Stylus ပါလာတဲ့ LG Q8 (2018)
0
640
unicode
LG က Q8 (2018) စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့မှာ ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။ သူ့မှာ ၆.၂ လက်မ FullVision Display တပ်ဆင်ထားတဲ့အတွက် ခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အရည်အသွေးကိုတော့ မဖော်ပြထားပါဘူး။ Chipset က Octa-Core Snapdragon 450 ဖြစ်ပါတယ်။
၁၀၀ ဒီဂရီ မြင်ကွင်းကျယ် 5MP Selfie Camera ပါပြီး Group Selfie များအတွက် အဆင်ပြေပါတယ်။ အနောက်ဘက်မှာ PDAF ပါတဲ့ 16MP Camera ထည့်သွင်းထားပါတယ်။ 4GB RAM , 64GB Internal Storage များ ပါပြီး 2TB အထိ ဝင်ဆန့်တဲ့ microSD Card ထည့်သွင်းနိုင်တာက ဓါတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်များစွာ သိမ်းထားနိုင်ပါတယ်။
Quick Charge 3.0 ပါတဲ့ 3300mAh Battery ထည့်သွင်းထားပါတယ်။ DTS:X 3D Surround Sound , Hi-Fi Quac DAC များပါတဲ့အတွက် သီချင်းနားထောင်ရင် အသံအရည်အသွေးက အလွန်ကောင်းမှာပါ။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ နားကြပ်ပေါက်လည်း ထည့်သွင်းထားပါတယ်။ USB-C , Bluetooth , WiFi 802.11 များ ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 160.1 x 77.7 x 8.4 mm ဖြစ်ပါတယ်။
ကိုရီးယား ဝမ် ၅၃၉ ၀၀၀ သတ်မှတ်ထားပြီး ၄၈၀ ဒေါ်လာ ဝန်းကျင်ကျသင့်မှာပါ။ ထည့်သွင်းထားပါတယ်။ Aurora Black နဲ့ Moroccan Blue အရောင်များ ရွေးချယ်နိုင်ပါတယ်။ သူဟာ V35 ThinQ ရဲ့ ဈေးသက်သာတဲ့ မော်ဒယ်ဖြစ်ပါတယ်။
Leave a Reply