Google ထံမှပေါက်ကြားလာတဲ့ Pixel 3 launch date
0
1101
Zawgyi Version
Unicode Version
Google က အမှန်ပြောတယ်လို့ ယုံချင်ပါတယ်။ ဒီတစ်ပတ်မှာ မိုဘိုင်းလ်ဈေးကွက်ထဲကို Samsung ဝင်ရောက်လာဖို့အတွက်စောင့်ဆိုင်းနေကြချိန်မှာ အချို့ကလည်း Galaxy Note 9, the Galaxy Watch နဲ့ Galaxy Tab S4 ကို စိတ်မဝင်စားတဲ့သူတွေ ရှိနေပြန်ပါတယ်။ သူတို့ဟာ Google Pixel 3 ကိုပဲ စွဲလမ်းစွာနဲ့ မျှော်လင့်နေကြတာပါ။ Google ကလည်း ဘယ်နေ့မှာကြေညာမလဲဆိုတာ ပြောကြားလိုက်ပါပြီ။
YouTube ဗွီဒီယိုတင်သူတစ်ယောက်ဖြစ်တဲ့ Brandon Lee ဟာ Google ကနေ content creators နဲ့ influencers တွေကိုခေါ်ပြီးတော့ Pixel 3 launch အကြောင်းပြောဆိုပေးဖို့ပြောကြားတဲ့ပုံကို အမှတ်မထင်တင်လိုက်မိတာပါ။ ကျွန်တော်တို့အတွက်ကံကောင်းတာကတော့ ဘယ်အချိန်မှာထုတ်မလဲဆိုတာ creators တွေကို ပေးသိထားခြင်းပါပဲ။
ဒါဟာ ကောလာဟလဖြစ်နိုင်ပါတယ်။ Pixel ဖုန်းရဲ့ generation နှစ်ခုလုံးကို အောက်တိုဘာ၄ရက်နေ့မှာ launch လုပ်သွားမှာပါ။ အဲဒီနေ့မှာ Google Home (2016), Pixelbook, Google Home Max နဲ့ Mini (2017) တို့ကိုလည်း တရားဝင်ကြေညာမှာပါ။ ဒီတော့ ဒီနှစ်ဟာ အရမ်းမိုက်တဲ့နှစ်လို့ ဆိုရမှာပါပဲ။
Google Pixel 3 အတွက်စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။ Goolge ကလည်း အဟိုက်(notch) လေးကိုထည့်သွင်းမှာဖြစ်ပေမယ့်လည်း chin ကတော့ ကျန်နေဦးမှာပါ။ ကြိုးမဲ့အားသွင်းစနစ်လည်း ထည့်သွင်းမယ်လို့ ပြောနေကြပါတယ်။ ကင်မရာနှစ်လုံးတော့ မပါနိုင်သေးပါဘူး။
Pixel 3 နဲ့ Pixel 3 XL တို့အပြင် Google ဟာ Pixelbook အသစ်၊ Pixel Buds အသစ်၊ ပထမဆုံး Pixel-branded Wear OS smartwatch တို့ကိုလည်း ထုတ်ပြချင်နေတာပါ။ အောက်တိုဘာလေးရက်နေ့မှာ ချက်ချင်းရနိုင်မလားဆိုတာကတော့ မသိသေးပါဘူး။ အရင်နှစ်တွေအတိုင်းဆိုရင်တော့ နိုးလို့ပဲပြောလိုက်ပါရစေ။
Leave a Reply