iPhone ၊ iPad တိုင်းမှာ Apple Pencil အသုံးပြုနိုင်မယ့်နည်းလမ်း
0
935
Zawgyi Version
Unicode Version
Apple Pencil လေးဝယ်ချင်ပေမယ့်လည်း iPad Pro or sixth-generation iPad ကို မဝယ်ချင်တဲ့အခါမျိုးမှာ ဘယ်လိုမျိုးလုပ်ကြမလဲ။
ဟုတ်ပါတယ်။ Pencil ဆိုတာက သတ်မှတ်ထားတဲ့ iPad တွေမှာသာ အသုံးပြုနိုင်တာမျိုးပါ။ ဒါပမေယ့်လည်း စိတ်ကြိုက်သုံးချင်တယ်ဆိုရင်တော့ နည်းနည်းလေးအားထုတ်ရမှာပေါ့။
Apple Pencil ဆိုတာကတော့ iPad Pro 10.9-inch နဲ့ 12.9-inch အတွက် official ထုတ်ထားတာပါ။ ပြီးတော့ sixth-generation 2018 iPad မှာလည်း အသုံးပြုနိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ သုံးစွဲသူတွေအနေနဲ့ ပုံတွေ၊ စာတွေပေါ်မှာ စိတ်ကြိုက်ရေးသားနိုင်မှာဖြစ်သလို third-party app တွေနဲ့လည်း ပုံဆွဲနိုင်မှာပါ။ ဒီးတော့ virtual keyboard တို့၊ လက်နဲ့ဆွဲနေရမှာတို့ မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း Apple Pencil က iPad hardware အချို့နဲ့သာအဆင်ပြေတယ်ဆိုတော့ ဝယ်ရတာစဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။ ဒီတော့ ထောက်ပံ့ပေးမထားတဲ့ပစ္စည်းတွေမှာသုံးချင်တယ်ဆိုရင်တော့ ဘယ်လိုလုပ်မလဲထွင်လိုက်ပါပြီ။
ဒါပေမယ့် ပြောချင်တာလေးတစ်ခုကတော့ ဒါ hack လေးက လူတိုင်းလုပ်နိုင်တာမျိုးမဟုတ်ပါဘူး။ လုပ်ဆောင်ရမယ့်အပိုင်းကတော့ hardware ထပ်တိုးတာမျိုး ၊ Apple Pencil ရဲ့ အပြင်ပိုင်းကိုပြင်လိုက်တာမျိုး ၊ iOS ပြင်လိုက်တာမျိုးလည်း မဟုတ်ပါဘူး။ iDeviceHelp ကတော့ Apple Pencil ရဲ့ အပေါ်မှာ အလွှာလေးတွေထပ်အုပ်လိုက်ရင်ရပါပြီ။ ဒါလေးလုပ်လိုက်မယ်ဆိုရင်တော့ black magic လုပ်လိုက်သလိုမျိုး ကြိုက်တဲ့ iOS မှာ အသုံးပြုနိုင်တော့မှာပါ။
သုံးရတဲ့အချိန်မှာ အဆင်တော့မပြေနိုင်ပါဘူး။ ဒါပေမယ့်လည်း သုံးချင်တဲ့သူတွေအတွက်တော့ အာသာပြေမယ်ထင်ပါတယ်။ ပြီးတော့ ပစ္စည်းထပ်ဝယ်စရာလည်းမလိုဘူးဆိုတော့ စမ်းသပ်ချင်သူတွေအတွက်လည်း အဆင်ပြေစေမယ့်နည်းလမ်းလေးဖြစ်ပါတယ်။
Leave a Reply