0
1276
unicode
Google က Android P ကို ဖြန့်ချီပြီ
နောက်ဆုံးထုတ် Android OS ကို ဂူဂယ်လ်က ဖြန့်ချီပေးလိုက်ပါတယ်။ ဂူဂယ်လ်က P ရဲ့ အရှည်ကိုလည်း ပြောပြလိုက်ပြီး Pie လို့ အမည်ပေးထားပါတယ်။ Pixel Device များမှာ စတင် ရယူနိုင်ပါပြီ။ Google ရဲ့ Beta Program မှာ ပါဝင်ထားတဲ့ ဖုန်းကုမ္ပဏီများရဲ့ ဖုန်းများတွင် ယခုနှစ်နှောင်းပိုင်းမှာ Update ကို ရရှိမှာပါ။
Google က Android P ရဲ့ Preview Version ကို မတ်လမှာ ကြေညာခဲ့ပြီး မေလမှာ ပြုလုပ်တဲ့ I/O Developer Conference မှာ သူ့ရဲ့ စွမ်းရည် အချို့ကို ပြသခဲ့ပါတယ်။ Sony Mobile, Xiaomi, HMD Global, Oppo, Vivo, OnePlus နဲ့ Essential တို့ဟာ Android P Beta Program မှာ ပါဝင်ထားကြပါတယ်။
Google က Android OS များရဲ့ အမည်များကို အက္ခရာစဉ် အလိုက် ပေးထားတာ ဖြစ်ပါတယ်။ Lollipop, Marshmallow , Nougat, Oreo , Pie တို့ ဖြစ်ပါတယ်။ အန်းဒရွိုက်ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Mobile OS ဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံးမှ စမတ်ဖုန်း ၁၀ လုံးမှာ ၉ လုံးဟာ အန်းဒရွိုက်ဖုန်းများ ဖြစ်ပါတယ်။
Android Pie မှာ ဖုန်းလျှင်မြန်စွာ အလုပ်လုပ်ဖို့ နောက်ကွယ်မှ အလုပ်များကို စီမံခန့်ခွဲခြင်းနဲ့ ဘက်ထရီ သက်တမ်းကို အဓိက ဖန်တီးပေးထားပါတယ်။ ဉာဏ်ရည်တု နည်းပညာက နောက်ကွယ်ကနေ အဲဒီ အလုပ်များကို ပြုလုပ်ပေးပါတယ်။ Notch ကိုလည်း ထောက်ပံ့လာပါတယ်။
Leave a Reply