Essential ဖုန္းပုံစံ Notch အေသးေလးနဲ႔ Xiaomi Mi 9 ရဲ႕ Concept ဒီဇုိင္းထြက္လာ

0
1266

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Xiaomi အေနနဲ႔ ယခုႏွစ္အတြက္ Mi 8 စမတ္ဖုန္းကို အေကာင္းဆုံး မိတ္ဆက္ေပးႏိုင္ ခဲ့ပါၿပီ။ 2019 ခုႏွစ္မွာေတာ့ Mi 9 ဖုန္းကို ဆက္လက္ထုတ္လုပ္ လာႏုိင္ပါတယ္။ ဒီေန႔မွာေတာ့Xiaomi Mi 9 ရဲ႕ Concept ဒီဇုိင္း ဓာတ္ပုံထြက္ရွိလာပါတယ္။ ထြက္ရွိလာတဲ့ ဓာတ္ပုံမွာေတာ့ Mi 9 ရဲ႕ေရွ႕ဘက္ထိပ္နားမွာ Essential ဖုန္းပုံစံ Notch အေသးေလးကို တပ္ဆင္ေပးထားပါတယ္။ လက္ေဗြဖတ္စနစ္ကုိေတာ့ under screen ပုံစံသုံးထားပါတယ္။

ကင္မရာကိုလည္း Mi8 မွာတပ္ဆင္ထားသလို ေနာက္ေက်ာဘက္မွာ Dual တပ္ဆင္ထားပါတယ္။ တကယ္ဆိုရင္ Mi 9 ထြက္ဖုိ႔ဆိုတာ အမ်ားႀကီး လုိေသးတာေၾကာင့္ လက္ရွိထြက္လာတဲ့ Concept ဒီဇုိင္းကိုေတာ့ အတည္ယူလို႔မရေသးပါဘူး။  Xiaomi Mi 9 ရဲ႕ေစ်းႏႈန္းကေတာ့ ယြမ္ 4000 ဝန္းက်င္(ေဒၚလာ 585) ေလာက္ရွိႏိုင္မွာပါ။

Xiaomi အေနနဲ႔ယခုႏွစ္ပိုင္းအတြင္းမွာ Mi Mix 3 ဖုန္းကိုထုတ္လုပ္ေပးဖို႔ ရွိေနၿပီး သူ႕မွာေတာ့ Full View သုံးသြားမွာပါ။ လက္ရွိထြက္ေနတဲ့ သတင္းေတြအရ  Xiaomi ဟာ Mix 3 ဖုန္းမွာ 100 ရာခုိင္ႏႈန္းအျပည့္ Screen To Body Ratio သုံးလာေတာ့မယ္လို႔ ဆိုပါတယ္။ Xiaomi ဟာ Pop-up ကင္မရာဒီဇုိင္း မူပုိင္ခြင့္အတြက္ တင္ထားၿပီးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ 2019 မွာအသစ္ထြက္လာမယ့္ Mi9 မွာ ကင္မရာပိုင္း ေျပာင္းလဲမႈ မ်က္ႏွာျပင္ေျပာင္းလဲမႈေတြ ပါဝင္လာႏိုင္မွာကေတာ့ ေသခ်ာပါတယ္။

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့ ယခုနှစ်အတွက် Mi 8 စမတ်ဖုန်းကို အကောင်းဆုံး မိတ်ဆက်ပေးနိုင် ခဲ့ပါပြီ။ 2019 ခုနှစ်မှာတော့ Mi 9 ဖုန်းကို ဆက်လက်ထုတ်လုပ် လာနိုင်ပါတယ်။ ဒီနေ့မှာတော့Xiaomi Mi 9 ရဲ့ Concept ဒီဇိုင်း ဓာတ်ပုံထွက်ရှိလာပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်ပုံမှာတော့ Mi 9 ရဲ့ရှေ့ဘက်ထိပ်နားမှာ Essential ဖုန်းပုံစံ Notch အသေးလေးကို တပ်ဆင်ပေးထားပါတယ်။ လက်ဗွေဖတ်စနစ်ကိုတော့ under screen ပုံစံသုံးထားပါတယ်။

ကင်မရာကိုလည်း Mi8 မှာတပ်ဆင်ထားသလို နောက်ကျောဘက်မှာ Dual တပ်ဆင်ထားပါတယ်။ တကယ်ဆိုရင် Mi 9 ထွက်ဖို့ဆိုတာ အများကြီး လိုသေးတာကြောင့် လက်ရှိထွက်လာတဲ့ Concept ဒီဇိုင်းကိုတော့ အတည်ယူလို့မရသေးပါဘူး။  Xiaomi Mi 9 ရဲ့ဈေးနှုန်းကတော့ ယွမ် 4000 ဝန်းကျင်(ဒေါ်လာ 585) လောက်ရှိနိုင်မှာပါ။

Xiaomi အနေနဲ့ယခုနှစ်ပိုင်းအတွင်းမှာ Mi Mix 3 ဖုန်းကိုထုတ်လုပ်ပေးဖို့ ရှိနေပြီး သူ့မှာတော့ Full View သုံးသွားမှာပါ။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ  Xiaomi ဟာ Mix 3 ဖုန်းမှာ 100 ရာခိုင်နှုန်းအပြည့် Screen To Body Ratio သုံးလာတော့မယ်လို့ ဆိုပါတယ်။ Xiaomi ဟာ Pop-up ကင်မရာဒီဇိုင်း မူပိုင်ခွင့်အတွက် တင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် 2019 မှာအသစ်ထွက်လာမယ့် Mi9 မှာ ကင်မရာပိုင်း ပြောင်းလဲမှု မျက်နှာပြင်ပြောင်းလဲမှုတွေ ပါဝင်လာနိုင်မှာကတော့ သေချာပါတယ်။

Leave a Reply