Razer ရဲ႕ Gaming Phone 2 ကို ယခုႏွစ္ကုန္မွာ မိတ္ဆက္မည္

0
850

ရွန္ဟိုင္းမွာ က်င္းပတဲ့ Game Conference China Joy 2018 မွာ ကုမၸဏီရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Chen Xiaoping က ဒုတိယ မ်ိဳးဆက္ Razer Phone 2 ကို ယခုႏွစ္ေႏွာင္းပိုင္းမွာ ျပသမယ္လို႔ ေျပာပါတယ္။ အဲဒီ စမတ္ဖုန္းကို စတင္ ဖန္တီးေနၿပီလို႔ သူက အတည္ျပဳပါတယ္။ သူက ေနာက္ဆံုးထုတ္ Chipset ကို ထည့္သြင္းထားမယ္လို႔ ေျပာေပမယ့္ ေမာ္ဒယ္ကို မေျပာေသးပါဘူး။

တရုတ္ သတင္းဌာနတစ္ခုက အဲဒီ ဖုန္းဟာ ဖုန္းဟာ Snapdragon 855 Chipset ထည့္သြင္းထားတဲ့ ပထမဆံုး ဖုန္း ျဖစ္လာႏိုင္တယ္လို႔ ေျပာပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ Qualcomm ဟာ ဒီဇင္ဘာလ အေစာပိုင္းမွာ စြမ္းရည္ျမင့္ Chipset ကို ေၾကညာေလ့ရွိတဲ့အတြက္ ျဖစ္ပါတယ္။

ယခင္ႏွစ္ ႏို၀င္ဘာလက မိတ္ဆက္ခဲ့တဲ့ Razer Phone ကို ၆၉၉ ေဒၚလာျဖင့္ေရာင္းခ်ေပးခဲ့ၿပီး Razer Phone 2 ကလည္း ဒီေစ်းေလာက္ ရွိႏုိင္ပါတယ္။ သူ႔မွာ 120 Hz Refresh Rate ပါတဲ့ ၅.၇ လက္မ QHD IGZO LCD Screen ထည့္သြင္းထားပါတယ္။ Snapdragon 835 Chipset , 8GB RAM မ်ားပါပါတယ္။ 4000mAh Battery မွာ Quick Charge 4+ ပါပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ Oreo ကို အဆင့္ျမွင့္ေပးခဲ့ၿပီး စတင္ ေရာင္းခ်စဥ္မွာ Android Nougat သာ ပါပါတယ္။

unicode

Razer ရဲ့ Gaming Phone 2 ကို ယခုနှစ်ကုန်မှာ မိတ်ဆက်မည်

ရှန်ဟိုင်းမှာ ကျင်းပတဲ့ Game Conference China Joy 2018 မှာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Chen Xiaoping က ဒုတိယ မျိုးဆက် Razer Phone 2 ကို ယခုနှစ်နှောင်းပိုင်းမှာ ပြသမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းကို စတင် ဖန်တီးနေပြီလို့ သူက အတည်ပြုပါတယ်။ သူက နောက်ဆုံးထုတ် Chipset ကို ထည့်သွင်းထားမယ်လို့ ပြောပေမယ့် မော်ဒယ်ကို မပြောသေးပါဘူး။

တရုတ် သတင်းဌာနတစ်ခုက အဲဒီ ဖုန်းဟာ ဖုန်းဟာ Snapdragon 855 Chipset ထည့်သွင်းထားတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ Qualcomm ဟာ ဒီဇင်ဘာလ အစောပိုင်းမှာ စွမ်းရည်မြင့် Chipset ကို ကြေညာလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။

ယခင်နှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့တဲ့ Razer Phone ကို ၆၉၉ ဒေါ်လာဖြင့်ရောင်းချပေးခဲ့ပြီး Razer Phone 2 ကလည်း ဒီဈေးလောက် ရှိနိုင်ပါတယ်။ သူ့မှာ 120 Hz Refresh Rate ပါတဲ့ ၅.၇ လက်မ QHD IGZO LCD Screen ထည့်သွင်းထားပါတယ်။ Snapdragon 835 Chipset , 8GB RAM များပါပါတယ်။ 4000mAh Battery မှာ Quick Charge 4+ ပါပါတယ်။ ယခုနှစ် အစောပိုင်းမှာ Oreo ကို အဆင့်မြှင့်ပေးခဲ့ပြီး စတင် ရောင်းချစဉ်မှာ Android Nougat သာ ပါပါတယ်။

Leave a Reply