Posted on Leave a comment

Fossil က ႏွလံုးခုန္ႏႈန္း တိုင္းတာတ့ဲ စြမ္းရည္ပါတဲ့ စမတ္နာရီ ႏွစ္လံုးကို မိတ္ဆက္

စမတ္နာရီမ်ားဟာ ဖုန္းေျပာျခင္း၊ ကိုယ္လက္လႈပ္ရွားမႈကို တိုင္းတာေပးျခင္း၊ အင္တာနက္မွ သတင္းအခ်က္အလက္မ်ားကို ၾကည့္ရႈျခင္းမ်ားလို အလုပ္မ်ားစြာကို ျပဳလုပ္နုိင္ပါတယ္။ ဒါ့အျပင္ ႏွလံုးခုန္ႏႈန္းကိုေတာင္ တိုင္းတာေပးႏုိင္လာၾကပါၿပီ။ အခုလည္း Fossil က ႏွလံုးခုန္ႏႈန္း တိုင္းတာတ့ဲ စြမ္းရည္ပါတဲ့ စမတ္နာရီ ႏွစ္လံုးကို မိတ္ဆက္လိုက္ပါတယ္။ Fossil Q Venture HR နဲ႔ Q Explorist HR တို႔ ျဖစ္ပါတယ္။

သူတို႔မွာ 4GB Storage , Bluetooth 4.1 Low Energy , WiFi b/g/n မ်ား ပါပါတယ္။ တစ္ရက္ၾကာ အသံုးခံတဲ့ ဘက္ထရီ ထည့္သြင္းထားပါတယ္။ အဲဒီ အစိတ္အပိုင္းမ်ားက ယခင္ေမာ္ဒယ္မ်ားနဲ႔ တူညီၾကပါတယ္။

Fossil Q Venture HR နဲ႔ Q Explorist HR တို႔မွာ အသစ္ပါလာေတြကေတာ့ ႏွလံုးခုန္ႏႈန္း တိုင္းတာေပးတဲ့ ဆန္ဆာမ်ား ျဖစ္ပါတယ္။ GPS အစိတ္အပိုင္းလည္း ပါလာပါတယ္။ ဒါ့အျပင္ ဒီဇိုင္း အပိုင္းမွာလည္း ယခင္မ်ိဳးဆက္မ်ားထက္ Sports ဆန္လာပါတယ္။ 3ATM စံႏႈန္းရွိၿပီး ေရကူးတဲ့အခါမွာ ၀တ္ဆင္ထားႏိုင္ပါတယ္။

Fossil Q Venture HR နဲ႔ Q Explorist HR တို႔ရဲ႕ အဓိကကြာျခားခ်က္မွာ အရြယ္အစား ျဖစ္ပါတယ္။ အခ်င္း အားျဖင့္ Explorist ဟာ ၄၅ မီလီမီတာနဲ႔ Venture ဟာ ၄၀ မီလီမီတာ ျဖစ္ပါတယ္။ လက္ပတ္ႀကိဳးမ်ားကလည္း အရြယ္အစား မတူညီၾကဘဲ ၂၂ မီလီမီတာနဲ႔ ၁၈ မီလီမီတာ အသီးသီး ရွိၾကပါတယ္။ သူတို႔ ႏွစ္လံုးရဲ႕ ေစ်းႏႈန္းမ်ားက တူညီၾကၿပီး သားေရ လက္ပတ္ႀကိဳး ေမာ္ဒယ္ကို ၂၅၅ ေဒၚလာနဲ႔ Stainless Steel လက္ပတ္ႀကိဳး ေမာ္ဒယ္ကို ၂၇၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

Fossil က နှလုံးခုန်နှုန်း တိုင်းတာတဲ့ စွမ်းရည်ပါတဲ့ စမတ်နာရီ နှစ်လုံးကို မိတ်ဆက်

စမတ်နာရီများဟာ ဖုန်းပြောခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးခြင်း၊ အင်တာနက်မှ သတင်းအချက်အလက်များကို ကြည့်ရှုခြင်းများလို အလုပ်များစွာကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းကိုတောင် တိုင်းတာပေးနိုင်လာကြပါပြီ။ အခုလည်း Fossil က နှလုံးခုန်နှုန်း တိုင်းတာတဲ့ စွမ်းရည်ပါတဲ့ စမတ်နာရီ နှစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Fossil Q Venture HR နဲ့ Q Explorist HR တို့ ဖြစ်ပါတယ်။

သူတို့မှာ 4GB Storage , Bluetooth 4.1 Low Energy , WiFi b/g/n များ ပါပါတယ်။ တစ်ရက်ကြာ အသုံးခံတဲ့ ဘက်ထရီ ထည့်သွင်းထားပါတယ်။ အဲဒီ အစိတ်အပိုင်းများက ယခင်မော်ဒယ်များနဲ့ တူညီကြပါတယ်။

Fossil Q Venture HR နဲ့ Q Explorist HR တို့မှာ အသစ်ပါလာတွေကတော့ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ဆန်ဆာများ ဖြစ်ပါတယ်။ GPS အစိတ်အပိုင်းလည်း ပါလာပါတယ်။ ဒါ့အပြင် ဒီဇိုင်း အပိုင်းမှာလည်း ယခင်မျိုးဆက်များထက် Sports ဆန်လာပါတယ်။ 3ATM စံနှုန်းရှိပြီး ရေကူးတဲ့အခါမှာ ဝတ်ဆင်ထားနိုင်ပါတယ်။

Fossil Q Venture HR နဲ့ Q Explorist HR တို့ရဲ့ အဓိကကွာခြားချက်မှာ အရွယ်အစား ဖြစ်ပါတယ်။ အချင်း အားဖြင့် Explorist ဟာ ၄၅ မီလီမီတာနဲ့ Venture ဟာ ၄၀ မီလီမီတာ ဖြစ်ပါတယ်။ လက်ပတ်ကြိုးများကလည်း အရွယ်အစား မတူညီကြဘဲ ၂၂ မီလီမီတာနဲ့ ၁၈ မီလီမီတာ အသီးသီး ရှိကြပါတယ်။ သူတို့ နှစ်လုံးရဲ့ ဈေးနှုန်းများက တူညီကြပြီး သားရေ လက်ပတ်ကြိုး မော်ဒယ်ကို ၂၅၅ ဒေါ်လာနဲ့ Stainless Steel လက်ပတ်ကြိုး မော်ဒယ်ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.