Galaxy Note9 ရဲ႕ specs နဲ႔ လုပ္ေဆာင္ခ်က္မ်ား retail box နဲ႔အတူထြက္ရွိလာ

0
910

ကိုရီးယား စမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ ၾသဂုတ္လ ၉ရက္ေန႔ နယူးေယာက္မွာ ျပဳလုပ္မယ့္ Galaxy unpacked  2018 ပြဲမွာ Galaxy Note 9 ကိုမိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ မေန႔ကလည္း Note အသစ္နဲ႔ ပတ္သတ္တဲ့  intro video ေတြေပါက္ၾကားထြက္ ရွိလာပါေသးတယ္။ ဒီေန႔မွာေတာ့ ရုရွားေစ်းကြက္ကေန Note 9 ရဲ႕ တရားဝင္ retail box ဓာတ္ပုံထပ္မံ ထြက္ရွိလာပါတယ္။ အဲ့ဒီ ဓာတ္ပုံမွာ Note 9 နဲ႔ပတ္သတ္လို႔  အဓိက specs နဲ႔ feature မ်ားကို သိရွိလိုက္ပါတယ္။

ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္ပါတယ္။ အဓိကကင္မရာ 12MP မွာ အလင္း၀င္ေပါက္ f/1.5 ႏွင့္ f/2.4 ကုိ လိုအပ္သလုိ ေျပာင္းသံုးႏုိင္ပါမယ္။ Dual Pixel PDAF ပါ၀င္ပါတယ္။ ဒုတိယကင္မရာက 12MP f/2.4 ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 8MP ျဖစ္ၿပီး Autofocus ပါ၀င္ပါတယ္။ Galaxy Note 9 မွာ 960 fps ျဖင့္ အေႏွးဗီဒီယို႐ုိက္ကူးမႈကို 0.4 စကၠန္႔ျဖင့္ ျပဳလုပ္လာႏုိင္မယ္လုိ႔ သိရပါတယ္။ ဒါဟာ Galaxy S9 နဲ႔ S9+ တို႔ထက္ ၂ဆလုပ္ေဆာင္ႏိုင္စြမ္းပါ။  voice assistant နည္းပညာျဖစ္တဲ့ Bixby ဗားရွင္းသစ္ Bixby2.0 ကို Galaxy Note 9 မွာ စတင္မိတ္ဆက္သြား ႏုိင္ပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။ ေရစိုဒဏ္ခံႏိုင္စြမ္းနဲ႔အတူ biometric security ပိုင္းအတြက္  iris scanner နဲ႔ fingerprint reader တို႔ကို သုံးႏိုင္မွာပါ။  ေစ်းႏႈန္းေတြကေတာ့ 128GB ေမာ္ဒယ္ကို ယူရို 1050 (ေဒၚလာ 1230) နဲ႔ 512GB ကို  ယူရို 1250 (ေဒၚလာ1460) ျဖစ္လာမယ္လုိ႔ သိရပါတယ္။ Samsung အေနနဲ႔  Galaxy Note9 ဖုန္းကို အေရာင္ ၅မ်ိဳးနဲ႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး Galaxy Note9 ရဲ႕အေရာင္ေတြကေတာ့ Black, Silver, Lilac Purple, Brown နဲ႔ Coral Blue တုိ႔ပဲျဖစ္ပါတယ္။

unicode

ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked  2018 ပွဲမှာ Galaxy Note 9 ကိုမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ မနေ့ကလည်း Note အသစ်နဲ့ ပတ်သတ်တဲ့  intro video တွေပေါက်ကြားထွက် ရှိလာပါသေးတယ်။ ဒီနေ့မှာတော့ ရုရှားဈေးကွက်ကနေ Note 9 ရဲ့ တရားဝင် retail box ဓာတ်ပုံထပ်မံ ထွက်ရှိလာပါတယ်။ အဲ့ဒီ ဓာတ်ပုံမှာ Note 9 နဲ့ပတ်သတ်လို့  အဓိက specs နဲ့ feature များကို သိရှိလိုက်ပါတယ်။

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ အဓိကကင်မရာ 12MP မှာ အလင်းဝင်ပေါက် f/1.5 နှင့် f/2.4 ကို လိုအပ်သလို ပြောင်းသုံးနိုင်ပါမယ်။ Dual Pixel PDAF ပါဝင်ပါတယ်။ ဒုတိယကင်မရာက 12MP f/2.4 ဖြစ်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပြီး Autofocus ပါဝင်ပါတယ်။ Galaxy Note 9 မှာ 960 fps ဖြင့် အနှေးဗီဒီယိုရိုက်ကူးမှုကို 0.4 စက္ကန့်ဖြင့် ပြုလုပ်လာနိုင်မယ်လို့ သိရပါတယ်။ ဒါဟာ Galaxy S9 နဲ့ S9+ တို့ထက် ၂ဆလုပ်ဆောင်နိုင်စွမ်းပါ။  voice assistant နည်းပညာဖြစ်တဲ့ Bixby ဗားရှင်းသစ် Bixby2.0 ကို Galaxy Note 9 မှာ စတင်မိတ်ဆက်သွား နိုင်ပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။ ရေစိုဒဏ်ခံနိုင်စွမ်းနဲ့အတူ biometric security ပိုင်းအတွက်  iris scanner နဲ့ fingerprint reader တို့ကို သုံးနိုင်မှာပါ။  ဈေးနှုန်းတွေကတော့ 128GB မော်ဒယ်ကို ယူရို 1050 (ဒေါ်လာ 1230) နဲ့ 512GB ကို  ယူရို 1250 (ဒေါ်လာ1460) ဖြစ်လာမယ်လို့ သိရပါတယ်။ Samsung အနေနဲ့  Galaxy Note9 ဖုန်းကို အရောင် ၅မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Galaxy Note9 ရဲ့အရောင်တွေကတော့ Black, Silver, Lilac Purple, Brown နဲ့ Coral Blue တို့ပဲဖြစ်ပါတယ်။

Leave a Reply