with f/1.8, 4-axis OIS, dual pixel PDAF and 8MP (dual rear)
• Cam: 8MP with f/2.0, 24mm (front)
• Connectivity: WiFi, Bluetooth 5.0

Leave a Reply