Huawei က Lily White Honor 10 GT ကို ေၾကညာ

0
1018

Huawei က ေမလမွာ Honor 10 ကို ေၾကညာခဲ့ပါတယ္။ ဇူလိုင္လမွာေတာ့ သူ႔ကို 8GB RAM ျဖင့္ အဆင့္ျမွင့္ထားတဲ့ Honor 10 GT ကို ေၾကညာခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက အျပာေရာင္ကိုသာ မိတ္ဆက္ခဲ့တာပါ။ အခုေတာ့ လီလီပန္း အျဖဴေရာင္ ေမာ္ဒယ္ကို ေရာင္းခ်ေပးလိုက္ပါတယ္။ အေရာင္သာ ကြဲျပားၿပီး Specs နဲ႔ ေစ်းႏႈန္းမ်ားက မူလေမာ္ဒယ္နဲ႔ တူပါတယ္။ လီလီ အျဖဴေရာင္ကို ယြမ္ ၃၂၉၉(၄၈၄ ေဒၚလာ) သတ္မွတ္ထားပါတယ္။

သူ႔မွာ ၅.၈၄ လက္မ 19:9 Screen ထည့္သြင္းထားၿပီး အရည္အေသြးမွာ 1080x2280p ျဖစ္ပါတယ္။ တစ္လက္မလွ်င္ Pixel သိပ္သည္းဆမွာ ၄၃၂ ပါ။ 16MP ကင္မရာ ၁လုံးနဲ႔ 24MP ကင္မရာ ၁လုံးတို႔ကို အေနာက္ဘက္မွာ အလ်ားလိုက္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 24MP Camera တစ္လံုး ထည့္သြင္းထားပါတယ္။ ကင္မရာမ်ားမွာ ဥာဏ္ရည္တု နည္းပညာပါၿပီး ဓါတ္ပံုမ်ားကို ပိုမို ေကာင္းမြန္ေအာင္ လုပ္ေပးႏုိင္ပါတယ္။

Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ microSD Card Slot ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ 8GB RAM ပါပါတယ္။ Android 8.1 Oreo အေျချပဳ EMUI 8.1 ပါလာပါတယ္။ Huawei ရဲ႕ ကိုယ္ပိုင္ Processor ျဖစ္တဲ့ Kirin 970 ကို ထည့္သြင္းေပးထားပါတယ္။ 4.5A Fast Charge နည္းပညာပါတဲ့ 3400mAh Battery ပါလာပါတယ္။ အျမန္အားသြင္း စနစ္ဟာ ၂၅မိနစ္အတြင္းမွာ ၅၀% ထိ အားသြင္းႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ Home Button မွာ လက္ေဗြရာ ကိရိယာကို ျမွပ္ႏွံထားၿပီး Face Unlock ကိုလည္း သံုးႏုိင္မွာပါ။

unicode

Huawei က Lily White Honor 10 GT ကို ကြေညာ

Huawei က မေလမှာ Honor 10 ကို ကြေညာခဲ့ပါတယ်။ ဇူလိုင်လမှာတော့ သူ့ကို 8GB RAM ဖြင့် အဆင့်မြှင့်ထားတဲ့ Honor 10 GT ကို ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အပြာရောင်ကိုသာ မိတ်ဆက်ခဲ့တာပါ။ အခုတော့ လီလီပန်း အဖြူရောင် မော်ဒယ်ကို ရောင်းချပေးလိုက်ပါတယ်။ အရောင်သာ ကွဲပြားပြီး Specs နဲ့ ဈေးနှုန်းများက မူလမော်ဒယ်နဲ့ တူပါတယ်။ လီလီ အဖြူရောင်ကို ယွမ် ၃၂၉၉(၄၈၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

သူ့မှာ ၅.၈၄ လက်မ 19:9 Screen ထည့်သွင်းထားပြီး အရည်အသွေးမှာ 1080x2280p ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၃၂ ပါ။ 16MP ကင်မရာ ၁လုံးနဲ့ 24MP ကင်မရာ ၁လုံးတို့ကို အနောက်ဘက်မှာ အလျားလိုက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 24MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တု နည်းပညာပါပြီး ဓါတ်ပုံများကို ပိုမို ကောင်းမွန်အောင် လုပ်ပေးနိုင်ပါတယ်။

Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ microSD Card Slot တော့ ပါဝင်မှာ မဟုတ်ပါဘူး။ 8GB RAM ပါပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.1 ပါလာပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ Kirin 970 ကို ထည့်သွင်းပေးထားပါတယ်။ 4.5A Fast Charge နည်းပညာပါတဲ့ 3400mAh Battery ပါလာပါတယ်။ အမြန်အားသွင်း စနစ်ဟာ ၂၅မိနစ်အတွင်းမှာ ၅၀% ထိ အားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Home Button မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားပြီး Face Unlock ကိုလည်း သုံးနိုင်မှာပါ။

Leave a Reply