သင္လိုအပ္တာကိုသာ ေပးစြမ္းသြားမယ့္ Duubee E1 စမတ္ဖုန္း

0
997

Zawgyi Version

Duubee E1 ကေတာ့ ဖုန္းတစ္လံုးမွာလိုအပ္တဲ့အရာေတြကို ေပးစြမ္းႏုိင္ဖို႕အတြက္ ဒီဇုိင္းထုတ္ထားတာပါ။ အပိုကုန္က်စရာေတြ မလိုအပ္ေတာ့ဘူးေပါ့။ ဒါဟာစိတ္ကူးေကာင္းတစ္ခုလို႕ေျပာရမွာပါပဲ။ သူတို႕ဟာ personal ကို ဦးစားေပးထားပါတယ္။

သင္လိုအပ္တာကိုသာ ေပးစြမ္းသြားမယ့္ Duubee E1

ဒီစမတ္ဖုန္းေလးမွာက 5-inch HD Display ပါ၀င္ျပီးေတာ့ ေတာက္ပတဲ့ကာလာနဲ႕ 2.5D မ်က္ႏွာျပင္ေကြးနည္းပညာကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ ကိုယ္ထည္ထဲကိုေကြးညြတ္ျပီးေတာ့ တစ္သားတည္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဇာတ္ကား၊ ပံုေတြၾကည့္မယ္ဆိုရင္ေတာ့ အၾကိဳက္ေတြ႕စရာခံစားမႈကိုေပးစြမ္းနုိင္မွာ အေသအခ်ာပါပဲ။

E1 ရဲ ႕အေနာက္ကင္မရာကေတာ့ 13 MP ျဖစ္ျပီး အေရွ႕ကင္မရာကေတာ့ 5 MP ျဖစ္ပါတယ္။ ဒီထက္ပိုေကာင္းတဲ့အခ်က္အလက္ေတြကိုလိုခ်င္ေနတာလား။ လိုေရာလိုအပ္ရဲ႕လား။ လူတုိင္းအတြက္ မလုိအပ္ဘူးေလ။

ဖုန္းကိုသီခ်င္းနားေထာင္ဖို႕အတြက္အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ အသံေကာင္းေကာင္း ေပးစြမ္းႏုိင္ပါတယ္။ အရည္အေသြးျမင့္အသံကိုလိုခ်င္တာလား။ ဒီေန႕ေခတ္မွာ မလိုေတာ့ပါဘူး အေျခခံေလာက္ပဲလိုတာပါ။ ဒါေလာက္နဲ႕လည္း ေကာင္းမြန္စြာခံစားႏုိင္ပါျပီ။

Duubee E1 Qualcomm Snapdragon Smartphone

ဟုတ္ပါတယ္။ ဖုန္းကို ပါးလႊာေအာင္လုပ္ေဆာင္ေပးထားပါတယ္။ ဘယ္သူကမွ ဖုန္းအထူကို မၾကိဳက္ေတာ့ပါဘူး။ ဒါ့အျပင္ ေဘာင္နည္းတဲ့မ်က္ႏွာျပင္ကလည္း ဖုန္းကို စြဲေဆာင္မႈတစ္မ်ိဳးေပးႏုိင္ပါတယ္။ သူ႕ကိုအားျဖည့္ေပးထားတာကေတာ့ Quad-Core Qualcomm Snapdragon chipset ေလးပါပဲ။

ရုိးရွင္းတယ္ ဒါေပမယ့္ စြမ္းေဆာင္ရည့္ျမင့္တဲ့ဖုန္း

သူ႕ကိုေတာ့ အားလံုးခ်ံဳ႕ျပီးေတာ့ လုပ္ေဆာင္ထားတယ္ဆိုေပမယ့္လည္း ခံစားမႈကေတာ့ တစ္ကိုယ္ရည္အတြက္ အဆင္ေျပႏုိင္ပါတယ္။ Duubee OS 1.0 ကို အသံုးျပဳထားတဲ့ စမတ္ဖုန္းတစ္လံုးျဖစ္ပါတယ္။ Duubee OS 1.0 က Android 7.1 Nougat ကို အေျခခံထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စိတ္ၾကိဳက္နဲ႕ကိုက္ညီမယ့္ personalized settings ေတြကို ေပးစြမ္းႏုိင္ပါတယ္။

