HUAWEI MATE 20 LITE အခ်က္အလက္မ်ား TENAA မွာထြက္ရွိလာ

0
762

Huawei အေနနဲ႔ Mate 20 lineup ဖုန္းေတြကို မိတ္ဆက္ဖုိ႔ ျပဳလုပ္ေနပါၿပီ။ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူဟာ Mate 20 နဲ႔ Mate 20 pro ဖုန္းေတြအျပင္  LITE ဗားရွင္းဖုန္းကိုပါ မိတ္ဆက္သြားႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ 20 LITE  ရဲ႕အခ်က္အလက္ေတြ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။  Mate 20 Lite မွာေနာက္ဆုံးထြက္ Kirin 710 chipset ကိုသုံးလာမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ပိုင္းမွာေတာ့  6.3 လက္မနဲ႔ျဖစ္ၿပီး 2340 x 1080 pixels ေဖာ္ျပႏုိင္စြမ္း 19.5:9 အခ်ိဳးနဲ႔ ျဖစ္လာမွာပါ။

လက္ရွိထြက္ထားတဲ့ ပုံေတြအရေတာ့ သူ႕မွာ Notch မပါဝင္ပါဘူး။ OS ပိုင္းမွာေတာ့ Android Oreo 8.1 အေျချပဳ EMUI 8.2 ကိုတပါတည္း ထည့္သြင္းေပး လာမွာပါ။ RAM  6GB  နဲ႔အခ်က္အလက္သုိေလွာင္မႈ  64GB storage ျဖစ္မွာပါ။ ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ  20 MP PDAF + 2 MP depth sensor တပ္ဆင္ေပးလာမွာ ျဖစ္ၿပီး၊ အေရွ႕ဘက္မွာ 24 MP + 2 MP depth sensor သုံးလာဖို႔မ်ားပါတယ္။

ဘက္ထရီစြမ္းအားကေတာ့ 3,650 mAh သုံးလာမွာပါ။ အရြယ္အစားအေနနဲ႔ 158.3 x 75.3 x 7.6 mm ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 172 ဂရပ္ရွိမွာ ျဖစ္ပါတယ္။ အေရာင္အေနနဲ႔ေတာ့ Mate 10  သုံးထားတဲ့ Aurora Blue နဲ႔  P20 Lite မွာတုံးကသုံးတဲ့ Sakura Pink  တို႕ကို ထုတ္ေပးႏိုင္ပါတယ္။ စမတ္ဖုန္းသစ္မွာ လက္ရွိ Huawei ဖုန္းေတြမွာ ထည့္သြင္းေပးလ်က္ရွိတဲ့ GPU Turbo ပါေထာက္ပံ့လာမွာ ျဖစ္ပါတယ္။

unicode

Huawei အနေနဲ့ Mate 20 lineup ဖုန်းတွေကို မိတ်ဆက်ဖို့ ပြုလုပ်နေပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဟာ Mate 20 နဲ့ Mate 20 pro ဖုန်းတွေအပြင်  LITE ဗားရှင်းဖုန်းကိုပါ မိတ်ဆက်သွားနိုင်ပါတယ်။ ဒီနေ့မှာတော့ 20 LITE  ရဲ့အချက်အလက်တွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။  Mate 20 Lite မှာနောက်ဆုံးထွက် Kirin 710 chipset ကိုသုံးလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာတော့  6.3 လက်မနဲ့ဖြစ်ပြီး 2340 x 1080 pixels ဖော်ပြနိုင်စွမ်း 19.5:9 အချိုးနဲ့ ဖြစ်လာမှာပါ။

လက်ရှိထွက်ထားတဲ့ ပုံတွေအရတော့ သူ့မှာ Notch မပါဝင်ပါဘူး။ OS ပိုင်းမှာတော့ Android Oreo 8.1 အခြေပြု EMUI 8.2 ကိုတပါတည်း ထည့်သွင်းပေး လာမှာပါ။ RAM  6GB  နဲ့အချက်အလက်သိုလှောင်မှု  64GB storage ဖြစ်မှာပါ။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ  20 MP PDAF + 2 MP depth sensor တပ်ဆင်ပေးလာမှာ ဖြစ်ပြီး၊ အရှေ့ဘက်မှာ 24 MP + 2 MP depth sensor သုံးလာဖို့များပါတယ်။

ဘက်ထရီစွမ်းအားကတော့ 3,650 mAh သုံးလာမှာပါ။ အရွယ်အစားအနေနဲ့ 158.3 x 75.3 x 7.6 mm ဖြစ်ပြီး အလေးချိန်ကတော့ 172 ဂရပ်ရှိမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့တော့ Mate 10  သုံးထားတဲ့ Aurora Blue နဲ့  P20 Lite မှာတုံးကသုံးတဲ့ Sakura Pink  တို့ကို ထုတ်ပေးနိုင်ပါတယ်။ စမတ်ဖုန်းသစ်မှာ လက်ရှိ Huawei ဖုန်းတွေမှာ ထည့်သွင်းပေးလျက်ရှိတဲ့ GPU Turbo ပါထောက်ပံ့လာမှာ ဖြစ်ပါတယ်။

Leave a Reply