
Zawgyi Version
သူဟာ privacy ကိစၥေတြကို တိုးျမွင့္လုပ္ေဆာင္ေနပါတယ္။
အိႏၵိယႏုိင္ငံကလည္း အင္တာနက္လုပ္ငန္းေတြကို ႏုိင္ငံအတြင္းမွာသာ အခ်က္အလက္ေတြသိမ္းဆည္းဖို႕အတြက္ ေျပာဆိုေတာ့မွာပါ။ ႏုိင္ငံတြင္းက ဆာဗာေတြေပၚမွာသာ အခ်က္အလက္ေတြကိုသိမ္းဆည္းေပးဖို႕ အစိုးရအဖြဲ႕က အလိုရွိေနတာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္မႈေၾကာင့္ တရားဥပေဒစိုးမိုးမႈနဲ႕ intelligence agencies ေတြအေနနဲ႕လည္း စံုစမ္းခ်င္တဲ့အခ်ိန္မွာ အလြယ္တကူအသံုးျပဳႏုိင္ေစမွာပါ။
ဒီအေၾကာင္းကိုေတာ့ panel ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Kris Gopalakrishnan ကေတာ့ ဘာမွေျပာထားျခင္းမရွိေသးပါဘူး။ ဒါေပမယ့္လည္း ၾသဂုတ္လနဲ႕ စက္တင္ဘာ၁၅ရက္အတြင္း အေၾကာင္းျပန္မယ္ဆိုတဲ့အေၾကာင္းကိုေတာ့ အီလက္ထေရာနစ္နဲ႕သတင္းအခ်က္အလက္နည္းပညာ ၀န္ၾကီးဌာနကို ေျပာထားပါတယ္။
တရုတ္နဲ႕ ရုရွားတုိ႕ကလည္း ဒီလိုမ်ိဳးလုပ္ေဆာင္ေနတဲ့အတြက္ေၾကာင့္ က်င့္၀တ္ပိုင္း၊ လက္ေတြ႕ပိုင္းေတြအားလံုးကို ၾကိဳက္ႏွစ္သက္ျပီး လုပ္ေဆာင္လိုအားေတြ မ်ားေနတာျဖစ္ပါတယ္။ Amazon ၊ Apple နဲ႕ Microsoft တို႕လို Cloud ကုိမီွေနတဲ့လုပ္ငန္းေတြအေနနဲ႕ ေဒသတြင္းဆာဗာေတြတည္ေဆာက္ဖို႕လိုအပ္ျပီးေတာ့ သံုးစြဲသူေတြကို အခေၾကးေငြတိုးျမွင့္ေကာက္ခံရမယ့္အေနအထားရွိေနပါတယ္။ privacy ပိုင္းအရဆိုရင္လည္း အာဏာပိုင္ေတြအေနနဲ႕ စကားေျပာဆိုမႈေတြ၊ အျခားေသာ အခ်က္အလက္ေတြကို ေထာက္လွမ္းႏုိင္ေစမွာပါ။
အခ်က္အလက္ေတြကို ကုဒ္ဖြက္ထားတဲ့ဆားဗစ္ေတြကိုလည္း ေဒသတြင္းမွာပဲထားေစမွာပါ။ အိႏိၵယအေနနဲ႕ ကုဒ္မဖြက္ေအာင္လို႕ တားဆီးခ်င္မလား၊ ဒါမွမဟုတ္ မသိမ္းခင္မွာ သူတို႕ကိုပို႕ရမယ္ဆိုျပီးလုပ္မလား။ ေသခ်ာတာကေတာ့ လုပ္ငန္းေတြအတြက္ ကေမာက္ကမေတြျဖစ္မွာျဖစ္ျပီးေတာ့ ကမာၻ႕အၾကီးဆံုးေစ်းကြက္တစ္ခုျဖစ္တဲ့ အိႏၵိယကို စြန္႕ခြာသြားၾကမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။
Unicode Version
သူဟာ privacy ကိစ္စတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အိန္ဒိယနိုင်ငံကလည်း အင်တာနက်လုပ်ငန်းတွေကို နိုင်ငံအတွင်းမှာသာ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် ပြောဆိုတော့မှာပါ။ နိုင်ငံတွင်းက ဆာဗာတွေပေါ်မှာသာ အချက်အလက်တွေကိုသိမ်းဆည်းပေးဖို့ အစိုးရအဖွဲ့က အလိုရှိနေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် တရားဥပဒေစိုးမိုးမှုနဲ့ intelligence agencies တွေအနေနဲ့လည်း စုံစမ်းချင်တဲ့အချိန်မှာ အလွယ်တကူအသုံးပြုနိုင်စေမှာပါ။
ဒီအကြောင်းကိုတော့ panel ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Kris Gopalakrishnan ကတော့ ဘာမှပြောထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း သြဂုတ်လနဲ့ စက်တင်ဘာ၁၅ရက်အတွင်း အကြောင်းပြန်မယ်ဆိုတဲ့အကြောင်းကိုတော့ အီလက်ထရောနစ်နဲ့သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနကို ပြောထားပါတယ်။
တရုတ်နဲ့ ရုရှားတို့ကလည်း ဒီလိုမျိုးလုပ်ဆောင်နေတဲ့အတွက်ကြောင့် ကျင့်ဝတ်ပိုင်း၊ လက်တွေ့ပိုင်းတွေအားလုံးကို ကြိုက်နှစ်သက်ပြီး လုပ်ဆောင်လိုအားတွေ များနေတာဖြစ်ပါတယ်။ Amazon ၊ Apple နဲ့ Microsoft တို့လို Cloud ကိုမှီနေတဲ့လုပ်ငန်းတွေအနေနဲ့ ဒေသတွင်းဆာဗာတွေတည်ဆောက်ဖို့လိုအပ်ပြီးတော့ သုံးစွဲသူတွေကို အခကြေးငွေတိုးမြှင့်ကောက်ခံရမယ့်အနေအထားရှိနေပါတယ်။ privacy ပိုင်းအရဆိုရင်လည်း အာဏာပိုင်တွေအနေနဲ့ စကားပြောဆိုမှုတွေ၊ အခြားသော အချက်အလက်တွေကို ထောက်လှမ်းနိုင်စေမှာပါ။
အချက်အလက်တွေကို ကုဒ်ဖွက်ထားတဲ့ဆားဗစ်တွေကိုလည်း ဒေသတွင်းမှာပဲထားစေမှာပါ။ အိန္ဒိယအနေနဲ့ ကုဒ်မဖွက်အောင်လို့ တားဆီးချင်မလား၊ ဒါမှမဟုတ် မသိမ်းခင်မှာ သူတို့ကိုပို့ရမယ်ဆိုပြီးလုပ်မလား။ သေချာတာကတော့ လုပ်ငန်းတွေအတွက် ကမောက်ကမတွေဖြစ်မှာဖြစ်ပြီးတော့ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယကို စွန့်ခွာသွားကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။