ဒီေတာ့ မသံုးျဖစ္တဲ့အပိုေတြအတြက္ ပုိက္ဆံကုန္ခံမွာလား။ လိုအပ္တာကိုပဲ သံုးမွာလား။

Unicode Version

Duubee E1 ကတော့ ဖုန်းတစ်လုံးမှာလိုအပ်တဲ့အရာတွေကို ပေးစွမ်းနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာပါ။ အပိုကုန်ကျစရာတွေ မလိုအပ်တော့ဘူးပေါ့။ ဒါဟာစိတ်ကူးကောင်းတစ်ခုလို့ပြောရမှာပါပဲ။ သူတို့ဟာ personal ကို ဦးစားပေးထားပါတယ်။
သင်လိုအပ်တာကိုသာ ပေးစွမ်းသွားမယ့် Duubee E1
ဒီစမတ်ဖုန်းလေးမှာက 5-inch HD Display ပါဝင်ပြီးတော့ တောက်ပတဲ့ကာလာနဲ့ 2.5D မျက်နှာပြင်ကွေးနည်းပညာကို အသုံးပြုထားတဲ့အတွက်ကြောင့် ကိုယ်ထည်ထဲကိုကွေးညွတ်ပြီးတော့ တစ်သားတည်းဖြစ်နေပါတယ်။ ဒါကြောင့် ဇာတ်ကား၊ ပုံတွေကြည့်မယ်ဆိုရင်တော့ အကြိုက်တွေ့စရာခံစားမှုကိုပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
E1 ရဲ့အနောက်ကင်မရာကတော့ 13 MP ဖြစ်ပြီး အရှေ့ကင်မရာကတော့ 5 MP ဖြစ်ပါတယ်။ ဒီထက်ပိုကောင်းတဲ့အချက်အလက်တွေကိုလိုချင်နေတာလား။ လိုရောလိုအပ်ရဲ့လား။ လူတိုင်းအတွက် မလိုအပ်ဘူးလေ။
ဖုန်းကိုသီချင်းနားထောင်ဖို့အတွက်အသုံးပြုချင်တယ်ဆိုရင်တော့ အသံကောင်းကောင်း ပေးစွမ်းနိုင်ပါတယ်။ အရည်အသွေးမြင့်အသံကိုလိုချင်တာလား။ ဒီနေ့ခေတ်မှာ မလိုတော့ပါဘူး အခြေခံလောက်ပဲလိုတာပါ။ ဒါလောက်နဲ့လည်း ကောင်းမွန်စွာခံစားနိုင်ပါပြီ။
ဟုတ်ပါတယ်။ ဖုန်းကို ပါးလွှာအောင်လုပ်ဆောင်ပေးထားပါတယ်။ ဘယ်သူကမှ ဖုန်းအထူကို မကြိုက်တော့ပါဘူး။ ဒါ့အပြင် ဘောင်နည်းတဲ့မျက်နှာပြင်ကလည်း ဖုန်းကို စွဲဆောင်မှုတစ်မျိုးပေးနိုင်ပါတယ်။ သူ့ကိုအားဖြည့်ပေးထားတာကတော့ Quad-Core Qualcomm Snapdragon chipset လေးပါပဲ။
ရိုးရှင်းတယ် ဒါပေမယ့် စွမ်းဆောင်ရည့်မြင့်တဲ့ဖုန်း
သူ့ကိုတော့ အားလုံးချုံ့ပြီးတော့ လုပ်ဆောင်ထားတယ်ဆိုပေမယ့်လည်း ခံစားမှုကတော့ တစ်ကိုယ်ရည်အတွက် အဆင်ပြေနိုင်ပါတယ်။ Duubee OS 1.0 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Duubee OS 1.0 က Android 7.1 Nougat ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကြိုက်နဲ့ကိုက်ညီမယ့် personalized settings တွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီတော့ မသုံးဖြစ်တဲ့အပိုတွေအတွက် ပိုက်ဆံကုန်ခံမှာလား။ လိုအပ်တာကိုပဲ သုံးမှာလား။

Leave a Reply