Apple ရဲ့ MacBook Pro အသစ်မှာ ဘာတွေများပြောင်းလဲသွားသလဲ
0
1205
Zawgyi Version
အပြင်ဘက်
အတွင်းပိုင်း
Unicode Version
MacBook Pro ရဲ့ဒီဇိုင်းကို ဝေဖန်ခံရပြီးတဲ့နောက်မှာတော့ Pro ဆန်ဆန်လေးပြန်လုပ်ပေးထားပါတယ်။ ဒီတော့ ဘာတွေများပြောင်းသွားသလဲ မသိချင်ကြဘူးလား။ Touch Bar ကို ဆက်လက်အသုံးပြုထားပြီးတော့ connectivity လျှော့ချထားသလို sticky keyboard ဖြုတ်လိုက်မလား။
15-inch MacBook Pro ကို Core i9 processor ၊ 32 gigs of RAM နဲ့ ထိပ်တန်းအချက်အလက်တွေနဲ့ တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။ MacBook Pro 15 အသစ်ရဲ့ feature တွေကိုပြောသွားမှာဆိုတော့ ကျွန်တော်နဲ့အတူတူ လိုက်ပါခံစားကြည့်လိုက်ပါဦး။
အပြင်ဘက်
2017 နဲ့ 2018 version ကတော့ စတိုင်လ်ပိုင်းအရ သိသာစွာပြောင်းလဲသွားခြင်းတော့ မရှိသေးပါဘူး။ အချိုးအစား၊ အလူမီနီယမ်၊ အရောင်တွေကလည်း မနှစ်ကမော်ဒယ်လ်နဲ့ ထပ်တူပါပဲ။ မျက်နှာပြင်ကလည်း 2880 x 1800 resolution, 15.4-inch IPS display နဲ့ maximum 500 nits of brightness တွေကို အသုံးပြုထားပါတယ်။ ပြောင်းသွားခြင်းတစ်ခုကတော့ Apple’s True Tone technology နဲ့ ကိုက်ညီလာပါတယ်။ ဒါကြောင့် အခန်းတွင်းအလင်းအမှောင်အလိုက် အရောင်ကိုချိန်ညှိပေးနိုင်တော့မှာပါ။
မျက်နှာပြင်အောက်မှာတော့ Touch Bar ကို ဆက်လက်တွေ့မြင်ရမှာပါ။ True Tone အသုံးပြုပါတယ်။ ဒါပေမယ့် သာမန်မျက်စိနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ သိပ်မသိသာလောက်ဘူးလို့ မြင်မိပါတယ်။ Touch ID power button လေးလည်း ပါဝင်ပါတယ်။ Touch Bar ရဲ့ အောက်ဘက်မှာဆိုရင်တော့ အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ ကီးဘုတ်လေးရှိပါတယ်။ Apple ကတော့ ဘယ်လိုတွေကောင်းမွန်အောင်လုပ်ဆောင်ထားသလဲဆိုတာ မပြောထားပါဘူး။ တိတ်နေပါတယ်။
ကီးဘုတ်အောက်မှာတော့ touch track pad လေးရှိပါတယ်။ ဖိအားအပေါ်မှာမူတည်ပြီးတော့ action အမျိုးမျိုးကို ခိုင်းစေနိုင်ပါတယ်။ ကီးဘုတ်ကိုဝန်းရံထားတာကတော့ stereo speaker တွေပဲဖြစ်ပါတယ်။ မျက်နှာပြင်အပေါ်မှာတော့ 720p webcam လေး တပ်ဆင်ပေးထားပါတယ်။ USB-C Thunderbolt 3 နှစ်ပေါက်ကို တစ်ဖက်တစ်ချက်မှာ တပ်ဆင်ထားပြီး အားသွင်းခြင်း ၊ Thunderbolt နဲ့ DisplayPort တို့အဖြစ် အသုံးပြုနိုင်မှာပါ။
အတွင်းပိုင်း
MacBook Pro 15 ကို အားဖြည့်ပေးထားတာကတော့ Intel i7 or i9 processor ပါ။ 32G RAM နဲ့ Radon Pro 555x or 560x graphics card ပါဝင်မှာဖြစ်ပါတယ်။ storage အတွက်ကတော့ 256GB (Radon Pro 555x models only), 513GB, 1TB, 2TB, or 4TB စသဖြင့် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ SSD မစိုက်နိုင်ရင်တော့ မတန်သလိုပါပဲ။ ဈေးနှုန်းတွေကတော့ ဒေါ်လာ၆၀၀၀ လောက် ဖြစ်ပါတယ်။
MacBook Pro အသစ်မှာ 83.6 watt hour ဘတ်ထရီနဲ့ 87 watt USB-C charger တို့ တွဲဖက်ပါဝင်မှာပါ။ Bluetooth 5.0 ၊ WiFi 802.11 ကိုလည်း တပ်ဆင်ပေးထားပါတယ်။ software ပိုင်းမှာဆိုရင်တော့ MacBook ဟာ MacOS, High Sierra ရဲ့ နောက်ဆုံးဗားရှင်းကို အသုံးပြုထားပါတယ်။ “Hey, Siri” လို့ပြောလိုက်တာနဲ့ voice command အသုံးပြုနိုင်ဦးမှာပါ။ နောက်ဆုံးတော့ MacBook Pro ကို သူရောက်လာပြီလေ။
Leave a Reply