၆.၁ လက်မရှိတဲ့ Dual-SIM Dual Standby iPhone ကို တရုတ်နိုင်ငံမှာသာလျှင် ရရှိမည်
0
1742
Zawgyi version
Unicode version
Apple က ၂၀၁၈ iPhone တွေမှာ dual-SIM dual standby ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။ သူက SIM ကဒ် ၂ ကဒ်ကို တစ်ပြိုင်နက်အသုံးပြုနိုင်မှာဖြစ်ပြီး သူ့ကိုတော့ တရုတ်နိုင်ငံမုှာပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ Dual-SIM dual standby feature ကိုတော့ မျက်နှာပြင် ၆.၁ လက်မနဲ့ LCD သုံး iPhone ဖြစ်ပြီး ဈေးချိုချိုသာသာနဲ့ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
Apple ရဲ့ နောက်အသစ်ထွက်ရှိမယ့် unique model number ၄ ခုကတော (801, 802, 803, နဲ့ 804) တို့ပဲ ဖြစ်ပါတယ်။ 801 နဲ့ 802 ကတော့ ဖုန်းမျက်နှာပြင် ၅.၈ လက်မနဲ့ ၆.၅ လက်မ အသီးသီးရှိကြပီး နောက်မော်ဒယ် ၂ ခုကတော့ မျက်နှာပြင် ၆.၁ လက်မနဲ့ LCD သုံး iPhone တွေပဲ ဖြစ်ကြပါတယ်။
Apple ကဆင်(မ်)းကဒ် ၂ ကဒ်သုံးကို ဘာလို့တရုတ်မှာ မိတ်ဆက်သလဲ ဆိုတော့ တရုတ်မှာရှိတဲ့ လူတော်တော်များများက မိုဘိုင်းဖုန်းနံပါတ်ကို ၁ ခုထက်ပိုပြီး အသုံးများကြလို့ပဲ ဖြစ်ပါတယ်။ တရုတ်မှာရှိတဲ့ ၃ ဘီလီယံကနေ ၄ ဘီလီယံလောက်လူတွေက ဆင်း(မ်)ကဒ် ၂ ကဒ် လောက်သုံးကြတာ ပါတဲ့။ Apple ကလဲ Android တွေလိုမျိုး ဆင်း(မ်)ကဒ် ၂ ကဒ်သုံးနိုင်ဖို့ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တာပါ။
Apple က 2018 မှာ ၆.၁ လက်မရှိတဲ့ iPhone အသစ် ၂ မျိုးကို မိတ်ဆက်မယ်လို့လဲ ပြောထား ပါတယ်။ တစ်ခုက dual-SIM dual standby ဖြစ်ပြီ နောက်တစ်မျိုးက single SIM ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ dual-SIM dual standby မော်ဒယ်ကတော့ ဈေးကြီးဖွယ်ရှိပါတယ်။
Apple ကခန့်မှန်းထားသလောက်ကတော့ ၆.၁ လက်မရှိတဲ့ dual-SIM dual standby ဖုန်းကိုတော့ $650 ကနေ $750 လောက်လို့ခန့်မှန်းထားပါတယ်။ single SIM ကတော့ ဈေးနည်းနည်း သက်သာ ပြီးတော့ $550 ကနေ $650 လောက်ခန့်မှန်းထားပါတယ်။ ၆.၅ လက်မဖုန်းကိုတော့ dual-SIM dual standby လုပ်ဖို့အစီအစဉ်ရှိသော်လည်း မသေချာသေးပါဘူး။
ဖုန်းအသစ်တွေမှာ Apple SIM နဲ့ traditional SIM card tray ပါဝင်မယ်လို့လဲ ကောလဟာလတွေ ထွက်ရှိနေပါသေးတယ်။ ၆.၅ လက်မ iPhone တွေက အသုံးများနိုင်ရဲ့သားနဲ့ ဘာလို့ တရုတ်ပြည်မှာ dual-SIM dual standby နဲ့ထုတ်လုပ်မရောင်းတာလဲဆိုတာကတော့ သေချာမသိရပါဘူး။
Leave a Reply